[Zawgyi]

အခုဆိုရင္ Harley-Davidson က LiveWire လို႔ေခၚတဲ့ လွ်ပ္စစ္ ေမာ္ေတာ္ဆိုင္ကယ္ေတြကို ေစ်းကြက္ထဲမွာ တရားဝင္ တင္သြင္းေရာင္းခ်ေတာ့မွာပါ။ အလန္းစား၊ အမိုက္စား ေမာ္ေတာ္ဆိုင္ကယ္ႀကီးေတြကို ထုတ္လုပ္ေရာင္းခ်ေပးေနတဲ့ Harley-Davidson ကုမၸဏီဟာ သူတို႔ရဲ႕ ပထမဦးဆုံး လွ်ပ္စစ္ ေမာ္ေတာ္ဆိုင္ကယ္ေတြကို လာမယ့္ ၾသဂုတ္လမွာ စတင္ဝယ္ယူႏိုင္ေတာ့မွာ ျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ CES 2019 မွာ ေၾကညာခဲ့ပါတယ္။

Harley-Davidson ရဲ႕ လွ်ပ္စစ္ ေမာ္ေတာ္ဆိုင္ကယ္ေတြကို CES 2019 က်င္းပစဥ္ အခ်ိန္ကတည္းက Pre-order မွာယူႏိုင္ခဲ့တာ ျဖစ္ၿပီး က်သင့္မယ့္ ေစ်းႏႈန္းကေတာ့ အေမရိကန္ေဒၚလာ ၂၉,၇၉၉ (ျမန္မာေငြ သိန္း ၄၅၀ ဝန္းက်င္) ျဖစ္တယ္လို႔ သိရပါတယ္။ ဒါဟာ Zero ရဲ႕ လွ်ပ္စစ္ ေမာ္ေတာ္ဆိုင္ကယ္ျဖစ္တဲ့ Zero S ေမာ္ဒယ္ထက္ ၃ဆနီးနီး ပိုမ်ားတဲ့ ေစ်းႏႈန္းပမာဏ ျဖစ္ပါတယ္။ Zero S ေမာ္ဒယ္ကို အေမရိကန္ေဒၚလာ ၁၀,၉၉၅ (ျမန္မာေငြ သိန္း ၁၆၀ ဝန္းက်င္)၊ ေမာ္ဒယ္ ပိုျမင့္တဲ့ Zero SR ကို အေမရိကန္ေဒၚလာ ၁၆,၄၉၅ (ျမန္မာေငြ ၂၅၀ ဝန္းက်င္ ) နဲ႔ ေရာင္းခ်ေနတာ ျဖစ္ပါတယ္။

Harley-Davidson ရဲ႕ လွ်ပ္စစ္ ေမာ္ေတာ္ဆိုင္ကယ္ေတြဟာ ၁နာရီ မိုင္၆၀ ျမန္ႏႈန္းကို ၃.၅စကၠန္႔အတြင္းမွာ ရရွိႏိုင္ၿပီး တစ္ခါအားသြင္း႐ုံနဲ႔ မိုင္ေပါင္း ၁၁၀ အထိ ေမာင္းႏွင္ႏိုင္မွာပါ။ ဒါ့အျပင္ ဂီယာနဲ႔ ကလက္ေတြ ပါဝင္မွာ မဟုတ္ဘဲ စီးရလြယ္ေအာင္ ျပဳလုပ္ေပးထားတယ္လို႔ သိရပါတယ္။ LTE Network နဲ႔ ခ်ိတ္ဆက္ထားတဲ့ H-D Connect နည္းပညာပါဝင္တဲ့အတြက္ ဘက္ထရီအားသြင္းစနစ္၊ ဆိုင္ကယ္ရဲ႕ အေျခအေန၊ ဝန္ေဆာင္မႈ သတိေပးခ်က္ စတာေတြကို ပိုင္ရွင္က ဆိုင္ကယ္နဲ႔ ခ်ိတ္ဆက္ထားတဲ့ App ကေန တစ္ဆင့္ ၾကည့္ရႈ႕စစ္ေဆးႏိုင္ပါတယ္။ ဒါ့အျပင္ တစ္ေယာက္ေယာက္က ကိုယ့္ဆိုင္ကယ္ကို ခိုးသြားမယ္ဆိုရင္လည္း GPS ကေန တစ္ဆင့္ေျခရာခံႏိုင္တယ္လို႔ သိရပါတယ္။

