Zawgyi

ဒီေန႔မွာေတာ့ ထြက္ရွိထားတာ အနည္းငယ္ ၾကာျမင့္ေနၿပီ ျဖစ္တဲ့ Honor 9 Lite နဲ႔ ပတ္သတ္ၿပီး MyTech Myanmar ရဲ႕ အျမင္ေလးေတြကို ျပန္လည္ မွ်ေဝေပးသြားမွာပါ။

Honor 9 Lite က ၂၁၉၀၀၀ တန္ Budget ဖုန္းတစ္လုံး ဆိုေပမယ့္ Honor ကေတာ့ ႏွေျမာ တြန္႔တိုျခင္း မရွိဘဲ ကင္မရာ ၄လုံးေတာင္ ထည့္ေပးထားပါတယ္။ ဒါဆို ကင္မရာ Sensor မ်ားမ်ားပါတိုင္း Camera Quality က ေကာင္းသြားသလား ???

Camera

Honor 9 Lite ရဲ႕ Rear Camera အတြက္ Face Detection Auto Focus ပါတဲ့ 13MP Main Camera နဲ႔ 2MP Depth Sensor ေတြကို တပ္ေပးထားတယ္။ Front Camera အတြက္ကိုလည္း အဲ့ဒီ Sensor ေတြကိုပဲ တပ္ေပးထားတာပါ။ ဒါေပမယ့္ Front Camera မွာေတာ့ Face Detection Auto Focus ပါမွာ မဟုတ္ပါဘူး။ Camera App မွာ Flagship ဖုန္းေတြ၊ တခ်ိဴ႕ Mid-range ဖုန္းေတြမွာသာ ေတြ႕ႏိုင္တဲ့ Pro Mode ေတြကို ထည့္ေပးထားတယ္။ ေနာက္ၿပီး AR Lens နဲ႔ Light Painting Features ေတြလည္း ပါမယ္။ 1080p Video ေတြကို 30 Frames per Second နဲ႔ ႐ိုက္ကူးႏိုင္တယ္။ Normal Shot ေတြမွာ Over Saturation ျဖစ္တာမ်ိဴး မရွိဘူး၊ ဒါေပမယ့္ Detail သိပ္မျပတ္တာမ်ိဴးေလးေတြ ေတြ႕ရတယ္။ Auto Focus က ျမန္တယ္၊ မိုက္တယ္။ Selfie Camera မွာလည္း Depth Sensor ပါတဲ့အတြက္ Edge-Detection ျဖတ္တာေလးေတြက ေတာ္ေတာ္ေလး သပ္ရပ္ေနတာကို ေတြ႕ရတယ္။ Low-Light Photography ကိုေတာ့ သိပ္ၿပီး အားမရဘူး။ အမ်ားႀကီး အားမရတာပါ။

Body

Honor 9 Lite ရဲ႕ ဒီဇိုင္းက ၂သိန္းေလာက္ပဲ တန္တဲ့ ဖုန္းဆိုၿပီး ျမင္႐ုံနဲ႔ တန္းသိႏိုင္မယ့္ ဒီဇိုင္းမ်ိဴး မဟုတ္ပါဘူး။ သူရဲ႕ ဒီဇိုင္းက Budget စမတ္ဖုန္း တစ္လုံးလို႔ ထင္ရက္စရာ မရွိေလာက္ေအာင္ Premium ဆန္တယ္။ ေနာက္ၿပီး Body ကိုလည္း Glass Back နဲ႔ Aluminium Frame ကို သုံးေပးထားတယ္။ သူမ်ားေတြလို Upper Mid-range ဖုန္းေတြမွာေတာင္ Plastic Body ကို သုံးေပးထားတာမ်ိဴး မဟုတ္ဘူး။ လက္ထဲမွာ ကိုင္တဲ့အခါ နည္းနည္းေလး ထူေနသလိုခံစားၿပီး က်စ္က်စ္လစ္လစ္ မရွိဘူး။

Display

Honor 9 Lite ရဲ႕ Display အပိုင္းအတြက္ 5.65 inches ရွိတဲ့ 18:9 LCD Display ကို သုံးေပးထားတယ္။ Resolution ကေတာ့ 1080 x 2160 Pixel ပါ။ Display Quality ကို ေျပာရမယ္ဆိုရင္ Contrast အပိုင္းမွာသာ အားနည္းေနတာ ေတြ႕ရၿပီး Brightness ကေတာ့ ေနပူထဲမွာေတာင္ ေကာင္းေကာင္းမြန္မြန္ သုံးႏိုင္တဲ့ အေနအထားမွာ ရွိတယ္။ ဒီေကာင္ရဲ႕ Display က LCD Display ဆိုေပမယ့္ Display Quality ကေတာ့ Budget ဖုန္းတစ္လုံးမွာ ရွိသင့္ ရွိထိုက္တဲ့ အရည္အခ်င္းထက္ နည္းနည္းေလးပိုေကာင္းေနတာ ေတြ႕ရတယ္။

