Honor 7S နှင့် 9Lite တို့ကို မြန်မာကျပ်ငွေ ၂၀၀,၀၀၀ အောက် ဈေးနှုန်းနှင့် မယှဉ်နိုင်အောင် မြင့်မားသည့် စွမ်းဆောင်ရည်တို့ဖြင့် မိတ်ဆက်ပေးခဲ့သည်

[ရန်ကုန်၊ သြဂုတ်လ ၉၊ ၂၀၁၈] ဈေးကွက်ဦးဆောင်သူ စမတ်ဖုန်း e-brand ဖြစ်သော Honor သည် ၎င်း၏ နောက်ဆုံးပေါ် quad-lens စမတ်ဖုန်း Honor 9 Lite နှင့် dual sim အသုံးပြုနိုင်သည့် Honor 7S တို့နှင့် မိတ်ဆက်ပေးခဲ့ပါသည်။ ဇွန်လအစောပိုင်းတွင် ဈေးကွက်အတွင်းသို့ မိတ်ဆက်ပေးခဲ့သည့် Honor 7A နှင့် 7C တို့၏ အောင်မြင်မှုနောက်တွင် ဤဖုန်းများကို မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ပါသည်။

Honor 9 Lite သည် အလွန်ပါးလွှာပြီး၊ သွယ်လျ တိုင်ကျသည့် ပုံစံဖြင့် ထူးခြားနေမည်ဖြစ်ပြီး လှပစွာ ဒီဇိုင်းဆွဲထား၍ စိန်ကဲ့သို့ တောက်ပသည့် 2.5D ဖန်သားနောက်ကျောပြင်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ အတွင်းအပြင် နှစ်ခုစလုံးတွင် လှပသည့် Honor 9 Lite တွင် ရှေ့နှင့်နောက် နှစ်ဖက်လုံး၌ dual-lens 13MP + 2MP ကင်မရာများ ပါရှိပါသည်။ ထိုကင်မရာများကို အသုံးပြုသူ၏ ကိုယ်ရည်ကိုယ်သွေးများကို အမိဖမ်းယူနိုင်ရန် အသင့်တော်ဆုံးဖြစ်သည့် အဆင့်မြှင့်တင်ထားပြီး ချိန်ညှိပြင်ဆင်နိုင်သည့် အသေးစိတ် beautification လုပ်ဆောင်ချက်ဖြင့် ထပ်မံပေါင်းထည့်ပေးထားပါသည်။ နောက်ဆုံးပေါ် EMUI 8.0 update ပါဝင်သည့် Face Unlock လုပ်ဆောင်ချက်နှင့် ကျောဘက်တွင်ပါရှိသည့် လက်ဗွေရာဖတ်ရှု ကိရိယာတို့သည် သစ်လွင်သော၊ လုံခြုံသော၊ ပိုမိုကောင်းမွန်သော အတွေ့အကြုံများဖြင့် ပံ့ပိုးပေးသွားမည် ဖြစ်သည်။

ဖုန်းကိုယ်ထည်မှာ သတ္တုကိုယ်ထည် အပြည့်ဒီဇိုင်းဖြစ်ပြီး ရှေ့ဖက်တွင် ပုံရိပ်ဖော် အာရုံခံကိရိယာနှစ်ခု၊ နောက်ဖက်တွင် နှစ်ခု၊ စုစုပေါင်းလေးခု ပါရှိမည်ဖြစ်သည်။ ဤဖုန်းတွင် 18:9 aspect ratio နှင့် 5.65 လက်မ Full HD + ဖန်သားပြင် ပါရှိမည်ဖြစ်ပြီး ဗီဒီယိုကြည့်ရှုခြင်း သို့မဟုတ် ဂိမ်းကစားခြင်းများ နှစ်သက်သည့် ဖုန်းအသုံးပြုသူများအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။

Honor 7S တွင်မူ PDAF အလျှင်အမြန် focus ဆွဲယူ နည်းပညာ ပါဝင်သည့် 13MP နောက်ဖက်ကင်မရာနှင့် အလင်းရောင်နည်းပါးသည့် အနေအထား၌ပင် အသုံးပြုသူ၏ မျက်နှာကို အကောင်းဆုံးရှုထောင့်မှ ရိုက်ကူးပေးနိုင်သည့် LED ‘selfie light’ ပါဝင်သည့် 5MP ရှ့ကင်မရာတို့ ပါဝင်ပါသည်။ ၎င်း၏ အားကောင်းသည့် အသံရီစီဗာကြောင့် ဆူညံသည့် ပတ်ဝန်းကျင်အနေအထားတွင် ဖုန်းခေါ်ဆိုမှုများ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ရှင်းလင်းစွာ ဆက်သွယ်နိုင်စေမည် ဖြစ်သည်။