Ref : Engadgets

[Unicode]

မြန်မာငွေ သိန်း ၄၅၀ ဝန်းကျင်နဲ့ စတင်ရောင်းချတော့မယ့် Harley-Davidson လျှပ်စစ်မော်တော်ဆိုင်ကယ်များ

အခုဆိုရင် Harley-Davidson က LiveWire လို့ခေါ်တဲ့ လျှပ်စစ် မော်တော်ဆိုင်ကယ်တွေကို စျေးကွက်ထဲမှာ တရားဝင် တင်သွင်းရောင်းချတော့မှာပါ။ အလန်းစား၊ အမိုက်စား မော်တော်ဆိုင်ကယ်ကြီးတွေကို ထုတ်လုပ်ရောင်းချပေးနေတဲ့ Harley-Davidson ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဦးဆုံး လျှပ်စစ် မော်တော်ဆိုင်ကယ်တွေကို လာမယ့် သြဂုတ်လမှာ စတင်ဝယ်ယူနိုင်တော့မှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ CES 2019 မှာ ကြေညာခဲ့ပါတယ်။

Harley-Davidson ရဲ့ လျှပ်စစ် မော်တော်ဆိုင်ကယ်တွေကို CES 2019 ကျင်းပစဥ် အချိန်ကတည်းက Pre-order မှာယူနိုင်ခဲ့တာ ဖြစ်ပြီး ကျသင့်မယ့် စျေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၉,၇၉၉ (မြန်မာငွေ သိန်း ၄၅၀ ဝန်းကျင်) ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ Zero ရဲ့ လျှပ်စစ် မော်တော်ဆိုင်ကယ်ဖြစ်တဲ့ Zero S မော်ဒယ်ထက် ၃ဆနီးနီး ပိုများတဲ့ စျေးနှုန်းပမာဏ ဖြစ်ပါတယ်။ Zero S မော်ဒယ်ကို အမေရိကန်ဒေါ်လာ ၁၀,၉၉၅ (မြန်မာငွေ သိန်း ၁၆၀ ဝန်းကျင်)၊ မော်ဒယ် ပိုမြင့်တဲ့ Zero SR ကို အမေရိကန်ဒေါ်လာ ၁၆,၄၉၅ (မြန်မာငွေ ၂၅၀ ဝန်းကျင် ) နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။

Harley-Davidson ရဲ့ လျှပ်စစ် မော်တော်ဆိုင်ကယ်တွေဟာ ၁နာရီ မိုင်၆၀ မြန်နှုန်းကို ၃.၅စက္ကန့်အတွင်းမှာ ရရှိနိုင်ပြီး တစ်ခါအားသွင်းရုံနဲ့ မိုင်ပေါင်း ၁၁၀ အထိ မောင်းနှင်နိုင်မှာပါ။ ဒါ့အပြင် ဂီယာနဲ့ ကလက်တွေ ပါဝင်မှာ မဟုတ်ဘဲ စီးရလွယ်အောင် ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။ LTE Network နဲ့ ချိတ်ဆက်ထားတဲ့ H-D Connect နည်းပညာပါဝင်တဲ့အတွက် ဘက်ထရီအားသွင်းစနစ်၊ ဆိုင်ကယ်ရဲ့ အခြေအနေ၊ ဝန်ဆောင်မှု သတိပေးချက် စတာတွေကို ပိုင်ရှင်က ဆိုင်ကယ်နဲ့ ချိတ်ဆက်ထားတဲ့ App ကနေ တစ်ဆင့် ကြည့်ရှု့စစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် တစ်ယောက်ယောက်က ကိုယ့်ဆိုင်ကယ်ကို ခိုးသွားမယ်ဆိုရင်လည်း GPS ကနေ တစ်ဆင့်ခြေရာခံနိုင်တယ်လို့ သိရပါတယ်။

Ref : Engadgets