Honor သည် 8X ၏ နိုင်ငံတွင်း ခေတ်ပြိုင်အနုပညာများကို ဖမ်းယူပြသနိုင်ရန်အတွက် နည်းလမ်းများနှင့် နည်းစနစ်များကို ပြသခဲ့သည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၇၊ ၂၀၁၈

Honor Myanmar သည် “Capture Beyond Limits” အမည်ရ ဓါတ်ပုံဆိုင်ရာ အလုပ်ရုံစည်းဝေးပွဲတစ်ခုကို ယနေ့ကျင်းပခဲ့ပြီး ဓါတ်ပုံရိုက်ကူးမှုအတွက် စိတ်ပါဝင်စားသူ မီဒီယာနှင့် စမတ်ဖုန်း ဝါသနာရှင်များကို နိုင်ငံအတွင်း ထိပ်သီးအနုပညာရှင်များ၏ အဆင့်မြင့် ပန်းချီကားများကို ပြသပေးလေ့ရှိပြီး မြန်မာနိုင်ငံ၏ အနုပညာဆိုင်ရာ သတင်းများနှင့် ရှုထောင့်များကို ပြသလေ့ရှိသည့် အနုပညာပြခန်းတစ်ခုဖြစ်သော River Gallery တွင် စုစည်းခဲ့သည်။

ဤခေတ်ပြိုင်အနုပညာများကို မြန်မာ့ဈေးကွက်တွင် ကျယ်ပြန့်စွာ ပြသပေးရန်အတွက် ဤစမတ်ဖုန်းအမှတ်တံဆိပ် အသစ်မှ ပညာရှင်အဆင့် ဓါတ်ပုံပညာအတွက် ခေတ်သစ်တစ်ခုဖြင့် မိတ်ဆက်ပေးရန်နှင့် Honor 8X ၏ မှန်ဘီလူးများကို အကောင်းဆုံး အသုံးပြုနည်းတို့ကို ဒေသအတွင်းမှ တမူကွဲပြားသော လက်ရာများကို ကြည့်ရှုရင်း မိတ်ဆက်ပေးနိုင်ရန်အတွက် ဓါတ်ပုံပြပွဲတစ်ခု ကျင်းပခဲ့ပါသည်။

Shane Photography မှ Lifestyle ဓါတ်ပုံပညာရှင် ကိုအောင်ရဲလင်းသည် သမားရိုးကျ ပညာရှင်အဆင့်သုံး ကင်မရာများနေရာတွင် အစားထိုးနိုင်သည့် Honor 8X ၏ အင်္ဂါရပ်အသစ်များကို အသုံးပြုရမည့် မတူညီသော နည်းလမ်းများကို မိတ်ဆက်ပေးခဲ့သည်။ ပြခန်းကို လှည့်လည်ကြည့်ရှုစဉ်တွင် မကြာသေးမီက မိတ်ဆက်ပေးခဲ့သည့် Honor 8X Red Edition ကို အသုံးပြု၍ ပြခန်းအတွင်း ပြသထားသော ပန်းချီကားများကို အကောင်းဆုံး ဓါတ်ပုံရိုက်ကူးနိုင်သည့် မတူညီသော နည်းလမ်းအမျိုးမျိုးကို သရုပ်ပြခဲ့ပါသည်။ ကိုအောင်ရဲလင်းသည် ပစ္စည်းတစ်ခုကို ဓါတ်ပုံရိုက်ရန်အတွက် မှန်ကန်သော ကင်မရာအင်္ဂါရပ်များကို ဓါတ်ပုံရိုက်ကူးသူမှ ရွေးချယ်ပေးရန် လိုအပ်သည်ဟု ယုံကြည်ထားပါသည်။

Honor Myanmar ၏ ဥက္ကဌဖြစ်သူ Mr. Bai Jing မှ “ပညာရှင်အဆင့်နှင့် အပျော်တမ်းအဆင့် ဓါတ်ပုံဝါသနာရှင်များသည် လျှပ်တပြတ်ရိုက်ချက်တစ်ခုကို ရိုက်ကူးရန်၊ လူပုံများ ရိုက်ကူးရန် သို့မဟုတ် အရေးကြီးသော ပွဲလမ်းသဘင်တစ်ခုအတွက် ဗီဒီယို Presentation ကို ရိုက်ကူးပေးရန် သို့မဟုတ် တစ်မူထူးခြားသော အခြေအနေတစ်ခုကို ပညာရှင်ပီသသော အနေအထားဖြင့် ဖမ်းယူရန် လိုအပ်နိုင်ပြီး ထို့အတွက်ကြောင့် ကျွန်ုပ်တို့သည် ဤအလုပ်ရုံစည်းဝေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်” ဟု ဆိုပါသည်။

ဤစမတ်ဖုန်းတွင် အသေးစိတ် မျက်နှာပြင်အင်္ဂါရပ်များကို ဖမ်းယူရန်နှင့် ပုံရိပ်၏အရည်အသွေးကို တိုးမြှင့်ရန်အတွက် 3D မျက်နှာရှာဖွေမှုနှင့် ဓါတ်ပုံအဆင့်မြှင့်မှုဆိုင်ရာ Filter များ ပါဝင်ပါသည်။ 20MP နှင့် 2MP Dual AI နောက်ကင်မရာနှင့် 16MP ရှေ့ကင်မရာတို့ ပါဝင်ပါသည်။ Artificial Intelligence ပါဝင်သည့် ဤကင်မရာသည် အခန်းကဏ္ဍ ၂၂ မှ အခြေအနေ ၅၀၀ ကျော်ကို သိရှိနိုင်ပြီး အသုံးပြုသူ ရိုက်ကူးနေသည့် အကြောင်းအရာတို့ကို အခြေပြု၍ ဆက်တင်များအား အကောင်းဆုံးပြင်ဆင်ခြင်းနှင့် ဓါတ်ပုံအရည်အသွေးတို့ကို တိုးမြှင့်ခြင်းများ လုပ်ဆောင်ပေးနိုင်ပါသည်။

