တစ်ခါတလေ အကြောင်းကြောင်းကြောင့် English လိုစာရိုက်ရမယ့် ကိစ္စရှိလာပြီးတော့ ကိုယ်ရိုက်လိုက်တဲ့ စာကြောင်းက Grammar မှားသွားမှာကို စိုးရိမ်ရတဲ့အချိန်တွေရှိခဲ့ဖူးပါသလား? အဲ့လိုမျိုး မှားသွားရင် အရှက်ကွဲစရာဖြစ်သွားမှာဆိုတော့ ဘယ်သူမှ ကြုံချင်ကြမှမဟုတ်ပါဘူး။

အဲ့ဒါဆိုရင်တော့ အခုပဲ Grammarly Keyboard ကို Download ပြုလုပ်ထားလိုက်တာကအကောင်းဆုံးဖြစ်မှာပါ။ Grammarly ဟာဆိုရင် ယခင်ထဲက Web Browser တွေမှာ Extension အနေနဲ့ နာမည်ကြီးပြီးသားဖြစ်ပြီးတော့ ပြီးခဲ့တဲ့လတုန်းက iOS အတွက် ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

iOS Devices တွေအတွက် ထွက်ရှိပြီး ၁ လကျော်ကြာသွားတဲ့အခုအချိန်မှာတော့ Android Devices တွေအတွက်လည်း ထွက်ရှိလာပြီဖြစ်ပါတယ်။ Google Play Store မှာပဲ Grammarly Keyboard လို့ ရိုက်ရှာလိုက်ရင် တွေ့ရမှာဖြစ်ပြီး အဆိုပါ Keyboard က ဘယ်နေရာမှာပဲ စာရိုက်ရိုက် ကိုယ်ရိုက်လိုက်တဲ့ အင်္ဂလိပ်စာကြောင်းက Grammar အရရော၊ စာလုံးပေါင်းရော အမှားအယွင်းမရှိအောင် ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။

ကျိန်းသေပေါက် Download ဆွဲပြီး အသုံးပြုသင့်တဲ့ Application တစ်ခုဖြစ်တဲ့အတွက် Download မပြုလုပ်ရသေးရင် အခုပဲ Download ပြုလုပ်လိုက်ပါဦး။