Zawgyi
Honor ကတော့ Honor 8 စီးရီးတွေရဲ့ မျိုးနွယ်ခွဲ ဖြစ်တဲ့ Honor 8A ကို မကြာခင်မှာ ပွဲထုတ်နိုင်ဖို့အတွက် ပြင်ဆင်နေပါပြီ။ လောလောဆယ်မှာ Honor 8A နဲ့ပတ်သတ်ပြီး တရားဝင်ထွက်ရှိထားတဲ့ သတင်းအချက်အလက်တွေ မရှိသေးပေမယ့် TENAA မှာတော့ Honor 8A လို့ ယူဆရတဲ့ မော်ဒယ် ၂မျိုးကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။
အဆိုပါ မော်ဒယ် ၂မျိုးဟာ JAT-AL00 , JAT-TL00 ဖြစ်ပြီး Honor 8A နဲ့ Honor 8A Pro ဆိုပြီး အသီးသီးခေါ်ဆိုနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။ ဒါ့အပြင် အဆိုပါဖုန်း ၂လုံးကို ရုရှားနဲ့ ဥရောပဈေးကွက်တွေမှာပဲ ဖြန့်ဖြူးရောင်းချသွားနိုင်တယ်လို့ ပြောကြားထားပါသေးတယ်။
Ref : gadgets.ndtv
Unicode
မျိူးဆက်သစ် Honor 8A ကို မကြာခင် မြင်တွေ့နိုင်ဖွယ်ရှိ
Honor ကတော့ Honor 8 စီးရီးတွေရဲ့ မျိူးနွယ်ခွဲ ဖြစ်တဲ့ Honor 8A ကို မကြာခင်မှာ ပွဲထုတ်နိုင်ဖို့အတွက် ပြင်ဆင်နေပါပြီ။ လောလောဆယ်မှာ Honor 8A နဲ့ပတ်သတ်ပြီး တရားဝင်ထွက်ရှိထားတဲ့ သတင်းအချက်အလက်တွေ မရှိသေးပေမယ့် TENAA မှာတော့ Honor 8A လို့ ယူဆရတဲ့ မော်ဒယ် ၂မျိူးကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။
အဆိုပါ မော်ဒယ် ၂မျိူးဟာ JAT-AL00 , JAT-TL00 ဖြစ်ပြီး Honor 8A နဲ့ Honor 8A Pro ဆိုပြီး အသီးသီးခေါ်ဆိုနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။ ဒါ့အပြင် အဆိုပါဖုန်း ၂လုံးကို ရုရှားနဲ့ ဥရောပစျေးကွက်တွေမှာပဲ ဖြန့်ဖြူးရောင်းချသွားနိုင်တယ်လို့ ပြောကြားထားပါသေးတယ်။
Honor 8A ရဲ့ Display အပိုင်းအတွက် ၆.၀၈လက်မ မျက်နှာပြင်အကျယ်ရှိ HD+ LCD Display ကို အသုံးပြုထားနိုင်ပြီး Resolution ကတော့ 720 x 1560 pixels ရှိနိုင်ပါတယ်။ 2.2GHz ရှိတဲ့ Octa-core SoC ကို အသုံးပြုနိုင်ဖွယ်ရှိပြီး RAM 3GB ပါဝင်တယ်လို့ သိရပါတယ်။ Memory Storage ကိုတော့ 32GB နဲ့ 64GB ဆိုပြီး ၂မျိူး ထုတ်လုပ်သွားနိုင်ပါတယ်။
နောက်ကျောဘက် ကင်မရာအပိုင်းအတွက် 13MP Camera ကို တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP Camera ကို တပ်ဆင်ထားနိုင်ပါတယ်။ လုံခြုံရေးအပိုင်းအတွက် Fingerprint Sensor ကို ထည့်သွင်းတပ်ဆင်ထားတာ မတွေ့ရပါဘူး။ ဒါ့ကြောင့် Face Unlock စနစ်ကိုပဲ အသုံးပြုနိုင်ဖွယ်ရှိပါတယ်။ ဘက်ထရီပမာဏ 2920mAh ထည့်သွင်းထားနိုင်ပြီး အလေးကချိန်ကတော့ ၁၅၀ ဂရမ်ရှိတယ်လို့ သိရပါတယ်။ တချိူ့သော ကျွမ်းကျင်ပညာရှင်များကတော့ Honor 8A ကို Honor Play 8 ဆိုပြီး မိတ်ဆက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။
Ref : gadgets.ndtv