အင္တာနက္ကုမၸဏီၾကီး Google ဟာသူတုိ႔ရဲ႕ Search Engine မွေဖာ္ျပေပးတဲ့ Result ေတြကို Public Comment ေပးႏုိင္ခြင့္ျပဳသြားဖို႔ ရွိေၾကာင္း သတင္းထြက္လာခဲ့ပါတယ္။ ဒီ Feature ကိုေတာ့ 9to5Google မွ ေနာက္ဆုံးေပၚ Google App Update ကို ခြဲျခမ္းစိတ္ျဖာၾကည့္ရာကေန ထြက္လာခဲ့တာ ျဖစ္ျပီး မၾကာခင္ အမ်ားသုံးႏုိင္ဖို႔ ထြက္လာဖို႔ ရွိပါတယ္။ ပထမဆုံး အသုံးျပဳႏုိင္မယ့္ က႑ကေတာ့ အားကစားပြဲ Live ေတြမွာ ျဖစ္ဖို႔ မ်ားတယ္လို႔ သိရပါတယ္။

9to5Google ဟာ App ရဲ႕အပုိင္းေတြထဲမွာ “Your Contributions” ဆုိျပီး အသစ္ပါလာတဲ့ Section ကုိ ရွာေတြ႕ခဲ့တယ္။ အဲဒါကိုႏွိပ္လိုက္ရင္ Panel ႏွစ္ခုထြက္လာမွာျဖစ္ျပီး တစ္ခုက Review ေတြအတြက္နဲ႔ ေနာက္တစ္ခုက Comment ေတြအတြက္ ျဖစ္ပါတယ္။ ထိုေနရာမွာပဲ App ဗားရွင္းအသစ္က သုံးစြဲသူေတြကို အားကစားပြဲေတြ Live လႊင့္ေနခ်ိန္မွာ Comment ေတြ ေရးသားဖို႔ ရွင္းျပတုိက္တြန္းထားပါတယ္။

Google Search ရဲ႕ Help စာမ်က္ႏွာမွာေတာ့ ဒီ Feature အျပည့္အဝထြက္လာခ်ိန္မွာ ကိုယ္ရွာတဲ့ Result ေတြမွာ Comment ေရးႏုိင္သလိုပဲ တျခားလူေတြ ခ်န္ခဲ့တဲ့ Comment ေတြကိုလည္း ဖတ္ႏုိင္မယ္လို႔ ေရးထားပါတယ္။ ဒီလိုေရးလိုက္တဲ့ Comment ေတြဟာ Public ျဖစ္သြားျပီး ကိုယ့္ရဲ႕ About Me စာမ်က္ႏွာမွာ သြားခ်ိတ္ဆက္ေနလိမ့္မယ္လို႔ Google ကဆုိပါတယ္။ Google ဟာ သုံးစြဲသူေတြရဲ႕ “About Me” Page ကို ၂၀၁၅ မွာ စတင္မိတ္ဆက္ခဲ့ျပီး သူ႕ရဲ႕ဝန္ေဆာင္မႈေတြကို အသုံးျပဳေနတဲ့ သုံးစြဲသူေတြဟာ ဘယ္အေၾကာင္းအရာ ကိုေဖာ္ျပမလဲ ဆုိတာ ေရြးခ်ယ္လို႔ရတယ္။

Feature အသစ္ဟာ Google က သူ႕ရဲ႕ ဆုိရွယ္နက္ဝပ္ Google Plus အား ေအာက္တုိဘာလမွာ ရပ္တန္႔ျပီးေနာက္ သိပ္မၾကာခင္ ထြက္လာတာျဖစ္လို႔ Google Plus အစားထိုး Feature တစ္ခုအျဖစ္ မိတ္ဆက္လာမွာ ျဖစ္ႏုိင္ပါတယ္။ Google ရဲ႕ ေမးလ္အပါအဝင္ ဝန္ေဆာင္မႈေတြကို လူအမ်ား ႏွစ္ျခဳိက္သုံးစြဲၾကေပမယ့္ ဆုိရွယ္နက္ဝပ္အျဖစ္ မိတ္ဆက္လာတဲ့ Google Plus ကေတာ့ ေအာင္ျမင္မႈ မရခဲ့ဘဲ သုံးစြဲသူေတြရဲ႕ ေမွ်ာ္မွန္းခ်က္ကို မျဖည့္ဆည္းေပးႏုိင္လို႔ ရပ္တန္႔လိုက္တာ ျဖစ္ပါတယ္။

