Huawei ရဲ့ နောက်ထပ် Brand တစ်ခုဖြစ်တဲ့ Honor ကနေ အခုအချိန်မှာ ဒီနှစ်အတွက် Flagship စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Honor 10 စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ အခု Honor 10 စမတ်ဖုန်းဟာ Huawei P20 စမတ်ဖုန်းနဲ့ အချက်တော်တော်များများတူညီတယ်ဆိုပေမယ့် ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၄၀၀ ဝန်းကျင်ပဲရှိတဲ့အတွက် P20 ဖုန်းထက်တောင် တဝက်လောက်သက်သာနေတယ်လို့ ပြောလို့ရပါတယ်။

Honor 10 စမတ်ဖုန်းဟာ Notch ပါဝင်တဲ့ 5.84″ FullHD LCD Display ကို အသုံးပြုထားပြီးတော့ Fingerprint Scanner ကိုပါ ဖုန်းရဲ့ အရှေ့ဘက် Home Key မှာ ထည့်သွင်းပေးထားပါတယ်။ Home Key ကို ဖုန်းရဲ့ အရှေ့မှာ တပ်ဆင်ပေးထားပေမယ့်လည်း ဘေးဘောင်တွေက အခုထက်သေးငယ်နေဦးမှာပဲဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့တော့ Honor 10 က Huawei P20 စမတ်ဖုန်းနဲ့ တူညီတဲ့ 16MP + 24MP Camera ထည့်သွင်းထားပြီးတော့ Selfie Camera အနေနဲ့ 24MP Camera တပ်ဆင်ထားမယ်လို့ သိရပါတယ်။ Processor ပိုင်းအရလည်း Huawei P20 စမတ်ဖုန်းအတိုင်းပဲ Kirin 970 Processor အသုံးပြုထားမှာဖြစ်ပါတယ်။

Honor 10 စမတ်ဖုန်းဟာ Huawei P20 စမတ်ဖုန်းလိုမျိုး လှပတဲ့ အရောင်ပြေးနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီးတော့ RAM 6GB နဲ့ 64GB Storage ကို ၄၁၅ ဒေါ်လာ နဲ့ RAM 8GB ၊ 128GB Version ကိုတော့ ၄၇၈ ဒေါ်လာနဲ့ရောင်းချသွားမယ်လို့ သိရပါတယ်။