Performance

Processor အပိုင္းအတြက္ HiSilicon Kirin 659 SoC ကို သုံးေပးထားတယ္။ Facebook တို႔၊ Instagram တို႔လိုမ်ိဴး Social App ေတြကို အဆင္ေျပေျပ သုံးႏိုင္တယ္။ Google မွာ ေတာင္ရွာ၊ ေျမာက္ရွာ Web Browsing လုပ္မယ္ဆိုရင္လည္း ကိစၥမရွိဘူး။ ေပါ့ေပါ့ပါးပါး ဂိမ္းေလးေတြကို ေအးေအးေဆးေဆး ေဆာ့လို႔ရမယ္။ PUBG လိုမ်ိဴး Graphic Intensive ျဖစ္တဲ့ Heavy Game ႀကီးေတြေဆာ့မယ္ဆိုရင္ေတာ့ အဆင္မေျပပါဘူး။ ဒါေပမယ့္လည္း Mobile Legends ကိုေတာ့ သာသာယာယာ ေဆာ့လို႔ရပါတယ္။

Battery

3000mAh ဘက္ထရီကို ထည့္ေပးထားတယ္။ Fast Charging Support ေတာ့ ရရွိမွာ မဟုတ္ဘူး။ 0-100 အားအျပည့္သြင္းဖို႔ဆိုရင္ ၂နာရီေက်ာ္ေက်ာ္ ၂နာရီခြဲေလာက္ လိုမယ္။ ေနာက္ၿပီးေတာ့ ဘက္ထရီအား အရမ္းစားတဲ့ Mobile Legends ကို နာရီဝက္ ေဆာ့ၾကည့္တဲ့ အခါမွာ ဘက္ထရီအားက 8% ပဲ ေလ်ာ့တာ ေတြ႕ရတယ္။ ဒီေတာ့ Facebook သုံးလိုက္၊ Video ၾကည့္လိုက္၊ Game ေဆာ့လိုက္ လုပ္မယ္ဆိုရင္ တေန႔တာကေတာ့ ေကာင္းေကာင္း သုံးလို႔ရမွာပါ။

Security

Security အပိုင္းအတြက္ Fingerprint နဲ႔ Face Unlock ၂မ်ိဴးစလုံး သုံးႏိုင္မယ္။ Fingerprint Sensor ကျမန္တယ္။ Face Unlock က Infrared Sensor မပါတဲ့အတြက္ ညဘက္လိုမ်ိဴး အလင္းေရာင္နည္းတဲ့ အခ်ိန္ေတြမွာ သုံးလို႔ အဆင္မေျပဘူး။ ဒါေပမယ့္လည္း Brightness ကို အဆုံးထိ တင္ထားမယ္ဆိုရင္ အလင္းေရာင္ မရွိတာေတာင္ Screen Lighting နဲ႔ Recognize လုပ္ႏိုင္တာကို ေတြ႕ရပါတယ္။

Speaker

Speaker က က်ယ္တယ္။ Volume ကို အဆုံးထိတင္ၿပီး နားေထာင္မယ္ဆိုရင္ တခါတေလမွာ အသံ နည္းနည္းေလး အယ့္သြားတာမ်ိဴးေလးေတြ ရွိတယ္။ Bass သံေတြကို လုံလုံေလာက္ေလာက္ ေထာက္ပံ့မေပးႏိုင္ဘူး။

အထက္ပါ အေၾကာင္းအရာေတြကေတာ့ Honor 9 Lite နဲ႔ ပတ္သတ္ၿပီး MyTech Myanmar ရဲ႕ အျမင္ေလးေတြကို Sharing လုပ္ေပးတာ ျဖစ္ပါတယ္။ ဒီေလာက္ဆိုရင္ေတာ့ Honor 9 Lite က ကိုယ့္အတြက္ အသင့္ေတာ္ဆုံး စမတ္ဖုန္း တစ္လုံး ျဖစ္လာႏိုင္သလားဆိုတာ ေဝဖန္သုံးသပ္ႏိုင္ေလာက္ၿပီ ထင္ပါတယ္။

Unicode

Honor 9 Lite ကို ပြန်လည် သုံးသပ်ကြည့်ခြင်း

ဒီနေ့မှာတော့ ထွက်ရှိထားတာ အနည်းငယ် ကြာမြင့်နေပြီ ဖြစ်တဲ့ Honor 9 Lite နဲ့ ပတ်သတ်ပြီး MyTech Myanmar ရဲ့ အမြင်လေးတွေကို ပြန်လည် မျှဝေပေးသွားမှာပါ။

Honor 9 Lite က ၂၁၉၀၀၀ တန် Budget ဖုန်းတစ်လုံး ဆိုပေမယ့် Honor ကတော့ နှမြော တွန့်တိုခြင်း မရှိဘဲ ကင်မရာ ၄လုံးတောင် ထည့်ပေးထားပါတယ်။ ဒါဆို ကင်မရာ Sensor များများပါတိုင်း Camera Quality က ကောင်းသွားသလား ???