Honor 7S ၏ ဖုံးကွယ်ထားသည့် လုပ်ဆောင်ချက်များမှ တစ်ခုမှာ dual SIM ပေါက်များနှင့် micro SD ပါက်များ ပါဝင်သည့် SIM tray ဖြစ်သည်။ ၎င်းသည် nano SIM နှစ်ခုကို အသုံးပြုစေနိုင်ပြီး တစ်ချိန်တည်းမှာပင် ဒေတာသိမ်းဆည်းမှု ချဲ့ထွင်ရန်အတွက် micro SD ကတ်တစ်ခုကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ဤစမတ်ဖုန်းတွင် အသေတပ်ဆင်ထားသော Li-Ion 3,020mAh စမတ်ကျစွာ စီမံခန့်ခွဲထားသည့် ဘက်ထရီတစ်ခု ပါဝင်မည်ဖြစ်ပြီး ၎င်းသည် ဈေးကွက်တွင်းရှိ ဈေးနှုန်းအလည်အလတ်ရှိ စမတ်ဖုန်း အများစုထက် ပိုမိုရှည်ကြာစွာ အသုံးပြုနိုင်မည် ဖြစ်သည်။

Honor 9 Lite နှင့် Honor 7S တို့သည် မြန်မာကျပ်ငွေ ၁၉၉,၀၀၀ ကျပ် နှင့် ၁၂၃,၀၀၀ ကျပ် အသီးသီး တန်ဖိုးရှိကြပြီး ထိုသင့်လျှော်သည့် တန်ဖိုးပမာဏတွင် အံ့သြဖွယ်ရာ လုပ်ဆောင်ချက်များ ပါရှိပါသည်။ Honor သည် မြန်မာလူငယ်များ ကြားတွင် ရေပန်း အစားဆုံးနှင့် အကြီးဆုံး အွန်လိုင်းဖက်ရှင်ဝက်ဘ်ဆိုက် များထဲတွင် တစ်ခု အပါအဝင် ဖြစ်သည့် rgo47 နှင့် ပူးပေါင်းလုပ်ဆောင်လျက် ရှိပါသည်။ ဤသီးသန့်တွဲဖက်လုပ်ဆောင်မှုနှင့် အတူ အသစ်မိတ်ဆက်ပေးထားသည့် Honor 7S နှင့် Honor 9 Lite ဖုန်းနှစ်မျိုးစလုံးကို မြန်မာနိုင်ငံ၏ လူသိအများဆုံး အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုက်တွင် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ စတင်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်မည် ဖြစ်ပါသည်။

“ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် Honor 9 Lite နှင့် Honor 7S တို့ကို စိတ်လှုပ်ရှားရင်ခုန်စွာဖြင့် မိတ်ဆက်ပေးလိုက်ပါသည်။ ဤစမတ်ဖုန်း နှစ်မျိုးစလုံးကို အလင်းရောင် နည်းပါးသည့် အချိန်၌ပင် selfie ရိုက်ရာ၌ မျက်နှာပင်မကဘဲ အခြားအသေးစိတ် ရုပ်ပုံလေးများကို ဖမ်းယူပေးနိုင်သည့် dual-camera နည်းပညာဖြင့် စွန့်ဦးဖန်တီးထားခြင်း ဖြစ်ပါသည်။ ယနေ့ခေတ်အချိန်တွင် selfie များသည် အထူးသဖြင့် လူငယ်မျိုးဆက်သစ်များတွင် ကျွန်ုပ်တို့၏ မိမိကိုယ်ကို ယုံကြည်မှု၊ ကျွန်ုပ်တို့၏ ရဲရင့်မှုနှင့် ကျွန်ုပ်တို့၏ စိတ်အားထက်သန်မှုများကို ကိုယ်တိုင်ဖော်ပြချက်တစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် Honor 9 Lite နှင့် Honor 7S တို့ကို မိတ်ဆက်ရောင်းချပေးခြင်းသည် မြန်မာနိုင်ငံရှိ selfie ချစ်သူများအကြား အောင်မြင်မှုတစ်ခု ဖြစ်လာမည်ဟု ယုံကြည်စိတ်ချထားပါသည်” ဟု Honor Myanmar ၏ ဥက္ကဌဖြစ်သူ Bai Jing မှ ဆိုပါသည်။

