[Zawgyi]

Honor ကုမၸဏီဟာ သူတုိ႔ရဲ႕ Weibo စာမ်က္ႏွာေပၚကေန ထုတ္ကုန္သစ္ Honor 8A အား ဇန္နဝါရီလ ၈ ရက္ေန႔မွာ တရုတ္ေစ်းကြက္သုိ႔ ျဖန္႔ခ်ိသြားမယ့္အေၾကာင္းကို ေၾကျငာခဲ့ပါတယ္။ ၿပီးခဲ့တဲ့လတုန္းက ေမာ္ဒယ္နံပါတ္ Honor JAT-AL00, JAT-TL00 နဲ႔ JAT-L29 စမတ္ဖုန္းသုံးလုံးကို တရုတ္ျပည္ TENAA မွာ အတည္ျပဳခဲ့ၿပီး အဆုိပါ ဟန္းဆက္ေတြဟာ Honor 8A အျဖစ္ ျပန္လည္ခ်ိတ္ဆက္လာခဲ့ပါတယ္။

အခုထုတ္ျပန္လာတဲ့ Teaser ပုိစတာမွာေတာ့ စမတ္ဖုန္းရဲ႕ Spec ေတြ တစ္ခုမွ ထည့္မေရးထားပါဘူး။ ဒါေပမယ့္ TENAA စာရင္းမွာ ျမင္ခဲ့ရသေလာက္ဆုိရင္ ဒီဟန္းဆက္အသစ္ဟာ Waterdrop Notch တစ္ခုပါတဲ့ Screen နဲ႔ ထြက္လာမွာ ျဖစ္ပါတယ္။ Weibo မွာတင္ထားတဲ့ ပုိစတာမွာလည္း ဖုန္းပုံစံ Render ေလးမွာ Pearl Screen လို႔တင္စားထားၿပီး Notch ေလးကို ဝုိင္းစက္စြာ ထည့္သြင္းထားတာ ေတြ႕ရမွာပါ။

ပုံထဲက Screen ေပၚမွာ ပါဝင္တဲ့ 6.09 ဆုိတာကေတာ့ Display ရဲ႕ေထာင့္ျဖတ္အလ်ား တုိင္းတာမႈျဖစ္ၿပီး HD+ Resolution ေထာက္ပံ့ေပးတဲ့ IPS LCD Display ပါဝင္လာမွာပါ။ ေဘးမွာလည္း 64GB လို႔ရွင္းလင္းစြာ ထည့္ထားတာက Storage ျဖစ္ၿပီး 32GB / 64GB ေမာ္ဒယ္ႏွစ္မ်ဳိးနဲ႔ ထြက္လာမွာပါ။ ကင္မရာပုံေလးနဲ႔ 8 ဂဏာန္းကို ေရးထားတာက ေရွ႕ဆယ္ဖီကင္မရာျဖစ္ၿပီး 8MP ပါဝင္လာမွာ ျဖစ္ပါတယ္။

TENAA စာရင္းအရဆုိရင္ သူ႕မွာ 2.3GHz Octa-core ပရုိဆက္ဆာတစ္ခုနဲ႔ 3GB RAM မန္မုိရီလည္း ပါဦးမွာပါ။ ေရွ႕ဘက္ကင္မရာက 8MP ျဖစ္ၿပီး ေနာက္ဖက္မွာ 13MP ကင္မရာတစ္လုံး ပါမွာျဖစ္ပါတယ္။ ထြက္ထြက္ခ်င္းမွာတည္းက Android 9 Pie OS ကိုအေျချပဳထားတဲ့ EMUI နဲ႔အသုံးျပဳရမွာပါ။ Honor 8A ဟာ ၂၀၁၈ ခုႏွစ္ ဧၿပီတုန္းက မိတ္ဆက္ခဲ့တဲ့ Honor 7A ရဲ႕ မ်ဳိးဆက္သစ္အျဖစ္ ထြက္လာမွာ ျဖစ္ပါတယ္။ ထြက္ရွိရက္ သိပ္မလိုေတာ့တာေၾကာင့္ ၈ ရက္ေန႔မွာ ျမင္ေတြ႕ရေတာ့မွာပါ။

