Grand Royal Signature Blue Zone ကပြုလုပ်ဆဲရှိတဲ့ Challenge လေးတစ်ခုနဲ့ ချစ်ပရိသတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ တစ်ခြားမဟုတ်ပါ ဆယ်လီတွေ ကပြထားတဲ့ Signature Dance Move တွေကို ကိုယ်ပိုင်ဟန်လေးနဲ့ လိုက်ကပြီး ဗီဒီယိုရိုက်ကာ Grand Royal Signature Blue Zone Facebook Page ကိုပေးပို့ ပေးရုံပါပဲ။ ဒီလိုပါဝင်ပေးကြတဲ့သူတွေ အထဲမှာမှ အကောင်းဆုံးသူများကို ရွေးချယ်ပြီးဆုပေးသွားမှာပဲ ဖြစ်ပါတယ်။ ကဲဘယ်လိုလဲ စိတ်ဝင်စားသွားကြပြီမှတ်လား ဒီလိုဆိုရင်တော့ အသေးစိတ်ကို ဆက်ပြီးပြောပြပေးချင်ပါတယ်။

လူတိုင်းမှာတော့ မတူညီတဲ့ Signature Dance Move ကိုယ်စီရှိကြပါတယ် ဒီလိုပဲ ကျွန်တော်တို့ အားပေးကြတဲ့ ဆယ်လီတွေဖြစ်တဲ့ မိစန္ဒီ ၊ အားတီ ၊ မယ်ရီနဲ့ X-Box တို့ကလည်း သူတို့ရဲ့ မတူညီတဲ့ Signature Move လေးတွေကို ချပြသွားပါတယ်။ သူတို့ရဲ့ တစ်ယောက်နဲ့ တစ်ယောက်မတူညီတဲ့ ကကွက်တွေကို Grand Royal Signature Blue Zone မှာတင်ထားတဲ့ ဗီဒီယိုကနေတစ်ဆင့် ကြည့်ရှုပြီး ကိုယ်နှစ်သက်ရာ ဆယ်လီလို လိုက်ကနိုင်ပါတယ်။ လိုက်ကပြီဆိုရင်တော့ ဗီဒီယိုလေးရိုက်ပြီး Grand Royal Signature Blue Zone ကိုပေးပို့ဖို့တော့ မမေ့နဲ့နော်။

ဆယ်လီ တွေကထားတဲ့ Signature Dance move တွေကို Influencers   များဖြစ်တဲ့ ဆလိုင်း၊ ယွန်း ၊ အေးမင်းဟိန်း နဲ့ နန်းရွေအေးတို့ လိုက်ကထားကြပါသေးတယ်။ သူတို့ က သလို လိုက် က ကြည့်ပြီးလည်း Grand Royal Signature Blue Zone Facebook page ကို ပေးပို့ပြီး Like အများဆုံးရရှိအောင် ယှဉ်ပြိုင်နိုင်ပါသေးတယ်။

 

အကဗီဒီယိုတွေပေးပို့ထားတဲ့သူများအနက် like အများဆုံးနဲ့ အကောင်းဆုံး ကိုယ်ပိုင်ဟန်လေးနဲ့ ကနိုင်သူ ၄ဦးကို ရွေးချယ်ကာ Influencers များနဲ့အတူ Dinner စားနိုင်မယ့်အပြင် Winners တွေက Influencers တွေနဲ့တွဲကနိုင်မှာဖြစ်ပြီး ရိုက်ကူးပေးသွားမယ့် ဗီဒီယိုကိုလည်း Grand Royal Signature Blue Zone Page မှာ ဂုဏ်ယူစွာနဲ့ ပြန်တင်ပေးမှာပဲ ဖြစ်ပါတယ်။ အများနဲ့ မတူညီတဲ့ ကိုယ့်ရဲ့ ကွဲပြားခြားနားခြင်းကို တခြားလူတွေလက်မခံမှာကို မစိုးရိမ်ပဲ ဖန်တီးနိုင်မှု  အခုပဲ ကွဲပြားခြားနားတဲ့ ကိုယ့်ရဲ့ Signature ကို ကိုယ့်ဘဝရဲ့ အကောင်းဆုံး အချိန်မှာ ရှာဖွေပြီး ဖန်တီးလိုက်ပါ။