Google ရဲ႕ မ်ဳိးဆက္သစ္ စမတ္ဖုန္းေတြျဖစ္တဲ့ Pixel 3 နဲ႔ Pixel 3 XL တုိ႔နဲ႔အတူ စမတ္လက္ပတ္နာရီ မ်ဳိးဆက္သစ္ တစ္ခုပါ ထြက္လာဖို႔ သတင္းေတြ ထြက္ထားခဲ့ေပမယ့္လည္း ၂၀၁၈ ခုႏွစ္မွာေတာ့ Pixel Watch အသစ္ထုတ္ေတာ့မွာ မဟုတ္ေၾကာင္း Google မွ Wear OS အင္ဂ်င္နီယာအဖြဲ႕ ဒါရုိက္တာ Miles Barr ကေန အင္တာဗ်ဴးတစ္ခုမွ ေျဖၾကားခဲ့ပါတယ္။

Pixel Watch ဟာ ေအာက္တုိဘာလ အေစာပိုင္းမွာ က်င္းပမယ့္ Google ရဲ႕မိတ္ဆက္ပြဲအသစ္မွာ Pixel 3 နဲ႔ 3 XL စမတ္ဖုန္းအသစ္ေတြနဲ႔အတူ ေရာက္ရွိလာမယ္လို႔ သတင္းေတြ ထြက္ထားခဲ့တာပါ။ ဒါေပမယ့္လည္း Google က ေနာက္ထပ္ Wearable ထုတ္ကုန္အတြက္ Wear OS နဲ႔ ပါတနာေတြကို တုိးျမွင့္ဖို႔ အာရုံစုိက္ခ်င္ပုံ ရပါတယ္။

ကုမၸဏီဟာ Wear OS ကုိ အျခားစမတ္နာရီ ထုတ္လုပ္လိုသူေတြအတြက္ ပံ့ပိုးေပးဖို႔ အာရုံစုိက္ေနျပီး တကယ္လို႔ သူတုိ႔ကိုယ္တုိင္ ထုတ္လုပ္လာမယ္ဆုိရင္လည္း လူတုိင္းအတြက္ သုံးစြဲဖို႔ သင့္ေတာ္တဲ့ စံႏႈန္းမ်ဳိးနဲ႔မွ ထုတ္လုပ္ဖို႔ စိတ္ဝင္စားမယ့္ ပုံပါပဲ။

၂၀၁၉ ခုႏွစ္မွာ ထြက္ရွိလာမယ့္ Wear OS အသစ္ကိုလည္း Wear OS 3.0 လုိ႔ေခၚမွာ မဟုတ္ဘူးလုိ႔ ဆုိခဲ့ျပီး သူတုိ႔ဟာ OS ဗားရွင္းေတြရဲ႕ နံပါတ္စဥ္ေတြကေန ေရွာင္ဖယ္ခ်င္ေနတယ္။ Barr ကေတာ့ ဒီလို ဗားရွင္းနံပါတ္စဥ္ေတြဟာ ကုမၸဏီက တစ္ႏွစ္ကို တစ္ခါပဲ Update အၾကီးထြက္တယ္လို႔ လူေတြကို ယူဆေစတယ္ လို႔ဆုိတယ္။ Wear OS ရဲ႕ သုံးစြဲမႈအေတြ႕အၾကဳံဟာ ဆင့္ကဲတုိးတက္ေနျပီး အခုမွ အစပဲ ရွိေသးတာေၾကာင့္ Update ေတြကို ပုံမွန္ထုတ္လုပ္ေနမွာ ျဖစ္တဲ့အတြက္ သုံးစြဲသူေတြ စိတ္ပင္ပန္းစြာ ေစာင့္ေမွ်ာ္ေနရမွာ မဟုတ္ဘူးလို႔ သူက ဆုိပါတယ္။

Ref – GSM Arena, Digital Trends

Unicode

Google ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ Pixel 3 နဲ့ Pixel 3 XL တို့နဲ့အတူ စမတ်လက်ပတ်နာရီ မျိုးဆက်သစ် တစ်ခုပါ ထွက်လာဖို့ သတင်းတွေ ထွက်ထားခဲ့ပေမယ့်လည်း ၂၀၁၈ ခုနှစ်မှာတော့ Pixel Watch အသစ်ထုတ်တော့မှာ မဟုတ်ကြောင်း Google မှ Wear OS အင်ဂျင်နီယာအဖွဲ့ ဒါရိုက်တာ Miles Barr ကနေ အင်တာဗျူးတစ်ခုမှ ဖြေကြားခဲ့ပါတယ်။

Pixel Watch ဟာ အောက်တိုဘာလ အစောပိုင်းမှာ ကျင်းပမယ့် Google ရဲ့မိတ်ဆက်ပွဲအသစ်မှာ Pixel 3 နဲ့ 3 XL စမတ်ဖုန်းအသစ်တွေနဲ့အတူ ရောက်ရှိလာမယ်လို့ သတင်းတွေ ထွက်ထားခဲ့တာပါ။ ဒါပေမယ့်လည်း Google က နောက်ထပ် Wearable ထုတ်ကုန်အတွက် Wear OS နဲ့ ပါတနာတွေကို တိုးမြှင့်ဖို့ အာရုံစိုက်ချင်ပုံ ရပါတယ်။

ကုမ္ပဏီဟာ Wear OS ကို အခြားစမတ်နာရီ ထုတ်လုပ်လိုသူတွေအတွက် ပံ့ပိုးပေးဖို့ အာရုံစိုက်နေပြီး တကယ်လို့ သူတို့ကိုယ်တိုင် ထုတ်လုပ်လာမယ်ဆိုရင်လည်း လူတိုင်းအတွက် သုံးစွဲဖို့ သင့်တော်တဲ့ စံနှုန်းမျိုးနဲ့မှ ထုတ်လုပ်ဖို့ စိတ်ဝင်စားမယ့် ပုံပါပဲ။

၂၀၁၉ ခုနှစ်မှာ ထွက်ရှိလာမယ့် Wear OS အသစ်ကိုလည်း Wear OS 3.0 လို့ခေါ်မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပြီး သူတို့ဟာ OS ဗားရှင်းတွေရဲ့ နံပါတ်စဉ်တွေကနေ ရှောင်ဖယ်ချင်နေတယ်။ Barr ကတော့ ဒီလို ဗားရှင်းနံပါတ်စဉ်တွေဟာ ကုမ္ပဏီက တစ်နှစ်ကို တစ်ခါပဲ Update အကြီးထွက်တယ်လို့ လူတွေကို ယူဆစေတယ် လို့ဆိုတယ်။ Wear OS ရဲ့ သုံးစွဲမှုအတွေ့အကြုံဟာ ဆင့်ကဲတိုးတက်နေပြီး အခုမှ အစပဲ ရှိသေးတာကြောင့် Update တွေကို ပုံမှန်ထုတ်လုပ်နေမှာ ဖြစ်တဲ့အတွက် သုံးစွဲသူတွေ စိတ်ပင်ပန်းစွာ စောင့်မျှော်နေရမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။