Google က လက်ရှိအချိန်မှာ အကြီးမားဆုံးသော နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီးတော့ သူရဲ့ Services တွေကိုလည်း တဖြည်းဖြည်းတိုးချဲ့နေတာပဲဖြစ်ပါတယ်။ အခုလည်း Google အနေနဲ့ ယခင်က တစ်ခါမှ ပြုလုပ်ဖူးခြင်းမရှိသေးတဲ့ Service တွေကို ပြုလုပ်တော့မယ့်ပုံပါပဲ။

Google က အခုအချိန်မှာ Gaming ဘက်ကို အာရုံစိုက်လာပြီးတော့ Codename ကို Yeti ဆိုတဲ့ နာမည်နဲ့ Platform တစ်ခုစတင်နေတယ်လို့ သိရပါတယ်။ အဆိုပါ Yeti Gaming Platform မှာတော့ Gaming Console အပြင် Google ရဲ့ ကိုယ်ပိုင် Game Streaming Service လည်း ပါဝင်လာမယ်လို့ သိရပါတယ်။

အဆိုပါ Service က လက်ရှိ “Made by Google” နာမည်နဲ့ ထုတ်လုပ်နေတဲ့ Product တွေလိုမျိုးပဲ ထုတ်လုပ်လာမှာဖြစ်ပြီး Yeti က Chromecasts တွေမှာလည်း အလုပ်လုပ်မယ်လို့ သိရှိရတဲ့အတွက် Google ဟာ Amazon ရဲ့ Twitch Gaming နဲ့ ယှဉ်ပြိုင်ဖို့ထက် အခြားနည်းလမ်းတစ်ခုနဲ့ ပြုလုပ်လာမယ်လို့ ယူဆရပါတယ်။

သေချာသလောက်ဖြစ်နေတဲ့အချက်ကတော့ Google ရဲ့ အခု Gaming Service ဟာ အခြားသော Games တွေလိုမျိုး Data ကို Download ရယူတာ (သို့) ဂိမ်းခွေတွေ ဝယ်ယူပြီး ဆော့ကစားရမယ့် ဂိမ်းအမျိုးအစားတွေ မဟုတ်ပဲ အင်တာနက်ကနေပဲ Streaming ပြုလုပ်ပြီးဆော့ကစားရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် သေချာတာကတော့ Internet Connection ကတော့ တော်တော်လေးကို ကောင်းနေမှကစားလို့ရတော့မှာပါ။

Google ရဲ့ အခု Yeti Gaming Service က ဘယ်လောက်ထိ အောင်မြင်နိုင်မလဲ? Gamer တွေအနေနဲ့ရော လက်ရှိ Gaming Console တွေဖြစ်တဲ့ Nintendo ၊ PlayStation နဲ့ Xbox Game Console တွေကို ကျော်လွန်ပြီး Google ရဲ့ Gaming Console တွေအပေါ် အားပေးကြမှာလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။