ရန်ကုန်၊ နိုဝင်ဘာ ၅ ရက်၊ ၂၀၁၈ – Honor အနေနဲ့ မျိုးဆက်သစ် စမတ်ဖုန်း Honor 8X ကို မြန်မာနိုင်ငံမှာ မနေ့က မိတ်ဆက်ပေးခဲ့တာပါ။ Honor 8X ကို တရုတ်နိုင်ငံမှာ စက်တင်ဘာလ ၂၀၁၈ ခုနှစ်တုန်းက စတင်မိတ်ဆက်ပေးခဲ့ပြီး အောက်တိုဘာလအစမှာ နိုင်ငံတကာတွင် ဝယ်ယူအသုံးပြုနိုင်ခဲ့ပါတယ်။

Honor X Series တွေ ဖြစ်တဲ့ 4X၊ 5X၊ 6X၊ 7X နဲ့ ယခု 8X တို့ဟာ သာလွန်တဲ့ တန်ဖိုးနဲ့ ဖန်တီးမှု အရည်အသွေးတို့ကို ပေးစွမ်းနိုင်ခဲ့ကြပါတယ်။ Honor 8X က X series အတွက် အချက်အချာကျတဲ့ အထိန်းအမှတ်တစ်ခုဖြစ်ပြီး ထူးခြားတဲ့ တန်ဖိုးများကို ဆက်လက်ထိန်းသိမ်းသွားခဲ့ပါတယ်။

Honor 8X ဟာ ဖန်သားပြင်နှင့် ကိုယ်ထည်အချိုး 91% နှင့် 6.5-inch Notch ပါသည့် မျက်နှာပြင်ပြည့် Display တို့အား chip-on-film (COF) နည်းပညာဖြင့် အားဖြည့်ထားပါတယ်။ Minimalist ဒီဇိုင်းမူအပေါ် အခြေပြုထားတယ့် Honor 8X မှာ grating effect ပါရှိတဲ့ 2.5D double texture aurora glass ကိုယ်ထည်လည်း ပါဝင်ပါသေးတယ်။

Honor 8X ဟာ ‘Beyond Limits’ (ကန့်သတ်ချက်များကို ကျော်လွန်၍) ဟူသော ဆောင်ပုဒ်နှင့်အညီ ၎င်း၏ အကောင်းဆုံး နည်းပညာများ၊ ထင်ရှားတဲ့ minimalist ဒီဇိုင်းပုံစံနှင့် အနုစိပ် ဖန်တီးမှုတို့ဖြင့် honor အမှတ်တံဆိပ်၏ ရဲရင့်သော အမြင်နှင့် ဒီဇိုင်းဆိုင်ရာ အထိန်းအမှတ်များကို သရုပ်ပြလျက် ရှိပါတယ်။ သွင်ပြင်အချိုးအစားတို့ကို သိပ္ပံနည်းကျ ချဉ်းကပ်ဖန်တီးထားတဲ့ Honor 8X က အသုံးပြုနိုင်စွမ်းနှင့် လှပမှုတို့အကြား မှန်ကန်သော မျှခြေကို ဖန်တီးပေးနိုင်ခဲ့ပြီး လက်ရှိဈေးကွက်အတွင်း သူမတူသည့် ဖုန်းတစ်လုံး ဖြစ်လာပါတယ်။

Honor 8X ရဲ့ အဓိကလုပ်ဆောင်ချက်များ

6.5 inch မျက်နှာပြင် – Honor 8X တွင် 6.5-inch Notch Full-View Display 2.0 ပါဝင်ပြီး 5.5 inch ရှည်၍ 7.8 mm ထူသော ကိုယ်ထည်တွင် 19.5:9 အချိုးဖြင့် ပါဝင်မည်ဖြစ်သည်။ ၎င်းသည် ရုပ်ရှင်များတွင် အသုံးပြုသည့် 21:9 အချိုးနှင် ပိုမိုနီးစပ်ပြီး အသုံးပြုသူများကို ပါးလွှာသေးသွယ်သည့် စမတ်ဖုန်းတွင် ထင်ရှားသော မြင်ကွင်းများကို ကြည့်ရှုစေနိုင်မည် ဖြစ်ပါသည်။

ဖန်သားပြင်နှင့် ကိုယ်ထည်အချိုး 91% နှင့် ပါးလွှာသည့် ကိုယ်ထည် – ဖန်သားပြင်နှင့် ကိုယ်ထည်အချိုးသည် စမတ်ဖုန်းဒီဇီုင်းအတွက် အဓိကကျပါသည်။ Honor သည် အဆင့်မြင့် chip-on-film (COF) နည်းပညာနှင့် ၎င်း၏မှတ်ပုံတင်ထားသော အင်တာနာဒီဇိုင်းတို့ကို အသုံးပြု၍ အောက်ခြေအနားသတ်၏ အထူကို 4.25mm သို့ လျော့ချပေးခဲ့ပြီး ဈေးကွက်ဦးဆောင် စမတ်ဖုန်းအများစုထက် သာလွန်သည့် ဖန်သားပြင်နှင့် ကိုယ်ထည်အချိုး 91% ကို ရရှိခဲ့ပါသည်။

