Zawgyi

Google ဆီကေန ပစၥည္းအသစ္ေတြကို Pre-order မွာယူတဲ့အခါ အေတာ္ေလးကို ၾကာတက္ပါတယ္။ အထူးသျဖင့္ Pixel ဖုန္းအသစ္ေတြကို မိတ္ဆက္အျပီး Pre-order လက္ခံတဲ့အခ်ိန္ကစလို႔ ဖုန္း လက္ထဲေရာက္ရွိတဲ့အခ်ိန္ဟာ အေတာ္ေလးကိုၾကာတက္တာေၾကာင့္ Google ရဲ႕ ပစၥည္းေတြကို Pre-order မွာတဲ့သူေတြဟာ အေတာ္ေလး စိတ္ရွည္ရပါတယ္။ ဒါေပမယ့္ အခုေတာ့ ထူးထူးဆန္းဆန္းပဲ Pixel Slate လို႔ေခၚတဲ့ Google ရဲ႕ Tablet အသစ္ကို Pre-order မွာထားတဲ့သူေတြဟာ တရားဝင္ေၾကညာထားတဲ့ရက္ထက္ အမ်ားၾကီးေစာျပီး ရရွိေတာ့မွာပါ။

Pixel Slate ကို ေအာက္တိုဘာလ အေစာပိုင္းက က်င္းပခဲ့တဲ့ Google Event မွာ Pixel ဖုန္းအသစ္ေတြနဲ႔ အတူ တြဲဖက္ျပီး မိတ္ဆက္ခဲ့တာျဖစ္ျပီး စိတ္ဝင္စားတဲ့သူ အေတာ္ေလးမ်ားခဲ့ပါတယ္။ Pixel ဖုန္းေတြကိုေတာ့ အေစာၾကီးဝယ္ယူလို႔ရခဲ့ေပမယ့္ Pixel Slate ကိုေတာ့ ႏိုဝင္ဘာလ အကုန္မွ ရမယ္လို႔ သိခဲ့ရပါတယ္။ Pre-order တင္တဲ့ရက္ကေန လက္ထဲေရာက္ရွိလာဖို႔ အၾကာၾကီးေစာင့္ရမွာျဖစ္ေပမယ့္ Pixel Slate ကို စိတ္ဝင္စားတဲ့ သူအမ်ားအျပားက Pre-order မွာယူခဲ့ပါတယ္။ ဒါေပမယ့္ အခုရက္ပိုင္းအတြင္းမွာပဲ Oder မွာထားတဲ့သူေတြ Google ကေန Pixel Slate ကို နဂိုေၾကညာထားတဲ့ရက္ထက္ေစာျပီး ရရွိေတာ့မယ္လို႔ Email ပို႔တယ္လို႔ သိရပါတယ္။ ႏိုဝင္ဘာလ အကုန္ထိ ေစာင့္စရာမလိုေတာ့ပဲ ႏိုဝင္ဘာ ၂၀ နဲ႔ ၂၁ ရက္တို႔မွာ Order မွာယူထားတဲ့သူေတြ လက္ထဲကိုေရာက္ရွိေတာ့မွာပါ။ Google ဟာ Pixel Slate ကို ႏွစ္ကုန္ အားလပ္ရက္ပြဲေတာ္ေတြျဖစ္တဲ့ ခရစ္စမတ္ပြဲမွာ ေရာင္းအားအရမ္းေကာင္းမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

Ref: XDA

Unicode

Google ဆီကနေ ပစ္စည်းအသစ်တွေကို Pre-order မှာယူတဲ့အခါ အတော်လေးကို ကြာတက်ပါတယ်။ အထူးသဖြင့် Pixel ဖုန်းအသစ်တွေကို မိတ်ဆက်အပြီး Pre-order လက်ခံတဲ့အချိန်ကစလို့ ဖုန်း လက်ထဲရောက်ရှိတဲ့အချိန်ဟာ အတော်လေးကိုကြာတက်တာကြောင့် Google ရဲ့ ပစ္စည်းတွေကို Pre-order မှာတဲ့သူတွေဟာ အတော်လေး စိတ်ရှည်ရပါတယ်။ ဒါပေမယ့် အခုတော့ ထူးထူးဆန်းဆန်းပဲ Pixel Slate လို့ခေါ်တဲ့ Google ရဲ့ Tablet အသစ်ကို Pre-order မှာထားတဲ့သူတွေဟာ တရားဝင်ကြေညာထားတဲ့ရက်ထက် အများကြီးစောပြီး ရရှိတော့မှာပါ။

Pixel Slate ကို အောက်တိုဘာလ အစောပိုင်းက ကျင်းပခဲ့တဲ့ Google Event မှာ Pixel ဖုန်းအသစ်တွေနဲ့ အတူ တွဲဖက်ပြီး မိတ်ဆက်ခဲ့တာဖြစ်ပြီး စိတ်ဝင်စားတဲ့သူ အတော်လေးများခဲ့ပါတယ်။ Pixel ဖုန်းတွေကိုတော့ အစောကြီးဝယ်ယူလို့ရခဲ့ပေမယ့် Pixel Slate ကိုတော့ နိုဝင်ဘာလ အကုန်မှ ရမယ်လို့ သိခဲ့ရပါတယ်။ Pre-order တင်တဲ့ရက်ကနေ လက်ထဲရောက်ရှိလာဖို့ အကြာကြီးစောင့်ရမှာဖြစ်ပေမယ့် Pixel Slate ကို စိတ်ဝင်စားတဲ့ သူအများအပြားက Pre-order မှာယူခဲ့ပါတယ်။ ဒါပေမယ့် အခုရက်ပိုင်းအတွင်းမှာပဲ Oder မှာထားတဲ့သူတွေ Google ကနေ Pixel Slate ကို နဂိုကြေညာထားတဲ့ရက်ထက်စောပြီး ရရှိတော့မယ်လို့ Email ပို့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ အကုန်ထိ စောင့်စရာမလိုတော့ပဲ နိုဝင်ဘာ ၂၀ နဲ့ ၂၁ ရက်တို့မှာ Order မှာယူထားတဲ့သူတွေ လက်ထဲကိုရောက်ရှိတော့မှာပါ။ Google ဟာ Pixel Slate ကို နှစ်ကုန် အားလပ်ရက်ပွဲတော်တွေဖြစ်တဲ့ ခရစ်စမတ်ပွဲမှာ ရောင်းအားအရမ်းကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။

Ref: XDA