Android တွေက iOS နဲ့ယှဉ်ရင် အမြဲယှဉ်ခံရတာက Software Update အပိုင်းပါ။ Google ရဲ့ဖုန်းတွေဖြစ်တဲ့ Pixel ဖုန်းတွေကလွဲရင် ကျန်တဲ့ဖုန်းတော်တော်များများ Update အသစ်ထွက်တိုင်း ရဖို့ခက်ခဲပါတယ်။ Update တွေရတယ်ဆိုရင်တောင် Google ထုတ်ပေးတဲ့အချိန်မှာ တစ်ချိန်တည်း Update လုပ်မပေးနိုင်ပါဘူး။

ဈေးကွက်ထဲမှာ ရောင်းအားကောင်း လူကြိုက်များတဲ့ Flagship ဖုန်းတော်တော်များများကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေရဲ့ဖုန်းတွေကို အမြဲလိုလို Update ရနိုင်အောင် Google က အစီအစဉ်တစ်ခုကိုစတင်နေပါပြီ။ အဲ့ဒီအစီအစဉ်ကတော့ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ သဘောတူညီမှုတစ်ခုကို လုပ်မှဖြစ်ပါတယ်။ အဲ့ဒီသဘောတူညီချက်ကြောင့် Android အတွက် Security Update တွေကို အမြဲလိုလို Update လုပ်ပေးရမှာဖြစ်ပါတယ်။

ဖုန်းကုမ္ပဏီတော်တော်များများက ဖုန်းအသုံးပြုသူတွေရဲ့ ဖုန်းတွေကို Latest Software Version ဆိုတာပဲပြပြီး တစ်ကယ် Update မဖြစ်ပဲရှိနေတာကို Google ကသိတဲ့အတွက် အခုလို သဘောတူညီချက်တစ်ခုလုပ်လိုက်တာပါ။ Security Update တွေထွက်တိုင်း Update လုပ်ပေးရမလားဆိုတာမျိုးတွေကိုတော့ အသေးစိတ်မသိရသေးပါဘူး။

Google အနေနဲ့တော့ လိုအပ်ရင်လိုအပ်သလို လတိုင်းနီးပါး Securtiy Update တွေကိုထုတ်ပေးလေ့ရှိပါတယ်။ အခြား Android ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သူတို့ဖုန်းတွေအတွက် အချိန်မှီ Upadate မပေးနိုင်တာက များပါတယ်။ အဲ့ဒီလို အဆင်မပြေမှုတွေ၊ နောက်ကျမှုတွေကြောင့်လည်း Android ကို iOS လောက်လူတော်တော်များများ ယုံကြည်မှုမရှိကြတာပါ။ Google အနေနဲ့တော့ Android သုံးသူတိုင်းအတွက် Pixel ဖုန်းတွေနဲ့တန်းတူ လုံခြုံစေချင်တာသိသာပါတယ်။ နောက်ပိုင်းမှာတော့ ဖုန်းတော်တော်များများမှာ Update တွေ အခုထက် ပိုပြီး မြန်မြန်ဆန်ဆန်လုပ်လို့ရလာတော့မယ်လို့ ခန့်မှန်းရပါတယ်။