သွင်ပြင်အချိုးအစားအပေါ် ဦးတည်ထားသည့် minimalist ဒီဇိုင်းပုံစံ – Honor 8X သည် သတ္တုအလယ်ဖရိမ်ကို အသုံးပြု၍ grating effect ပါဝင်သော 2.5D double texture aurora glass ကိုယ်ထည်ကို အသုံးပြုထားသောကြောင့် လှပတင့်တယ်၍ ချောမွေ့သော ပုံစံကို ပေးစွမ်းနိုင်ပါသည်။ အပြိုင်အရောင်ပြောင်းလဲမှု ဒီဇိုင်းပုံစံကို အလွှာ ၁၅ လွှာဖြင့် ဖန်တီးထားခြင်း ဖြစ်ပြီး မတူညီသော ရှုထောင့်မှ ကြည့်ပါက မတူညီသော ရောင်ပြန်ဟပ်မှုများကို ပြသပေးမည် ဖြစ်ပါသည်။ အပြာရောင်၊ အနက်ရောင်နှင့် နောက်ဆုံး အနီရောင်တို့မှ ရွေးချယ်ဝယ်ယူနိုင်သောကြောင့် အသုံးပြုသူများသည် ၎င်းတို့၏ ကိုယ်ပိုင်စတိုင်နှင့် ကိုယ်ရည်ကိုယ်သွေးကို ပြသနိုင်မည် ဖြစ်ပါသည်။

မျက်လုံးအတွက် အကာအကွယ် – အီလက်ထရောနစ် ကိရိယာများ၏ ဖန်သားပြင်များမှ အပြာရောင်အလင်းနှင့် ကျွန်ုပ်တို့မျက်လုံးများ ထိတွေ့မှုနှင့် ပတ်သတ်၍ စိုးရိမ်ပူပန်မှုများ များပြားလာခဲ့ပါသည်။ Honor 8X သည် TüV Rheinland မှ အသိအမှတ်ပြုထားသော မျိုးဆက်သစ် Eye Comfort mode ကို ထည့်သွင်းအသုံးပြုထားပြီး ထိုနည်းပညာသည် ဖန်သားပြင်မှ အပြာရောင်အလင်း ထုတ်လွှတ်မှုကို လျော့ချပေးပြီး မျက်လုံးကို သက်တောင့်သက်သာ ရှိစေမည်ဖြစ်သည်။ ၎င်းတွင် နေရောင်နှင့် ညဘက် ပြသမှုဆိုင်ရာ နည်းပညာလည်း ပါဝင်နေပြီး ထိုနည်းပညာသည် အသုံးပြုသူများကို နေရောင်အောက်တွင် ဖန်သားပြင်အား ထင်ရှားစွာ မြင်နိုင်စေပြီး ညမအိပ်မီ စာဖတ်ရာတွင်လည်း သက်တောင့်သက်သာ ရှိစေမည်ဖြစ်သည်။

Honor Myanmar ၏ ဥက္ကဌဖြစ်သူ Mr. Bai Jing မှ “အသစ်မိတ်ဆက်ပေးခဲ့သည့် Honor 8X နှင့်အတူ ကျွန်ုပ်တို့ Honor အမှတ်တံဆိပ်သည် တန်ဖိုး၊ ဒီဇိုင်းနှင့် စွမ်းဆောင်ရည်တို့အကြား ထူးခြားသည့်ဟန်ချက်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး စံနှုန်းတစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပါသည်။ Honor 8X သည် minimalism အား လှပစွာ ဖော်ထုတ်ပြသမှု တစ်ခုသာမကဘဲ ဈေးကွက်ထိပ်သီး စွမ်းဆောင်ရည်များအတွက် ဈေးကွက်ထိပ်သီး ဈေးနှုန်းများ ပေးရန်မလိုအပ်ကြောင်းကိုလည်း သက်သေပြထားသည့် ဖုန်းတစ်လုံးလည်း ဖြစ်ပါသည်။ ယနေ့တွင် ကျွန်ုပ်တို့သည် X Series အတွက် နောက်ဆုံးပေါ် အဖွဲ့ဝင်ဖြစ်ပြီး ဈေးကွက်ထိပ်သီး အခြားစမတ်ဖုန်းများကို ဈေးကွက်မှ ဖယ်ထုတ်ပေးမည့် ကန့်သတ်ချက်မရှိသော ဖုန်းတစ်လုံးကို မြန်မာနိုင်ငံသို့ မိတ်ဆက်ပေးခဲ့ပါသည်။ Honor 8X သည် ဈေးနှုန်း၊ စွမ်းဆောင်ရည်နှင့် ထင်ရှားလှပသည့် ပုံသဏ္ဍာန်တို့တွင် မည်သည့်နေရာတွင်မှ အလျော့မပေးလိုသော ဖောက်သည်တို့၏ တောင်းဆိုချက်များကို ကျော်လွန်နိုင်ပါသည်” ဟု ဆိုပါသည်။

