[Zawgyi]

Google ဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္အေတာ္ၾကာက Mac နဲ႔ Windows  ေတြအတြက္ Chrome Dark Mode ကို စမ္းသပ္ခဲ့ပါတယ္။ ဒီရက္ပိုင္းမွာေတာ့ Android အတြက္ စမ္းသပ္ေနတယ္လို႔သိရပါတယ္။ ေနာက္ဆုံးထြက္ Chrome 73 beta မွာ Android အတြက္ Night theme ပါဝင္တယ္လို႔ ဆိုပါတယ္။

Chrome 73 ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြကတည္းက ႏိုင္ငံအခ်ိဳ႕မွာ ရရွိေနၿပီျဖစ္ပါတယ္။ Desktop ေတြအတြက္ Chrome 73 beta မွာ Chrome Sync features, Support for Auto PiP စတာေတြ ပါဝင္မယ္လို႔ သိရပါတယ္။ Android ရဲ႕ Chrome 73 beta မွာေတာ့ Dark mode ရဲ႕ အေစာပိုင္းအဆင့္ေတြကို ထည့္သြင္းထားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Andorid 9 Pie ေတြမွာေတာ့ Night mode ေတြက အလိုအေလ်ာက္ ပါဝင္လာၿပီး ျဖစ္ပါတယ္။ လက္ရွိ Chrome 73 beta မွာေတာ့ အသုံးျပဳသူက Web links ဒါမွမဟုတ္ Images ေတြကို ခပ္ၾကာၾကာဖိထားခ်ိန္မွာ Pop-up menus အေနနဲ႔ ေပၚလာမွာ ျဖစ္ပါတယ္။ ထြက္လာတဲ့ အကန႔္ဟာ ခဲေရာင္ခပ္ရင့္ရင့္ ျဖစ္ၿပီး စာသားေတြကေတာ့ အျဖဴနဲ႔ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလဆန္းမွာ က်င္းပျပဳလုပ္သြားတဲ့ Android Developer Summit မွာကတည္းက Google ဟာ Dark Mode သုံးျခင္းေၾကာင့္ ဘက္ထရီသက္တမ္းအေပၚ သက္ေရာက္မႈ ရွိေၾကာင္းကို ေဆြးေႏြးသြားခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ Google က သူ႔ရဲ႕ဒီဇိုင္းေတြမွာ အျဖဴေနာက္ခံေတြကို Default အျဖစ္ ထားရွိျခင္းကေန ေရွာင္လႊဲဖို႔ စတင္လာခဲ့တာပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Chrome အတွက် Android Dark Mode ကို စမ်းသပ်နေတဲ့ Google

Google ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတော်ကြာက Mac နဲ့ Windows  တွေအတွက် Chrome Dark Mode ကို စမ်းသပ်ခဲ့ပါတယ်။ ဒီရက်ပိုင်းမှာတော့ Android အတွက် စမ်းသပ်နေတယ်လို့သိရပါတယ်။ နောက်ဆုံးထွက် Chrome 73 beta မှာ Android အတွက် Night theme ပါဝင်တယ်လို့ ဆိုပါတယ်။

Chrome 73 ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက နိုင်ငံအချို့မှာ ရရှိနေပြီဖြစ်ပါတယ်။ Desktop တွေအတွက် Chrome 73 beta မှာ Chrome Sync features, Support for Auto PiP စတာတွေ ပါဝင်မယ်လို့ သိရပါတယ်။ Android ရဲ့ Chrome 73 beta မှာတော့ Dark mode ရဲ့ အစောပိုင်းအဆင့်တွေကို ထည့်သွင်းထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Andorid 9 Pie တွေမှာတော့ Night mode တွေက အလိုအလျောက် ပါဝင်လာပြီး ဖြစ်ပါတယ်။ လက်ရှိ Chrome 73 beta မှာတော့ အသုံးပြုသူက Web links ဒါမှမဟုတ် Images တွေကို ခပ်ကြာကြာဖိထားချိန်မှာ Pop-up menus အနေနဲ့ ပေါ်လာမှာ ဖြစ်ပါတယ်။ ထွက်လာတဲ့ အကန့်ဟာ ခဲရောင်ခပ်ရင့်ရင့် ဖြစ်ပြီး စာသားတွေကတော့ အဖြူနဲ့ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလဆန်းမှာ ကျင်းပပြုလုပ်သွားတဲ့ Android Developer Summit မှာကတည်းက Google ဟာ Dark Mode သုံးခြင်းကြောင့် ဘက်ထရီသက်တမ်းအပေါ် သက်ရောက်မှု ရှိကြောင်းကို ဆွေးနွေးသွားခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ Google က သူ့ရဲ့ဒီဇိုင်းတွေမှာ အဖြူနောက်ခံတွေကို Default အဖြစ် ထားရှိခြင်းကနေ ရှောင်လွှဲဖို့ စတင်လာခဲ့တာပဲ ဖြစ်ပါတယ်။

Ref: GSMArena