ထို့ပြင် Honor သည် သီချင်းပေါင်း ၃ သန်းကျော် စုစည်းပါဝင်သည့် အခမဲ့ သီချင်းနားထောင်နိုင်သည့် app ဖြစ်သော JOOX နှင့် တွဲဖက်လုပ်ဆောင်မည်ဟုလည်း ကြေငြာခဲ့ပါသည်။ ဤစိတ်လှုပ်ရှားဖွယ် တွဲဖက်လုပ်ဆောင်မှုနှင့်အတူ JOOX app ဖြင့် သီချင်းနားထောင်သူများသည် Honor 7S နှင့် Honor 9 Lite တို့ကို ရရှိနိုင်မည့် အခွင့်အရေး ရှိမည်ဖြစ်သည်။ ထိုသို့ ရယူနိုင်ရန်အတွက် အသုံးပြုသူများသည် ၎င်းတို့၏ JOOX အကောင့်သို့ login ဝင်ရောက်ပြီး H5 စာမျက်နှာရှိ သီချင်းများကို သြဂုတ် ၂၀ နှင့် သြဂုတ် ၂၇ အကြားတွင် နားစဉ်ရန်သာ လိုအပ်ပါသည်။

ယခုနှစ် ဇွန်လအတွင်း Honor 7A နှင့် Honor 7C တို့ကို မြန်မာ့ဈေးကွက်တွင် ပထမဆုံး မိတ်ဆက်ပေးခဲ့ပါသည်။ Honor 7A မှာ 3GB RAM အတွက် မြန်မာကျပ်ငွေ ၁၇၉,၀၀၀ တန်ဖိုးရှိပြီး Honor 7C မှာ 4GB RAM အတွက် မြန်မာကျပ်ငွေ ၂၃၉,၀၀၀ တန်ဖိုးရှိပါသည်။ Honor သည် မြန်မာနိုင်ငံတွင် စတင်လုပ်ဆောင်ခဲ့ချိန်မှစပြီး ရောင်းချမှုနှုန်း ၁၀၀% တိုးမြှင့်လာသည်အထိ ကြီးမားသည့် တိုးတက်မှုများကို ရရှိခဲ့ပါသည်။ ရန်ကုန်တွင် အသုံးပြုသူများသည် အမှတ် ၁၃၉၊ လသာလမ်း အပေါ်ဘလောက်ရှိ Honor ၏ တရားဝင်ပြခန်းသို့ သွားရောက်နိုင်ပါသည်။

Huawei ၏ လက်အောက်ရှိ စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် Honor သည် ယခုနှစ်အစတွင် လူနေမှုပုံစံ မတူညီသော မြန်မာ့လူငယ်များအတွက် ပိုမိုအလွယ်တကူ အသုံးပြုနိုင်ပြီး ၎င်းတို့မှလည်း နှစ်သက်သည့် နောက်ဆုံးပေါ်၊ ရေပန်းစားသော ကုန်ပစ္စည်းများဖြင့် ပံ့ပိုးပေးခြင်းဖြင့် ငယ်ရွယ်ပြီး နည်းပညာလိုက်စားသည့် အသုံးပြုသူများနှင့် တွေ့ဆုံနိုင်ရန် ဦးတည်ပြီး မြန်မာ့ဈေးကွက်သို့ ဝင်ရောက်ခဲ့ပါသည်။ လူငယ်မျိုးဆက်သစ်များအတွက် ဖန်တီးထားသည့် အမှတ်တံဆိပ်တစ်ခုဖြစ်သော Honor သည် အသုံးပြုသူများ၏ စိတ်ဝိဥာဉ်ကို ကမ္ဘာကြီးအား ၎င်းတို့၏ ကိုယ်တိုင်ထင်မြင်ယူဆချက်များဖြင့် တွေ့ကြုံခံစားနိုင်ရန်အတွက် လှုံ့ဆော်ပေးလိုပါသည်။