Huawei ဟာ ေအာက္တုိဘာလ ၁၁ ရက္ေန႔မွာ ထြက္လာမယ့္ Honor 8C အတြက္ တရားဝင္ဖိတ္စာေတြ ပို႔ျပီးခဲ့ပါျပီ။ ဒါေပမယ့္ သူတုိ႔မေၾကျငာရေသးခင္ တရုတ္မွတ္ပုံတင္ဆုိက္ျဖစ္တဲ့ TENAA မွာ ဒီဖုန္းအသစ္ရဲ႕ Specs ေတြက ေစာျပီး ထြက္လာခဲ့ပါတယ္။

Huawei Honor 8C ဟာ အခုႏွစ္ ေမလမွာပဲ ထြက္ခဲ့တဲ့ Honor 7C ရဲ႕ မ်ဳိးဆက္သစ္ျဖစ္ျပီး သူ႕ကို ေအာက္တုိဘာ ၁၁ မွာပဲ ဥေရာပေစ်းကြက္မွာ စေရာင္းမယ့္ Honor 8X ရဲ႕ေစ်းပိုခ်ဳိတဲ့ ဗားရွင္းအျဖစ္ ျမင္ေယာင္ၾကည့္ႏုိင္တယ္။

Honor 8C ရဲ႕မ်က္ႏွာျပင္ကေတာ့ 6.28” လက္မ 720x 1520p Resolution နဲ႔ပါ။ ကိုယ္ထည္ရဲ႕ ရွည္လ်ားတဲ့ အခ်ဳိးနဲ႔ 0.28” အစြန္းထြက္ေလးကေတာ့ မ်က္ႏွာျပင္ေပၚမွာ Notch ထည့္ထားတာေၾကာင့္ ျဖစ္ပါတယ္။ Chipset ကေတာ့ 7C မွာသုံးထားတဲ့ Snapdragon 450 မဟုတ္ရင္ေတာင္ 8X မွာ သုံးထားတဲ့ Snapdragon 710 ေတာ့ မျဖစ္ႏုိင္ပါဘူး။ ဒါေပမယ့္ သတင္းေကာင္းကေတာ့ RAM ကုိ 4GB ထိ ျမွင့္တင္ထားျပီး Storage ပမာဏ 32GB နဲ႔ 64GB ၾကိဳက္ရာကို ေရြးခ်ယ္ႏုိင္မွာပါ။

ကင္မရာမွာေတာ့ ေက်ာဘက္မွာ 13 + 2MP Dual ကင္မရာအစုံျဖစ္ျပီး ေရွ႕ဘက္မွာ 8MP ဆယ္လ္ဖီ ပါဝင္တယ္။ Honor 8C ဟာ သူ႕ရဲ႕မိသားစုဝင္ေတြထက္ေတာ့ ပိုၾကီးတဲ့ ဘကၳရီပါဝင္လာျပီး 3900 mAh ျဖစ္ပါတယ္။ ထြက္ရွိမယ့္ရက္ကိုလည္း သိရျပီးျဖစ္တာေၾကာင့္ ေစ်းႏႈန္းနဲ႔ က်န္ေသးတဲ့ အခ်က္အလက္ေတြကိုလဲ မၾကာခင္ သိရေတာ့မွာပါ။

Ref – GSM Arena

Unicode

Huawei ဟာ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ထွက်လာမယ့် Honor 8C အတွက် တရားဝင်ဖိတ်စာတွေ ပို့ပြီးခဲ့ပါပြီ။ ဒါပေမယ့် သူတို့မကြေငြာရသေးခင် တရုတ်မှတ်ပုံတင်ဆိုက်ဖြစ်တဲ့ TENAA မှာ ဒီဖုန်းအသစ်ရဲ့ Specs တွေက စောပြီး ထွက်လာခဲ့ပါတယ်။

Huawei Honor 8C ဟာ အခုနှစ် မေလမှာပဲ ထွက်ခဲ့တဲ့ Honor 7C ရဲ့ မျိုးဆက်သစ်ဖြစ်ပြီး သူ့ကို အောက်တိုဘာ ၁၁ မှာပဲ ဥရောပဈေးကွက်မှာ စရောင်းမယ့် Honor 8X ရဲ့ဈေးပိုချိုတဲ့ ဗားရှင်းအဖြစ် မြင်ယောင်ကြည့်နိုင်တယ်။

Honor 8C ရဲ့မျက်နှာပြင်ကတော့ 6.28” လက်မ 720x 1520p Resolution နဲ့ပါ။ ကိုယ်ထည်ရဲ့ ရှည်လျားတဲ့ အချိုးနဲ့ 0.28” အစွန်းထွက်လေးကတော့ မျက်နှာပြင်ပေါ်မှာ Notch ထည့်ထားတာကြောင့် ဖြစ်ပါတယ်။ Chipset ကတော့ 7C မှာသုံးထားတဲ့ Snapdragon 450 မဟုတ်ရင်တောင် 8X မှာ သုံးထားတဲ့ Snapdragon 710 တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သတင်းကောင်းကတော့ RAM ကို 4GB ထိ မြှင့်တင်ထားပြီး Storage ပမာဏ 32GB နဲ့ 64GB ကြိုက်ရာကို ရွေးချယ်နိုင်မှာပါ။

ကင်မရာမှာတော့ ကျောဘက်မှာ 13 + 2MP Dual ကင်မရာအစုံဖြစ်ပြီး ရှေ့ဘက်မှာ 8MP ဆယ်လ်ဖီ ပါဝင်တယ်။ Honor 8C ဟာ သူ့ရဲ့မိသားစုဝင်တွေထက်တော့ ပိုကြီးတဲ့ ဘက္ထရီပါဝင်လာပြီး 3900 mAh ဖြစ်ပါတယ်။ ထွက်ရှိမယ့်ရက်ကိုလည်း သိရပြီးဖြစ်တာကြောင့် ဈေးနှုန်းနဲ့ ကျန်သေးတဲ့ အချက်အလက်တွေကိုလဲ မကြာခင် သိရတော့မှာပါ။

Ref – GSM Arena