Honor 8X သည် Mytel sim card ဖြင့် ငွေဖြည့်တိုင်း ဒေတာ 4 GB ကို ၆ လတိတိ ပရိုမိုးရှင်းပေးမည် ဖြစ်သည်

ရန်ကုန်၊ နိုဝင်ဘာ ၂၇၊ ၂၀၁၈ – ဈေးကွက်ဦးဆောင် စမတ်ဖုန်း e-brand တစ်ခုဖြစ်သော Honor သည် Mytel နှင့် မိတ်ဖက်လုပ်ဆောင်ပြီး Honor 8X ဝယ်ယူ၍ Mytel sim card ဖြင့် ငွေဖြည့်သူများအတွက် အကျိုးအမြတ် များစွာရရှိစေမည် ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှ စတင်ပြီး Honor 8X ဝယ်ယူပြီး Sim 1 ကတ်နေရာတွင် Mytel sim card ထည့်သွင်း အသုံးပြုသူများသည် မြန်မာကျပ်ငွေ ၁၀၀၀၀ top-up ထည့်တိုင်း အံ့သြဖွယ်ရာ ဒေတာဘောနပ်များ ၆ လတိတိ အကျိုးခံစား ရရှိစေမည် ဖြစ်ပါသည်။

မြန်မာ့ဈေးကွက်ကို နောက်ဆုံးအနေဖြင့် ဝင်ရောက်လာသည့် စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သည့် Honor သည် အွန်လိုင်းနှင့် အွန်လိုင်းပြင်ပတွင် မြန်မာနိုင်ငံ၌ လူကြိုက်အများဆုံး စမတ်ဖုန်းတံဆိပ် ဖြစ်လာခဲ့ပါသည်။ E Top-up သို့မဟုတ် Top Up ဖြင့် ငွေဖြည့်ရာတွင် Mytel sim card ကို အသုံးပြုသည့် Honor 8X ပရိသတ်များသည် Facebook၊ Messenger၊ Viber၊ Line နှင့် Instagram တို့တွင် အသုံးပြုရန်အတွက် အထူးဘောနပ်ဒေတာတို့ကို ရရှိမည်ဖြစ်သည်။ Mytel ကြိုတင်ငွေဖြည့်ကတ် အသုံးပြုသူများသည် အနည်းဆုံး ငွေ ၁၀၀၀၀ ကျပ် ငွေဖြည့်ရာတွင် ဒေတာဘောနပ်ကို ရရှိမည်ဖြစ်သည်။ ဤပရိုမိုးရှင်းသည် ၂၀၁၈ ခုနှစ် မေလအထိ ၆ လကြာမြင့်မည် ဖြစ်ပါသည်။

Honor Myanmar ၏ ဥက္ကဌဖြစ်သူ Mr. Bai Jing မှ “ကျွန်ုပ်တို့သည် Mytel နှင့် Honor 8X အသုံးပြုသူများကို ၎င်းတို့၏စိတ်ကြိုက် လူမှုမီဒီယာ platform များနှင့် ဆက်သွယ်ပေးခြင်းဖြင့် ကျွန်ုပ်တို့၏ Huawei နည်းပညာများဖြင့် ထောက်ပံ့ထားသည့် လျှင်မြန်သည့် ကွန်ရက်မှတစ်ဆင့် လူမှုမီဒီယာ platform များသို့ ချိတ်ဆက်ပေးနိုင်သည်။ မြန်မာနိုင်ငံသူ နိုင်ငံသားများသည် ဒစ်ဂျစ်တယ် လူမှုနေထိုင်မှုဘဝကို လက်ခံလာကြသည်နှင့်အမျှ ကျွန်ုပ်တို့သည် Honor ပရိသတ်များကို အခမဲ့ ဒေတာများဖြင့် နိုင်ငံတကာ လူမှုကွန်ရက်များကို ဆက်သွယ်ပေးရန်နှင့် Honr ၏ အကောင်းဆုံး အထောက်အပံ့များကို အသုံးပြု၍ ကမ္ဘာတစ်လွှားမှ မိတ်ဆွေများနှင့် မိသားစုများနှင့် ဆက်သွယ်စေနိုင်မည် ဖြစ်ပါသည်” ဟု ဆိုပါသည်။

Honor 8X စမတ်ဖုန်းသည် 4.25mm သာ အထူရှိသော အောက်ခံဘောင်နှင့်အတူ 6.5-inch Notch Full View Display တို့ကို ဖန်သားပြင်နှင့် ကိုယ်ထည်အချိုး 91% ဖြင့် ပါဝင်သည်။ ၎င်းတွင် 2.5D double texture aurora glass body၊ အဆင့်မြင့် chip-on-film (COF) နည်းပညာနှင့် အသိဥာဏ်တု (AI) ကင်မရာများလည်း ပါဝင်ပါသည်။ ထို့ပြင် Honor 8X သည် Kirin 710 chipset အသစ်များ ပါရှိသည့် ကမ္ဘာ့ပထမဆုံး Honor စမတ်ဖုန်း ဖြစ်ပါသည်။ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သည့် သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသည့် Honor 8X သည် မည်သည့် ဈေးကွက်ဦးဆောင် စမတ်ဖုန်းမှ မယှဉ်နိုင်သည့် အထူးတန်ဖိုးများဖြင့် ပံ့ပိုးပေးလျက် ရှိပါသည်။

Honor Honor 8X ကို အပြာရောင်နှင့် အနက်ရောင်ဟူ၍ ရေပန်းစားသော အရောင်နှစ်ရောင်ဖြင့် ရရှိနိုင်ပါသည်။ Honor Myanmar သည် ၎င်း၏ ဈေးကွက်ဦးဆောင် အင်္ဂါရပ်များ ပါရှိသည့် ပထမဆုံး စမတ်ဖုန်းကို မြန်မာနိုင်ငံသို့ တင်သွင်းယူဆောင်ရာတွင် စိန်ခေါ်မှုများနှင့် တွေ့ကြုံခဲ့ရသော်လည်း Honor 8X ကို တရားဝင် မိတ်ဆက်ပေးနိုင်ခဲ့ပါသည်။ ဤ ဈေးကွက်ဦးဆောင် အင်္ဂါရပ်များ ပါရှိသည့် စမတ်ဖုန်းကို 4GB + 128 GB ROM အတွက် မြန်မာကျပ်ငွေ ၃၅၉၀၀၀ နှင့် 6 GB + 128 GB ROM အတွက် မြန်မာကျပ်ငွေ ၃၉၉၀၀၀ ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်ပါသည်။ Honor 8X ဝယ်ယူသူများသည် အခမဲ့ဒေတာတို့အပြင် နားကြပ် (earphone) တစ်စုံ၊ ဖုန်းကာဗာတစ်ခုနှင့် selfie stick တို့ကိုလည်း လက်ဆောင် ရရှိနိုင်မည် ဖြစ်ပါသည်။