[Zawgyi]





Ref: The Verge

[Unicode]

Googel ဟာAndroid အသုံးပြုသူတွေအတွက်Play Store App ကနေတစ်ဆင့်လှူဒါန်းမှုပြုလုပ်နိုင်တဲ့Feature တစ်ခုကိုထုတ်လွှတ်လိုက်တယ်လို့သိရပါတယ်။လှူဒါန်းလိုသူကလှူဒါန်းချင်တဲ့အဖွဲ့အစည်းကိုရွေးချယ်ပြီးတော့လှူနိုင်မှာဖြစ်သလိုအလှူငွေကလည်းတစ်ရာရာခိုင်နှုန်းလုံးရောက်ရှိသွားမှာဖြစ်တယ်လို့သိရပါတယ်။

Google ဟာပုံမှန်အားဖြင့်Apps နဲ့In-App Purchases တွေအတွက်၃၀ရာခိုင်နှုန်းကောက်ခံခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်ဒါပေမယ့်အကျိုးအမြတ်ရယူခြင်းမရှိတဲ့အဖွဲ့အစည်းတွေကိုလှုဒါန်းဖို့အတွက်တော့Google ကကြားထဲကနေအခကြေးငွေကိုလုံးဝရယူခြင်းပြုမှာမဟုတ်ပါဘူး။

ဒီအစီအစဉ်ကိုGiving Season on Play လို့အမည်ပေးထားပြီးAmerican Red Cross, Doctors Without Borders USA, Girls Who Code, နဲ့UNICEF တို့လိုအဖွဲ့အစည်းတွေအပြင်US ရဲ့အကျိုးအမြတ်မယူတဲ့အခြားအဖွဲ့အစည်းတွေကိုလှုဒါန်းနိုင်မှာဖြစ်ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့်Google ဟာသူတို့ရဲ့မူဝါဒကိုတဖြည်းဖြည်းချင်းပြောင်းလဲနေတယ်လို့ဆိုနိုင်ပါတယ်။

Google ကတော့သူတို့ရဲ့Feature နဲ့ပတ်သက်ပြီး“သင်ကြိုက်တဲ့အဖွဲ့အစည်းကိုရွေးချယ်ပြီးလွယ်ကူလျှင်မြန်စွာနဲ့၁၀၀ရာခိုင်နှုန်းအပြည့်တိုက်ရိုက်လှူဒါန်းနိုင်ပါတယ်” ရေးသားဖော်ပြခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ဒီအစီအစဉ်ဟာUS မှာပဲရရှိသေးတာဖြစ်ပေမယ့်မကြာခင်အချိန်အတွင်းCanada, Mexico, Germany, Great Britain, France, Spain, Italy, Taiwan, နဲ့Indonesia စတဲ့နိုင်ငံတွေဆီရောက်ရှိတော့မှာဖြစ်ကြောင်းလည်းသိရပါတယ်။

Ref: The Verge