ကောင်းတဲ့အချက်

Samsung Galaxy Note 8 က စွမ်းဆောင်ရည်ကို အထူးမြှင့်တင်ထားတဲ့အပြင် ကင်မရာရဲ့ စွမ်းဆောင်ရည်ကလည်း ကောင်းမွန်ပါတယ်။

စခရင်ရဲ့ Resolution ကလည်း ကောင်းမွန်ပြီး လှပပါတယ်။

မကောင်းတဲ့အချက်

အရမ်းကို ဈေးကြီးပါတယ်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့မှာ Samsung Galaxy Note 8 ရဲ့ Unpack Event မှာ မိတ်ဆက်ခဲ့ပါတယ်။

Samsung Galaxy Note 8 မှာ အကောင်းဆုံး Performance တွေ Features တွေသုံးထားတာကြောင့် အခုလက်ရှိ ထွက်သမျှ စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။

ထွက်ရှိမယ့်နေ့ နဲ့ ဈေးနှုန်း

Galaxy Note 8 ကို သြဂုတ်လ ၂၃ ရက်နေ့ကတည်းက ဗြိတိန်နိုင်ငံမှာ Pre-Order လက်ခံနေပြီး အမေရိကန်ပြည်ထောင်စုမှာတော့ ၂၄ ရက်နေ့မှာ လက်ခံနေပါပြီ။

အမေရိကန်ပြည်ထောင်စုမှာတော့ Samsung Galaxy Note 8 ကို အမေရိကန်ဒေါ်လာ ၉၃၀ နဲ့ရောင်းချနေပါတယ်။

Display

အရွယ်အစားက ၆.၃ လက်မရှိပြီး QHD နဲ့ Super AMOLED နည်းပညာကို HDR Support နဲ့ အတူပါဝင်လာတာကြောင့် ဖုန်း Display တွေထဲမှာ Samsung Note 8 က အကောင်းဆုံးလို့ဆိုနိုင်ပါတယ်။

မျက်နှာပြင် အရွယ်အစားကလည်း S8 Plus ထက် အနည်းငယ် ပိုကြီးပါတယ်။

မြင်ဖူးသမျှ စမတ်ဖုန်းတွေထဲက အရောင်အစုံဆုံးနဲ့ အလင်းအမှောင်အကောင်းဆုံး စမတ်ဖုန်းဖြစ်တာကြောင့် စမတ်ဖုန်းနဲ့ရုပ်ရှင်ကြည့်လို့ကတော့ ရှယ်ပါဘဲ။

အဲ့ဒီအပြင် Edge to Edge Display ကို အသုံးထားတဲ့အပြင် ဘေးဘောင် ၂ ဖက်ပါ ခုံးနေတာကြောင့် ဘောင်လုံးဝ မရှိသလို ခံစားရမှာပါ။

ကိုယ်ထည်ကို Gorilla Glass 5 နဲ့ ပြုလုပ်ထားတာကြောင့် ပေါ့ပါးပေမယ့် ပလပ်စတစ်ကို ကိုင်ရသလို ခံစားမှုမျိုးကိုတော့ ခံစားရပါတယ်။

ဒါပေမယ့် အကြမ်းခံပါတယ်။ Galaxy Note 8 က Samsung Galaxy S8 plus ထက် အနည်းငယ်ပိုလေးပြီး ၁၉၅ ဂရမ်လောက်ဘဲ ရှိပါတယ်။

Storage

Storage ကို 64 GB ၊ 128 GB နဲ့ 256 GB တို့နဲ့ထုတ်လုပ်ထားပါတယ်။

ရေစိုခံနိုင်မှု

ရေစိုခံနိုင်မှုမှာ IP68 ရထားတာကြောင့် ရေအနက် ၅ ပေမှာ မိနစ် ၃၀ လောက်ခံနိုင်ရည်ရှိပါတယ်။

လက်ပွေရာ စနစ်

လက်ပွေရာစနစ်ကလည်း တခြား Samsung  စမတ်ဖုန်းတွေမှာ ပါသလိုဘဲ အနောက်ဘက်မှာပါပါတယ်။ အဲ့ဒီအပြင် မျက်လုံး သူငယ်အိမ် စစ်ဆေးပြီး ဖုန်းဖွင့်တဲ့ စနစ် ပါဝင်ပေမယ့် လက်တွေ့မှာ အသုံးပြုရတာ အရမ်းတော့ အဆင်မပြေလှပါဘူး။