Ref – Android Authority

Unicode

အင်တာနက်ကုမ္ပဏီကြီး Google ဟာသူတို့ရဲ့ Search Engine မှဖော်ပြပေးတဲ့ Result တွေကို Public Comment ပေးနိုင်ခွင့်ပြုသွားဖို့ ရှိကြောင်း သတင်းထွက်လာခဲ့ပါတယ်။ ဒီ Feature ကိုတော့ 9to5Google မှ နောက်ဆုံးပေါ် Google App Update ကို ခွဲခြမ်းစိတ်ဖြာကြည့်ရာကနေ ထွက်လာခဲ့တာ ဖြစ်ပြီး မကြာခင် အများသုံးနိုင်ဖို့ ထွက်လာဖို့ ရှိပါတယ်။ ပထမဆုံး အသုံးပြုနိုင်မယ့် ကဏ္ဍကတော့ အားကစားပွဲ Live တွေမှာ ဖြစ်ဖို့ များတယ်လို့ သိရပါတယ်။

9to5Google ဟာ App ရဲ့အပိုင်းတွေထဲမှာ “Your Contributions” ဆိုပြီး အသစ်ပါလာတဲ့ Section ကို ရှာတွေ့ခဲ့တယ်။ အဲဒါကိုနှိပ်လိုက်ရင် Panel နှစ်ခုထွက်လာမှာဖြစ်ပြီး တစ်ခုက Review တွေအတွက်နဲ့ နောက်တစ်ခုက Comment တွေအတွက် ဖြစ်ပါတယ်။ ထိုနေရာမှာပဲ App ဗားရှင်းအသစ်က သုံးစွဲသူတွေကို အားကစားပွဲတွေ Live လွှင့်နေချိန်မှာ Comment တွေ ရေးသားဖို့ ရှင်းပြတိုက်တွန်းထားပါတယ်။

Google Search ရဲ့ Help စာမျက်နှာမှာတော့ ဒီ Feature အပြည့်အဝထွက်လာချိန်မှာ ကိုယ်ရှာတဲ့ Result တွေမှာ Comment ရေးနိုင်သလိုပဲ တခြားလူတွေ ချန်ခဲ့တဲ့ Comment တွေကိုလည်း ဖတ်နိုင်မယ်လို့ ရေးထားပါတယ်။ ဒီလိုရေးလိုက်တဲ့ Comment တွေဟာ Public ဖြစ်သွားပြီး ကိုယ့်ရဲ့ About Me စာမျက်နှာမှာ သွားချိတ်ဆက်နေလိမ့်မယ်လို့ Google ကဆိုပါတယ်။ Google ဟာ သုံးစွဲသူတွေရဲ့ “About Me” Page ကို ၂၀၁၅ မှာ စတင်မိတ်ဆက်ခဲ့ပြီး သူ့ရဲ့ဝန်ဆောင်မှုတွေကို အသုံးပြုနေတဲ့ သုံးစွဲသူတွေဟာ ဘယ်အကြောင်းအရာ ကိုဖော်ပြမလဲ ဆိုတာ ရွေးချယ်လို့ရတယ်။

Feature အသစ်ဟာ Google က သူ့ရဲ့ ဆိုရှယ်နက်ဝပ် Google Plus အား အောက်တိုဘာလမှာ ရပ်တန့်ပြီးနောက် သိပ်မကြာခင် ထွက်လာတာဖြစ်လို့ Google Plus အစားထိုး Feature တစ်ခုအဖြစ် မိတ်ဆက်လာမှာ ဖြစ်နိုင်ပါတယ်။ Google ရဲ့ မေးလ်အပါအဝင် ဝန်ဆောင်မှုတွေကို လူအများ နှစ်ခြိုက်သုံးစွဲကြပေမယ့် ဆိုရှယ်နက်ဝပ်အဖြစ် မိတ်ဆက်လာတဲ့ Google Plus ကတော့ အောင်မြင်မှု မရခဲ့ဘဲ သုံးစွဲသူတွေရဲ့ မျှော်မှန်းချက်ကို မဖြည့်ဆည်းပေးနိုင်လို့ ရပ်တန့်လိုက်တာ ဖြစ်ပါတယ်။

Ref – Android Authority