Grand Royal ကို အစဉ်အားပေးနေသော ပရိသတ်တွေ Grand Royal Smooth ကနေပြီး ပရိသတ်တို့ကြိုက်နှစ်သက်တဲ့ Celebrity ၊ Idol တွေနဲ့ အကျွမ်းတဝင် ထိတွေ့ခွင့်ရမယ့် Campaign လေးကို ဒီဇင်ဘာလ အထိ ပြုလုပ်ပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အရင်လတွေ တုန်းကလည်း အဆိုတော် ဖော်ကာနဲ့ ညစာစားခွင့် အပြင် အဆိုတော် သာဒီးလူ Live မှာပါဝင်ပေးခဲ့တဲ့ကံထူးရှင်(၅) ယောက်ရဲ့ မေးခွန်းတွေကို ဖြေရင်း “သာဒီးလူ” လက်မှတ်ပါတဲ့ ဂစ်တာတွေကို လက်ဆောင်အနေနဲ့ ပြန်လည်ပေးအပ်ပြီး Grand Royal က ပရိသတ်တွေကို စိတ်ဝင်စားဖွယ်အစီအစဉ်နဲ့ လစဉ်ပြုလုပ်ပေးနေကြပဲ ဖြစ်ပါတယ်။


ဒီလို တစ်လတစ်ခါ ပဲရမယ့် အခွင့်အရေးကို ဘယ်လိုပါဝင်နိုင်မလဲဆိုတာသိချင်တဲ့ သူတွေအတွက် အသေးစိတ် ပြောပြပေးချင်ပါတယ်။ Celebrity တွေနဲ့ Live လွှင့်ပေးသွားမှာကတော့ Grand Royal Smooth Facebook Page ကနေပဲဖြစ်ပါတယ်။ Live မလွှင့်ခင် ရက်အနည်းငယ်အလိုမှာ ပို့စ်တင်ပြီး Announcement အနေနဲ့ ဘယ် Celebrity ဆိုတာကို အရင်ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။


ကြေငြာပေးမယ့် ပို့စ်အောက်မှာပဲ Grand Royal ရဲ့ ချစ်ပရိသတ်တွေက ကိုယ်ကြိုက်နှစ်သက်တဲ့ Celebrity ဆိုရင်တော့ ကိုယ်မေးချင်တဲ့ မေးခွန်းလေးတွေကို Comment ကနေတစ်ဆင့် မေးခွင့်ရှိပါတယ်။ ချစ်ပရိသတ်ကြီးတွေမေးကြတဲ့ မေးခွန်းတွေထဲကမှ ၅ခုကို Grand Royal ကနေရွေးချယ်ပေးပြီး ကံထူးသွားတဲ့သူ ငါးယောက်ရဲ့ မေးခွန်းတွေကို Celebrity Live လွှင့်တဲ့အခါ ဖြေပေးသွားမှာဖြစ်ပြီး သီချင်းတွေနဲ့လည်း ဖျော်ဖြေပေးမယ့်အပြင် အရင်လတွေကပြုလုပ်သွားသလို အထူးခံစားခွင့်အချို့လည်းရှိဦးမှာပါ။

ဒါကြောင့်မို့ Grand Royal ကနေပြုလုပ်ပေးမယ့် ဒီလို အစီအစဉ်လေးကို လက်မလွှတ်ချင်ဘူးဆိုရင်တော့ Grand Royal Smooth Facebook Page ကို See First လုပ်ထားကြဖို့ အကြံပေးချင်ပါတယ်။ လာမယ့်လများမှာလည်း Facebook Live Session ကနေတစ်ဆင့် ဘယ် Celebrity တွေနဲ့ ချစ်ပရိသတ်တွေ ထိတွေ့ခွင့်ရဦးမလဲဆိုတာကို စိတ်ဝင်စားစွာ စောင့်မျှော်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။