Google က Play Store ကိုသိသိသာသာ Design အပြောင်းအလဲမလုပ်တာ တော်တော်ကြာနေပါပြီ။ Apple ကတော့ သူတို့ရဲ့ App Store ကို iOS 11 မှာစပြီး လုံးဝအသစ်နေနဲ့မိတ်ဆက်ခဲ့ပါတယ်။ Google Play Store ကတော့ အရင်အတိုင်းပဲ သိသာတဲ့ပြောင်းလဲမှုမျိုးတွေ မရှိခဲ့ပါဘူး။

Source : Google

Google Play Store 9.7 မှာတော့ အရင်ကနဲ့ ကွဲပြားတဲ့ UI အသစ်ကိုတွေ့ရမှာပါ။ ပိုပြီး Flat ဖြစ်လာတယ်လို့ခံစားရစေမယ့် အဖြူရောင်အသစ်ကိုသုံးလာတာ တွေ့ရပါတယ်။ အဖြူရောင်တစ်မျိုးတည်းကိုပဲ Background မှာရော App Header တွေမှာရော အတူတူသုံးထားပေးတာကြောင့် ပိုပြီးအမြင်ပိုင်းမှာရှင်းသွားပါတယ်။

Source : Google

အရင်ကတော့ Play Store မှာ အပေါ်က App Header ကြီးက အစိမ်းရောင်ကြီးကိုသုံးလာတာ ကြာနေပြီးဖြစ်တာကြောင့် အခုလိုလေး အဖြူရောင်ပြောင်းသုံးပေးလာတာ ပိုကောင်းပါတယ်။ Google အနေနဲ့တော့ Android P မှာမြင်သာတဲ့ UI အပြောင်းအလဲတွေကို ထည့်ပေးလာမယ်လို့သတင်ထွက်ထားတာကြောင့် Google Play Store အသစ်ကိုတော့ အခုထက်ပိုပြီး ပြောင်းလဲတဲ့ UI အသစ်နဲ့အတူတွေ့ရမလားဆိုတာကို မျှော်လင့်ရပါတယ်။

Google ရဲ့ Application Store ဖြစ်တဲ့ Google Play Store ကတော့ Update အသစ်တွေရရှိတော့မှာပါ။