[Zawgyi]

Google ဟာ သူတို႔ရဲ႕ Wear OS အတြက္ ေနာက္ထပ္ Update သစ္တစ္ခုကို ေၾကညာခဲ့ပါတယ္။ Android Wear လို႔ လူသိမ်ားတဲ့ Ware OS အတြက္ Update သစ္ကိုေတာ့ “H Update” လို႔ အမည္ေပးထားပါတယ္။ အကယ္၍ နာရီကို မသုံးဘဲပစ္ထားခ်ိန္မွာ Display မျပဘူးဆိုရင္ေတာ့ Wear OS 2.2 ျဖစ္ေနတယ္လို႔ ေျပာႏိုင္ပါတယ္။

Google အေနနဲ႔ ဒီ Update သစ္ကို ဘာျဖစ္လို႔ အမည္သတ္မွတ္ေပးရသလဲဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ နာမည္ေတာ့ ရွိေနပါၿပီ။ Software park အသစ္ရဲ႕ Battery saver mode က အလိုအေလ်ာက္ အသက္ဝင္ေနမွာျဖစ္ၿပီး ဘက္ထရီပါဝါ ၁၀% ေအာက္ ေရာက္သြားၿပီဆိုရင္ေတာ့ အခ်ိန္တစ္ခုတည္းကိုပဲ ျပသေတာ့မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဘက္ထရီအသုံးျပဳမႈအခ်ိန္ကို ပိုရမွာျဖစ္ပါတယ္။

အကယ္၍ နာရီကို မပတ္ဘူးဆိုရင္ေတာ့ အသုံးမျပဳေတာ့တဲ့ေနာက္ မိနစ္ ၃၀ ေက်ာ္တာနဲ႔ Deep sleep mode ေျပာင္းသြားမွာ ျဖစ္ပါတယ္။ မသုံးေသးတဲ့အတြက္ မလိုအပ္ဘဲ ဘက္ထရီအားကုန္ခမ္းမႈမျဖစ္ေအာင္ ထိန္းသိမ္းထားတာပါ။ ဒါေပမယ့္ အသုံးျပဳဖို႔ ေကာက္ကိုင္လိုက္တာနဲ႔ ျပန္ၿပီးအသက္ဝင္လာေအာင္လည္း လုပ္ထားပါတယ္။

Smart App က Deep sleep mode ကေန App ေတြအားလုံး ျပန္ၿပီး အသက္ဝင္ေအာင္ ျပဳလုပ္ေပးပါတယ္။ ေနာက္ထပ္ အသစ္ထည့္ေပးထားတာက ပါဝါခလုတ္ကို ခပ္ၾကာၾကာဖိႏွိပ္ထားတဲ့အခါ Power off screen ေပၚလာၿပီး Power off ဒါမွမဟုတ္ Restart ေ႐ြးခ်ယ္ႏိုင္တဲ့ စနစ္ပါ။ ဒီ Update က လာမယ့္လေတြမွ ထုတ္လႊတ္ေပးမွာလို႔ သိရပါတယ္။ အေသးစိတ္အခ်က္အလက္ကိုေတာ့ Google က ေၾကညာခဲ့ျခင္းမရွိတာေၾကာင့္ ေစာင့္ဆိုင္းရဦးမွာပဲ ျဖစ္ပါတယ္။

Ref: GSMarena

 

[Unicode]

Google ဟာ သူတို့ရဲ့ Wear OS အတွက် နောက်ထပ် Update သစ်တစ်ခုကို ကြေညာခဲ့ပါတယ်။ Android Wear လို့ လူသိများတဲ့ Ware OS အတွက် Update သစ်ကိုတော့ “H Update” လို့ အမည်ပေးထားပါတယ်။ အကယ်၍ နာရီကို မသုံးဘဲပစ်ထားချိန်မှာ Display မပြဘူးဆိုရင်တော့ Wear OS 2.2 ဖြစ်နေတယ်လို့ ပြောနိုင်ပါတယ်။

Google အနေနဲ့ ဒီ Update သစ်ကို ဘာဖြစ်လို့ အမည်သတ်မှတ်ပေးရသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နာမည်တော့ ရှိနေပါပြီ။ Software park အသစ်ရဲ့ Battery saver mode က အလိုအလျောက် အသက်ဝင်နေမှာဖြစ်ပြီး ဘက်ထရီပါဝါ ၁၀% အောက် ရောက်သွားပြီဆိုရင်တော့ အချိန်တစ်ခုတည်းကိုပဲ ပြသတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘက်ထရီအသုံးပြုမှုအချိန်ကို ပိုရမှာဖြစ်ပါတယ်။

အကယ်၍ နာရီကို မပတ်ဘူးဆိုရင်တော့ အသုံးမပြုတော့တဲ့နောက် မိနစ် ၃၀ ကျော်တာနဲ့ Deep sleep mode ပြောင်းသွားမှာ ဖြစ်ပါတယ်။ မသုံးသေးတဲ့အတွက် မလိုအပ်ဘဲ ဘက်ထရီအားကုန်ခမ်းမှုမဖြစ်အောင် ထိန်းသိမ်းထားတာပါ။ ဒါပေမယ့် အသုံးပြုဖို့ ကောက်ကိုင်လိုက်တာနဲ့ ပြန်ပြီးအသက်ဝင်လာအောင်လည်း လုပ်ထားပါတယ်။

Smart App က Deep sleep mode ကနေ App တွေအားလုံး ပြန်ပြီး အသက်ဝင်အောင် ပြုလုပ်ပေးပါတယ်။ နောက်ထပ် အသစ်ထည့်ပေးထားတာက ပါဝါခလုတ်ကို ခပ်ကြာကြာဖိနှိပ်ထားတဲ့အခါ Power off screen ပေါ်လာပြီး Power off ဒါမှမဟုတ် Restart ရွေးချယ်နိုင်တဲ့ စနစ်ပါ။ ဒီ Update က လာမယ့်လတွေမှ ထုတ်လွှတ်ပေးမှာလို့ သိရပါတယ်။ အသေးစိတ်အချက်အလက်ကိုတော့ Google က ကြေညာခဲ့ခြင်းမရှိတာကြောင့် စောင့်ဆိုင်းရဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSMarena