Huawei ကနေ အခုအချိန်မှာ ဈေးနှုန်းသင့်စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Honor 7C စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ စတင်ရောင်းချနေပြီပဲဖြစ်ပါတယ်။ အခု Honor 7C စမတ်ဖုန်းဟာ ဆိုရင် အားသာချက်အနေနဲ့ ပါဝင်တဲ့ Features တွေစုံလင်ပေမယ့် ဈေးနှုန်းအလွန်သက်သာနေတာပဲဖြစ်ပါတယ်။

Honor 7C စမတ်ဖုန်းကို 5.99″ 18:9 Ratio အသုံးပြုထားတဲ့ HD+ Resolution ရှိတဲ့ Display ကို အသုံးပြုထားပြီး လှပတဲ့ Metal Body နဲ့ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ Processor အနေနဲ့ Snapdragon 450 Processor ကိုအသုံးပြုထားတာဖြစ်ပြီး RAM 3G ၊ ROM 32GB ဒါမှမဟုတ် RAM 4GB ၊ ROM 64GB ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Honor 7C စမတ်ဖုန်းဟာ Dual Back Camera ပါဝင်မှာဖြစ်ပြီးတော့ 13MP + 2MP Camera တွေကို တပ်ဆင်ထားတာပဲဖြစ်ပါတယ်။ Front Camera ကိုတော့ 8MP ပဲ အသုံးပြုထားပြီး Face Unlock ကိုပါ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Honor 7C စမတ်ဖုန်းကို Black ၊ Red ၊ Gold နဲ့ Blue ဆိုပြီး အရောင် ၄ မျိုးနဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး တရုတ်ငွေ ယွမ် ၈၉၉ ကနေ စတင်ရောင်းချသွားမှာဖြစ်တဲ့အတွက် မြန်မာငွေ ၁ သိန်းခွဲနဲ့ ၂ သိန်းကြားပဲ ကျသင့်မှာဖြစ်ပါတယ်။