Zawgyi Font Version




Unicode Version

မကြာသေးခင်ကပဲ တရားဝင် မိတ်မဆက်ရသေးတဲ့ Xiaomi ရဲ့Redmi 6 Pro ရဲ့ Hands On Video တွေ Youtube မှာထွက်ပေါ်လို့လာပါတယ်။ အခုထွက်ရှိလာတဲ့ Video ဟာ ဒုတိယမြောက် Video ဖြစ်ပြီး ပထမ Video ကတော့ ပါကစ္စတန်သား Youtuber တစ်ယောက်တင်လိုက်တာပါ။ Redmi 6 Pro ကို အသေးစိတ်မြင်ရတဲ့ ဒီ Youtube Video ကိုတော့ Guruji ဆိုတဲ့ Youtuber ကတင်လိုက်ပါတယ်။ တရားဝင်မထွက်ရှိသေးပေမယ့်လည်း နာမည်အရမ်းကြီးနေတဲ့ ဒီ Redmi 6 Pro ဟာဆိုရင် AliExpress, MiMarket နဲ့ Smart.md တို့လို Online Store တွေမှာတောင် Pre-Order တင်လို့ရနေပါပြီ။ မေးစရာတစ်ခုကတော့ “Redmi Note 6 Pro” ကတရားဝင်မထွက်သေးခင် Youtuber တွေလက်ထဲဘာလို့ရောက်နေတာလဲ ဆိုတာပါပဲ။

အဆိုပါ Video ဟာ မြင်ရတဲ့အတိုင်းပဲ ပထမ Video တစ်ခုလိုပဲ အစစ်အမှန် Video တစ်ခုပါ။ တတိယ Video တစ်ခုကိုလည်း စပိန်နိုင်ငံသား Youtuber တစ်ယောက်က တင်ခဲ့ပြီး အဆိုပါဆယ်မိနစ်စာ Video ကိုတော့ Youtube က ပိတ်ချခဲ့ပါတယ်။ ထွက်ရှိထားသမျှ Rumors တွေ Leak တွေနဲ့ Teaser တွေအရ Redmi Note 5 နဲ့ Redmi 6 Plus ကြားက ကြီးကြီးမားမား ကွာခြားချက်တစ်ခုကတော့ Redmi Note 6 Pro မှာ 6.26 Inches ရှိတဲ့ FHD+ Resolution နဲ့ Notch ပါဝင်တဲ့ Display ပါ။ နောက်ဘက်ကတော့ Dual Camera နဲ့အတူ Redmi Note Series တွေမှာသုံးနေကျ အနောက်ဘက်ကို သုံးပိုင်းပိုင်းထားတဲ့ Three Stages Design နဲ့ပါ။

အတွင်းပိုင်းပစ္စည်းတွေကတော့ Qualcomm ရဲ့ Snapdragon 636 SoC ကိုသုံးထားပြီး ထုံးစံအတိုင်း RAM 3GB/ Internal 32GB နဲ့RAM 4GB/ Internal 64GB Version နှစ်မျိုးထုတ်မှာပါ။ Camera လေးလုံးပါဝင်ပြီး AI Support တွေနဲ့လာမှာပါ။ Battery 4,000mAh ပါဝင်ပြီး QC 3.0 Support ပါဝင်မှာပါ။ Operating System အနေနဲ့ကတော့ Android 8.1, Oreo ကိုပြုပြင်ချယ်သထားတဲ့ MIUI 10 ကိုအသုံးပြုထားပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ Redmi Note 5 ဈေးနဲ့ပဲရရှိမှာပါ။