Honor 10 ကတော့ ဈေးနှုန်းအသင့်အတင့်နဲ့ အကောင်းစား ဖုန်းတစ်လုံးအဖြစ်ထွက်ပေါ်လာခဲ့ပါပြီ။ စိတ်ဝင်စားစရာကောင်းတာက ဖုန်း ၂ လုံးဟာ ဈေးနှုန်းသာ ကွာခြားပေမယ့် တောတော်များများတူနေတာကို တွေ့ရပါတယ်။ Honor ဆိုတာကလည်း Huawei ရဲ့ Sub-brand တစ်ခုဆိုတော့ တူတာများတာ သိပ်တော့ မဆန်းပါဘူး။

Source: TechRadar

ဖုန်း ၂ မျိုးလုံးဟာ Fingerprint scanner ကို ဖုန်းရဲ့အောက်နားမှာ ထားထားပါတယ်။ Screen Size ကလည်း သိပ်မကွာပါဘူး။ Notch ကလည်း ဖုန်း ၂ မျိုးလုံးမှာ ပါနေပါတယ်။ Display ပိုင်းကြည့်မယ်ဆိုရင်လည်း ဖုန်း ၂ မျိုးလုံးဟာ သိပ်မသိသာပေမယ့် Honor 10 ကတော့ အနည်းငယ် Screen ပိုကြီးပြီး အရောင်လည်း ပိုတောက်ပြီးစိုပါတယ်။ ဒါပေမယ့်လည်း ဒါကကြီးကြီးမားမား ကွာခြားချက်ကြီးတော့ မဟုတ်ပါဘူး။ ဖုန်း ၂ မျိုးလုံးဟာ Octa-core Kirin 970 Chipset ကို သုံးထားတာဆိုတော့ Performance ပိုင်းမှာ ကွာခြားနေတာမျိုး မရှိပါဘူး။

Source: TechRadar

Camera ပိုင်းမှာ ဆိုရင်တော့ အနည်းငယ်ကွာခြားနေတာလေးတွေ ရှိပါတယ်။ Honor 10 က AI-Powered Dual Lens Camera ကို 16MP f/1.8 colour Lens နဲ့ 24MP Monochrome Lens တွေ သုံးထားပါတယ်။ ဒါ့အပြင် Lens နှစ်ခုဟာ ပေါင်းပြီး ပုံကောင်းတစ်ပုံ ရိုက်တဲ့အချိန်မှာ အလိုအလျောက် ချိန်ညှိပေးနိုင်ပါတယ်။ Huawei P20 မှာ လည်း AI-Powered Dual Lens Camera ကိုသုံးထားပါတယ်။ ဒါပေမယ့် Lens တွေကတော့ 12MP f/1.8 colour len နဲ့ 20MP f/1.6 Monochrome Len ကိုသာ သုံးထားပါတယ်။

ဒါပေမယ့်လည်း ဖုန်း ၂ မျိုး လုံးဟာ 4K video တွေ ရိုက်နိုင်တဲ့အပြင် Selfie Camera ကလည်း 1080p ရုပ်ထွက်ထိ video ရိုက်နိုင်ပါတယ်။ Battery ကတော့ ဖုန်း ၂ မျိုးစလုံးမှာ 3400mAh Battery ကိုသုံးထားပြီး Fast Charging လည်း Support လုပ်ပါတယ်။ ဈေးအနေနဲ့ဆိုရင်တော့ Honor 10 က $545 ဝန်းကျင်လောက်နဲ့ P20 ကတော့ $810 ဝန်းကျင်လောက်ရှိပါတယ်။ ဖုန်း ၂ လုံးဟာ ဘယ်သူက ပိုကောင်းတယ်ဆိုပြီး ငြင်းရခက်ပေမယ့် Specification လည်း သိပ်မကွာတော့ ဈေးသက်သာတဲ့ Honor 10 ကိုပဲ ရွေးသင့်တယ်လို့ တိုက်တွန်းပါရစေ။