ေအာက္တုိဘာလမွာ မိတ္ဆက္လာမယ့္ Google ရဲ႕ Pixel 3 နဲ႔ 3XL ဖုန္းအသစ္ေတြနဲ႔ ပတ္သက္ျပီး အခ်က္အလက္ေတြ အမ်ားၾကီးထြက္ခဲ့ျပီးတာ စုံသေလာက္ရွိေနပါျပီ။ အခုအခါမွာေတာ့ Pixel 3 အတြက္ Promo ဝက္ဆုိက္ကေန ရရွိႏုိင္မယ့္ အေရာင္ေတြလို႔ ယူဆရတာကိုပါ ျပသခဲ့တာ ျဖစ္ပါတယ္။

Google ဟာ Pixel 3 ဆုိတဲ့ အမည္နဲ႔လုိက္ေအာင္ အေရာင္သုံးမ်ဳိးနဲ႔ ထြက္လာဖို႔ ရွိျပီး အနက္ေရာင္၊ အျဖဴေရာင္နဲ႔ Mint သို႔မဟုတ္ Turquoise လို႔ ယူဆရတဲ့ အေရာင္တစ္မ်ဳိးတုိ႔ပါ။ Google ရဲ႕ ထုတ္ကုန္ Promo ဝက္ဆုိက္မွာ တင္ထားတာျဖစ္ပါတယ္။ ဒီပုံေတြမွာ ဖုန္းေတြရဲ႕ အၾကမ္းဖ်င္းပုံစံကို မတူညီတဲ့ ေနာက္ခံအေရာင္သုံးခုနဲ႔ ျပသထားျပီး အေရာင္ ႏွစ္ေရာင္စီနဲ႔ ေပၚလြင္ေအာင္ ျပထားတာပါ။ Pixel ဖုန္းေတြရဲ႕ ေနာက္ေက်ာဟာ ဒီပုံေတြအတုိင္း ထြက္လာမယ္လို႔ ယူဆရျပီး Glass အျပည့္ ေနာက္ေက်ာကုိယ္ထည္ေတြ ျဖစ္လာႏုိင္ပါတယ္။

Google Pixel 3 ဟာ 5.4” လက္မအရြယ္ Display ပါဝင္လာမွာျဖစ္ျပီး 3XL မွာေတာ့ 6.71” အရြယ္အစား ျဖစ္မွာပါ။ ႏွစ္ခုလုံးမွာ ေနာက္ဆုံးေပၚ Android 9.0 Pie ကုိ အသုံးျပဳလာမွာျဖစ္ျပီး Storage က 64GB / 128GB ႏွစ္မ်ဳိး ေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။ Snapdragon 845 Chipset ကုိပဲ ႏွစ္ခုလုံးမွာ သုံးစြဲထားျပီး RAM ကလည္း 6GB ပါပဲ။ ေလာေလာဆယ္ ဘတၳရီကို ဖယ္ရွားလို႔မရတဲ့ Non-removable အေသထည့္သြင္းလာမယ္ ဆုိတာ သိရေပမယ့္ 3XL မွာ 3430 mAh ဆုိတာပဲ သိရပါေသးတယ္။

Ref – https://www.gsmarena.com/google_possibly_reveals_pixel_3_color_versions-news-33272.php

Unicode

အောက်တိုဘာလမှာ မိတ်ဆက်လာမယ့် Google ရဲ့ Pixel 3 နဲ့ 3XL ဖုန်းအသစ်တွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ အများကြီးထွက်ခဲ့ပြီးတာ စုံသလောက်ရှိနေပါပြီ။ အခုအခါမှာတော့ Pixel 3 အတွက် Promo ဝက်ဆိုက်ကနေ ရရှိနိုင်မယ့် အရောင်တွေလို့ ယူဆရတာကိုပါ ပြသခဲ့တာ ဖြစ်ပါတယ်။

Google ဟာ Pixel 3 ဆိုတဲ့ အမည်နဲ့လိုက်အောင် အရောင်သုံးမျိုးနဲ့ ထွက်လာဖို့ ရှိပြီး အနက်ရောင်၊ အဖြူရောင်နဲ့ Mint သို့မဟုတ် Turquoise လို့ ယူဆရတဲ့ အရောင်တစ်မျိုးတို့ပါ။ Google ရဲ့ ထုတ်ကုန် Promo ဝက်ဆိုက်မှာ တင်ထားတာဖြစ်ပါတယ်။ ဒီပုံတွေမှာ ဖုန်းတွေရဲ့ အကြမ်းဖျင်းပုံစံကို မတူညီတဲ့ နောက်ခံအရောင်သုံးခုနဲ့ ပြသထားပြီး အရောင် နှစ်ရောင်စီနဲ့ ပေါ်လွင်အောင် ပြထားတာပါ။ Pixel ဖုန်းတွေရဲ့ နောက်ကျောဟာ ဒီပုံတွေအတိုင်း ထွက်လာမယ်လို့ ယူဆရပြီး Glass အပြည့် နောက်ကျောကိုယ်ထည်တွေ ဖြစ်လာနိုင်ပါတယ်။

Google Pixel 3 ဟာ 5.4” လက်မအရွယ် Display ပါဝင်လာမှာဖြစ်ပြီး 3XL မှာတော့ 6.71” အရွယ်အစား ဖြစ်မှာပါ။ နှစ်ခုလုံးမှာ နောက်ဆုံးပေါ် Android 9.0 Pie ကို အသုံးပြုလာမှာဖြစ်ပြီး Storage က 64GB / 128GB နှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Snapdragon 845 Chipset ကိုပဲ နှစ်ခုလုံးမှာ သုံးစွဲထားပြီး RAM ကလည်း 6GB ပါပဲ။ လောလောဆယ် ဘတ္ထရီကို ဖယ်ရှားလို့မရတဲ့ Non-removable အသေထည့်သွင်းလာမယ် ဆိုတာ သိရပေမယ့် 3XL မှာ 3430 mAh ဆိုတာပဲ သိရပါသေးတယ်။

Ref – https://www.gsmarena.com/google_possibly_reveals_pixel_3_color_versions-news-33272.php