Ref – Playful Droid

[Unicode]

Honor ကုမ္ပဏီဟာ သူတို့ရဲ့ Weibo စာမျက်နှာပေါ်ကနေ ထုတ်ကုန်သစ် Honor 8A အား ဇန်နဝါရီလ ၈ ရက်နေ့မှာ တရုတ်ဈေးကွက်သို့ ဖြန့်ချိသွားမယ့်အကြောင်းကို ကြေငြာခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းက မော်ဒယ်နံပါတ် Honor JAT-AL00, JAT-TL00 နဲ့ JAT-L29 စမတ်ဖုန်းသုံးလုံးကို တရုတ်ပြည် TENAA မှာ အတည်ပြုခဲ့ပြီး အဆိုပါ ဟန်းဆက်တွေဟာ Honor 8A အဖြစ် ပြန်လည်ချိတ်ဆက်လာခဲ့ပါတယ်။

အခုထုတ်ပြန်လာတဲ့ Teaser ပိုစတာမှာတော့ စမတ်ဖုန်းရဲ့ Spec တွေ တစ်ခုမှ ထည့်မရေးထားပါဘူး။ ဒါပေမယ့် TENAA စာရင်းမှာ မြင်ခဲ့ရသလောက်ဆိုရင် ဒီဟန်းဆက်အသစ်ဟာ Waterdrop Notch တစ်ခုပါတဲ့ Screen နဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ Weibo မှာတင်ထားတဲ့ ပိုစတာမှာလည်း ဖုန်းပုံစံ Render လေးမှာ Pearl Screen လို့တင်စားထားပြီး Notch လေးကို ဝိုင်းစက်စွာ ထည့်သွင်းထားတာ တွေ့ရမှာပါ။

ပုံထဲက Screen ပေါ်မှာ ပါဝင်တဲ့ 6.09 ဆိုတာကတော့ Display ရဲ့ထောင့်ဖြတ်အလျား တိုင်းတာမှုဖြစ်ပြီး HD+ Resolution ထောက်ပံ့ပေးတဲ့ IPS LCD Display ပါဝင်လာမှာပါ။ ဘေးမှာလည်း 64GB လို့ရှင်းလင်းစွာ ထည့်ထားတာက Storage ဖြစ်ပြီး 32GB / 64GB မော်ဒယ်နှစ်မျိုးနဲ့ ထွက်လာမှာပါ။ ကင်မရာပုံလေးနဲ့ 8 ဂဏာန်းကို ရေးထားတာက ရှေ့ဆယ်ဖီကင်မရာဖြစ်ပြီး 8MP ပါဝင်လာမှာ ဖြစ်ပါတယ်။

TENAA စာရင်းအရဆိုရင် သူ့မှာ 2.3GHz Octa-core ပရိုဆက်ဆာတစ်ခုနဲ့ 3GB RAM မန်မိုရီလည်း ပါဦးမှာပါ။ ရှေ့ဘက်ကင်မရာက 8MP ဖြစ်ပြီး နောက်ဖက်မှာ 13MP ကင်မရာတစ်လုံး ပါမှာဖြစ်ပါတယ်။ ထွက်ထွက်ချင်းမှာတည်းက Android 9 Pie OS ကိုအခြေပြုထားတဲ့ EMUI နဲ့အသုံးပြုရမှာပါ။ Honor 8A ဟာ ၂၀၁၈ ခုနှစ် ဧပြီတုန်းက မိတ်ဆက်ခဲ့တဲ့ Honor 7A ရဲ့ မျိုးဆက်သစ်အဖြစ် ထွက်လာမှာ ဖြစ်ပါတယ်။ ထွက်ရှိရက် သိပ်မလိုတော့တာကြောင့် ၈ ရက်နေ့မှာ မြင်တွေ့ရတော့မှာပါ။

Ref – Playful Droid