Honor 8X ကင်မရာ၏ ထူးခြားသော အင်္ဂါရပ်များ

AI ကင်မရာ – Honor 8X AI Dual နောက်ကင်မရာ နည်းပညာသည် ဓါတ်ပုံများမှ မတူညီသော ပစ္စည်းများကို အလိုအလျောက် ရှာဖွေတွေ့ရှိနိုင်ပြီး ဆက်တင်များကို အလားတူပင် အကောင်းဆုံး ချိန်ညှိပေးသည်

Night Mode – Night Mode ပါဝင်သည့် Honor 8X သည် အကောင်းဆုံးသော ဓါတ်ပုံများ ရိုက်ကူးနိုင်ရန်အတွက် ကူညီပေးနိုင်သည်။ AI ကင်မရာသည် အချိန်ပိုင်းတစ်ခုအတွင်း ဓါတ်ပုံဖရိမ် အများအပြား ရိုက်ကူးပြီး အကောင်းဆုံးသော ဓါတ်ပုံကို ဖန်တီးပေးသည်။

HDR Mode – Semantic ပုံရိပ် ခွဲခြားမှုနည်းပညာနှင့် အလွန်လှုပ်ရှားပြောင်းလဲနိုင်သော ပမာဏ (High Dynamic Rang – HDR) အင်္ဂါရပ်သည် ဓါတ်ပုံအရည်အသွေးကို အထူးမြှင့်တင်ပေးသည်။ ဖရိမ်အများအပြားကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းပေးပြီး မျက်နှာများကို အလင်းရောင်ပိုပေးခြင်းဖြင့် ပတ်ဝန်းကျင်နှင့် လူမျက်နှာအားလုံးသည် ရှင်းလင်းစွာ ပေါ်မည်ဖြစ်ပြီး မှောင်သော ပတ်ဝန်းကျင် သို့မဟုတ် နောက်ဖက်အလင်းရောင် ထင်ရှားသည့် အချိန်များ၌ပင် ပေါ်လွင်နေမည် ဖြစ်ပါသည်။

အနှေးပြကွက် ဗီဒီယို – Honor 8X သည် အနှေးပြကွက် (120fps၊ 4X) နှင့် အထူးအနှေးပြကွက် (480fps၊ 16X) မုဒ်များပါဝင်ပြီး လျှင်မြန်စွာ လှုပ်ရှားနေသည့် ပစ္စည်းများ သို့မဟုတ် အခြေအနေများကို ရိုက်ကူးပေးနိုင်ပါသည်။

“ဤအလုပ်ရုံစည်းဝေးပွဲမှတစ်ဆင့် Honor 8X ကင်မရာ အသုံးပြုခြင်းဖြင့် အသုံးပြုသူများကို သစ်လွင်ပြီး ထင်ရှားသော ကင်မရာအင်္ဂါရပ်များဖြင့် ၎င်းတို့၏ အနုပညာအရည်အသွေးကို ပြသပေးနိုင်ပြီး ပန်းချီကားများတွင် ပြသထားသည့် ကိစ္စရပ်များထက် ကျော်လွန်၍ ဖမ်းယူရိုက်ကူးနိုင်ရန် အခွင့်အရေးများကို ပေးသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အဆင့်မြင့် မှန်ဘီလူးများနှင့်အတူ လုပ်ဆောင်မည့် စမတ်ကျသော Filter ဆော့ဖ်ဝဲလ်တစ်ခုကို ဖန်တီးခဲ့ပြီး ၎င်းသည် အသုံးပြုသူများကို အံ့သြဖွယ်၊ အမှတ်ရဖွယ် ဓါတ်ပုံများ ရိုက်ကူးခွင့်ပေးမည့် နောက်ဖက်ကင်မရာများကို အသုံးပြု၍ အရည်အသွေးမြင့် ဓါတ်ပုံများကို ရိုက်ကူးခွင့်ပြုမည် ဖြစ်ပါသည်” ဟု ၎င်းမှ ထပ်မံပြောကြားခဲ့ပါသည်။

လမ်းပေါ်တွင် အကောင်းဆုံး OOTD ဓါတ်ပုံတစ်ပုံ သို့မဟုတ် ငှက်များ ပျံသန်းနေသည့် ဓါတ်ပုံတစ်ပုံကို ရိုက်ရန်အတွက် အသုံးပြုသူသည် မိုဘိုင်းဖုန်းများနှင့် ပတ်သတ်သည့် အတွေ့အကြုံနှင့် နည်းလမ်းအနည်းငယ်ကို သိရှိထားရမည် ဖြစ်ပါသည်။ ဤမိုဘိုင်းဓါတ်ပုံဆိုင်ရာ အလုပ်ရုံစည်းဝေးပွဲအတွင်း တင်ပြခဲ့သည့် အကောင်းဆုံး ဓါတ်ပုံအတွက် Honor 8X တစ်လုံး ပေးအပ်သွားမည် ဖြစ်ပါသည်။