Honor 8X ကို မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်၍ Honor showroom ပြခန်းများတွင် ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး လက်ရှိတွင် ရေပန်းစားနေသော အနက်ရောင်နှင့် အပြာရောင်များဖြင့် ဝယ်ယူနိုင်မည် ဖြစ်ပါသည်။ Honor 8X တွင် 128GB storage ပါဝင်မည်ဖြစ်ပြီး microSD ကတ်ဖြင့် 400GB အထိ တိုးမြှင့်နိုင်မည်ဖြစ်သည်။ ဤဈေးကွက်ဦးဆောင် စမတ်ဖုန်းကို 4GB + 128 GB ROM အတွက် ဈေးနှုန်း ၃၅၉၀၀၀ ကျပ်နှင့် 6GB + 128 GB ROM အတွက် ဈေးနှုန်း ၃၉၉၀၀၀ ကျပ်တို့ဖြင့် ဝယ်ယူနိုင်ပါသည်။

ထိုသို့ မိတ်ဆက်ပေးရာတွင် Mr. Bai Jing မှ မြန်မာနိုင်ငံတစ်လွှားရှိ Honor ချစ်သူများ အင်တာနက်မှတစ်ဆင့် တွေ့ဆုံစုဝေး၍ ၎င်းတို့၏ စမတ်ဖုန်းများကို ပြသနိုင်ရန်နှင့် နောက်ဆုံးပေါ် ထုတ်ကုန်များနှင့် system upgrade များကို ရယူနိုင်ရန်အတွက် Honor Myanmar Fan Club ဟူသော Facebook စာမျက်နှာကို ဖန်တီးပေးမည်ဟု ကြေငြာခဲ့ပါသည်။ ထို့ပြင် အဖွဲ့ဝင်များသည် ပရိတ်သတ်ပါတီများသို့ သီးသန့်ဖိတ်ကြားမှု၊ Honor ၏ လှုံ့ဆော်စည်းရုံးမှုများ၊ ပြိုင်ပွဲများနှင့် အခြားပွဲများတွင် ဦးစားပေး ပါဝင်နိုင်မှုများကိုလည်း အကျိုးအမြတ်အဖြစ် ရရှိမည် ဖြစ်ပါသည်။ ထို Fan Club သို့ ဝင်ရန်အတွက် Honor Myanmar Fan Club Facebook group မှ ဝင်ခွင့်ပုံစံကို ဖြည့်သွင်းရန်သာ လိုအပ်ပါသည်။

Huawei ၏ လက်အောက်ခံ စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့် Honor သည် ယခုနှစ် အစောပိုင်းတွင် ရန်ကုန်၌ ပထမဆုံးသော ဈေးကွက်ဦးဆောင် ပြခန်းကို ဖွင့်လှစ်ခြင်းဖြင့် မြန်မာနိုင်ငံဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပါသည်။ စက်တင်ဘာလတွင် Honor သည် မန္တလေးနှင့် မော်လမြိုင်တို့ အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးများသို့ ၎င်း၏ပြခန်းများ တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ ငယ်ရွယ်ပြီး နည်းပညာလိုက်စားသည့် ဖောက်သည်များနှင့် တွေ့ဆုံရန်နှင့် ရေပန်းစားသော နောက်ဆုံးပေါ် နည်းပညာတို့ကို ပိုမိုလွယ်ကူစွာ ရရှိနိုင်စေရန် လုပ်ဆောင်ပေးခဲ့ပါသည်။ ရန်ကုန်တွင် Honor 7A၊ 7C၊ 7S နှင့် 9 Lite တို့၏ လက်တလော အောင်မြင်မှုသည်လည်း မြန်မာ့လူငယ်များမှ Honor အမှတ်တံဆိပ်ကို ပိုမိုလက်ခံ အသုံးပြုလာကြောင်းကို သရုပ်ပြပေးလျက် ရှိပါသည်။

Honor သည် မြန်မာနိုင်ငံအတွင်း ၎င်း၏အခြေအနေကို တိုးချဲ့လျက်ရှိပါသည်။ ဥက္ကဌ Mr. Bai Jing ၏ အဆိုအရ နိုင်ငံအတွင်း ဖုန်းရောင်းချမှုနှုန်းမှာ ပြီးခဲ့သည့် ငါးလအတွင်း ၃၀၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး မြန်မာနိုင်ငံအတွင်း ကုမ္ပဏီ၏ ရေပန်းစားမှု အလျှင်အမြန် တိုးမြင့်လာကြောင်း တွေ့ရပါသည်။ Honor သည် ယခုနှစ် မကုန်မီအတွင်း ပြခန်းများ ထပ်မံဖွင့်လှစ်ရန်လည်း ထည့်သွင်းစဉ်းစားလျက် ရှိပါသည်။