ကင်မရာ

Samsung Galaxy Note 8 ကတော့ ကင်မရာကို အကောင်းဆုံး တီထွင်ထားတာဖြစ်ပါတယ်။ Dual Camera စနစ်ဖြစ်တဲ့ 12 Megapixel ကင်မရာ ၂လုံးကို တပ်ထားပြီး Wide Lens ဖြစ်တဲ့ f 1.7 နဲ့ 12 Megapixel ဖြစ်ကာ Telephoto Lens ဖြစ်တဲ့ f 2.4 နဲ့ 12 Megapixel ဖြစ်ပါတယ်။

ထူးခြားချက်ဖြစ်တဲ့ Lens ၂ခုစလုံးမှာ OIS ဆိုတဲ့ Optical Image Stabilization ပါဝင်ပြီး 2X Optical Zoom တို့ 10X Optical Zoom တို့ပါဝင်ပါတယ်။ ဒါပေမယ့် ZOOM ဆွဲရင်တော့ iPhone 7 လောက်မကောင်းပါဘူး။

Feature အသစ်တစ်ခုက Live Focus Feature ဖြစ်ပြီး ကင်မရာ ၂လုံးလုံးက တစ်ချိန်တည်း မှာ ဓာတ်ပုံ ၂ပုံကို ပြိုင်တူရိုက်နိုင်မှာဖြစ်ပြီး နောက်ခံ Background ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ အဲ့ဒီ Live Focus Feature က ဓာတ်ပုံရိုက်ပြီးချိန်မှာလည်း စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။

Selfie ရိုက်တဲ့ကင်မရာကိုလည်း Aperture 1.7 နဲ့ MP 8 နဲ့ ထုတ်လုပ်ထားတာကြောင့် အလင်းအားနည်းတဲ့ အချိန် တွေမှာတောင် အေးဆေးရိုက်နိုင်မှာဖြစ်ပြီး မျက်နှာကို တစ်ချိန်လုံး Focus ဖြတ်ပေးနိုင်တဲ့ Smart Auto Focus လည်း ပါပါတယ်။

S Pen

S Pen ကိုလည်း စွမ်းဆောင်ရည်မြှင့်ထားပါတယ်။ ဖုန်းကို Lock လုပ်ထားတဲ့အချိန်မှာလည်း ကြိုက်နှစ်သက်ရာ စာတွေ ရေးသားနိုင်သလို ဗီဒီယိုဖိုင်တွေကို Crop လုပ်ပြီး GIF အနေနဲ့သူငယ်ချင်းတွေကို စနောက်လို့ရပါတယ်။

ကိုယ်မသိတဲ့ စကားလုံးကို Highlight လုပ်လိုက်တာနဲ့ ဘာသာပြန်ပေးမှာလည်းဖြစ်ပါတယ်။ S Pen ရဲ့ ဖိအား အဆင့်ကိုလည်း ၄၀၉ ၆ အထိ မြှင့်တင်ထားပြီး 0.7 mm အထိသေးငယ်အောင်လည်းပြုလုပ်ထားတာကြောင့် တိတိကျကျ ရေးဆွဲနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီ

ဘက်ထရီမှာတော့ 3300 mAh သာ အသုံးပြုထားတာကြောင့် အားနည်းတယ်လို့ ဆိုရမှာပါဘဲ။ CPU ကို Snapdragon 835 ကိုသုံးထားပြီး RAM 6 GB သုံးထားတဲ့ ဖုန်းအပြင် တခြား စွမ်းဆောင်ရည်မြင့် Features များစွာပါဝင်တဲ့ ဖုန်းအတွက်တော့ အားနည်းပါတယ်။

S8 Plus တုန်းကတောင် 3500 mAh အသုံးပြုထားပါတယ်။

Bixby

Samsung Galaxy Note 8 မှာ Bixby Digital Assistant ကို အသုံးပြုလို့ရနေပါပြီ။ Siri လိုဘဲကိုယ်သိချင်တာတွေကို Bixby မှာ မေးလို့ရှာလို့ ရနေပါပြီ။

ကွန်ပျုတာလို သုံးနိုင်

Monitor တစ်ခုရှိရုံနဲ့ Note 8 နဲ့ ချိတ်ဆက်ပြီး ကွန်ပျုတာလို အသုံးပြုနိုင်ပါတယ်။ နာမည်ကြီး ဂိမ်းတချို့ကိုလည်း Monitor ၊ Keyboard ၊ Mouse တို့နဲ့ ချိတ်ဆက်ပြီး ကစားလို့ရနေပါပြီ။

အရောင်

အရောင်အနေနဲ့တော့ Midnight Black၊ Maple Gold ၊ Orchid Grey နဲ့ Deep Sea Blue ဆိုပြီး ရရှိလာနိုင်ပါတယ်။