Camera

Honor 9 Lite ရဲ့ Rear Camera အတွက် Face Detection Auto Focus ပါတဲ့ 13MP Main Camera နဲ့ 2MP Depth Sensor တွေကို တပ်ပေးထားတယ်။ Front Camera အတွက်ကိုလည်း အဲ့ဒီ Sensor တွေကိုပဲ တပ်ပေးထားတာပါ။ ဒါပေမယ့် Front Camera မှာတော့ Face Detection Auto Focus ပါမှာ မဟုတ်ပါဘူး။ Camera App မှာ Flagship ဖုန်းတွေ၊ တချိူ့ Mid-range ဖုန်းတွေမှာသာ တွေ့နိုင်တဲ့ Pro Mode တွေကို ထည့်ပေးထားတယ်။ နောက်ပြီး AR Lens နဲ့ Light Painting Features တွေလည်း ပါမယ်။ 1080p Video တွေကို 30 frame per seconds နဲ့ ရိုက်ကူးနိုင်တယ်။ Normal Shot တွေမှာ Over Saturation ဖြစ်တာမျိူး မရှိဘူး၊ ဒါပေမယ့် Detail သိပ်မပြတ်တာမျိူးလေးတွေ တွေ့ရတယ်။ Auto Focus က မြန်တယ်၊ မိုက်တယ်။ Selfie Camera မှာလည်း Depth Sensor ပါတဲ့အတွက် Edge-detection ဖြတ်တာလေးတွေက တော်တော်လေး သပ်ရပ်နေတာကို တွေ့ရတယ်။ Low-light Photography ကိုတော့ သိပ်ပြီး အားမရဘူး။ အများကြီး အားမရတာပါ။

Body

Honor 9 Lite ရဲ့ ဒီဇိုင်းက ၂သိန်းလောက်ပဲ တန်တဲ့ ဖုန်းဆိုပြီး မြင်ရုံနဲ့ တန်းသိနိုင်မယ့် ဒီဇိုင်းမျိူး မဟုတ်ပါဘူး။ သူရဲ့ ဒီဇိုင်းက Budget စမတ်ဖုန်း တစ်လုံးလို့ ထင်ရက်စရာ မရှိလောက်အောင် Premium ဆန်တယ်။ နောက်ပြီး Body ကိုလည်း Glass Back နဲ့ Aluminium Frame ကို သုံးပေးထားတယ်။ သူများတွေလို Upper Mid-range ဖုန်းတွေမှာတောင် Plastic Body ကို သုံးပေးထားတာမျိူး မဟုတ်ဘူး။ လက်ထဲမှာ ကိုင်တဲ့အခါ နည်းနည်းလေး ထူနေသလိုခံစားပြီး ကျစ်ကျစ်လစ်လစ် မရှိဘူး။

Display

Honor 9 lite ရဲ့ Display အပိုင်းအတွက် 5.65 inches ရှိတဲ့ 18:9 LCD Display ကို သုံးပေးထားတယ်။ Resolution ကတော့ 1080 x 2160 pixels ပါ။ Display Quality ကို ပြောရမယ်ဆိုရင် Contrast အပိုင်းမှာသာ အားနည်းနေတာ တွေ့ရပြီး Brightness ကတော့ နေပူထဲမှာတောင် ကောင်းကောင်းမွန်မွန် သုံးနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ဒီကောင်ရဲ့ Display က LCD Display ဆိုပေမယ့် Display Quality ကတော့ Budget ဖုန်းတစ်လုံးမှာ ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းထက် နည်းနည်းလေးပိုကောင်းနေတာ တွေ့ရတယ်။

Performance

Processor အပိုင်းအတွက် HiSilicon Kirin 659 SoC ကို သုံးပေးထားတယ်။ Facebook တို့၊ Instagram တို့လိုမျိူး Social App တွေကို အဆင်ပြေပြေ သုံးနိုင်တယ်။ Google မှာ တောင်ရှာ၊ မြောက်ရှာ Web browsing လုပ်မယ်ဆိုရင်လည်း ကိစ္စမရှိဘူး။ ပေါ့ပေါ့ပါးပါး ဂိမ်းလေးတွေကို အေးအေးဆေးဆေး ဆော့လို့ရမယ်။ PUBG လိုမျိူး Graphic Intensive ဖြစ်တဲ့ Heavy Game ကြီးတွေဆော့မယ်ဆိုရင်တော့ အဆင်မပြေပါဘူး။ ဒါပေမယ့်လည်း Mobile Legends ကိုတော့ သာသာယာယာ ဆော့လို့ရပါတယ်။

Battery

3000mAh ဘက်ထရီကို ထည့်ပေးထားတယ်။ Fast Charging Support တော့ ရရှိမှာ မဟုတ်ဘူး။ 0-100 အားအပြည့်သွင်းဖို့ဆိုရင် ၂နာရီကျော်ကျော် ၂နာရီခွဲလောက် လိုမယ်။ နောက်ပြီးတော့ ဘက်ထရီအား အရမ်းစားတဲ့ Mobile Legends ကို နာရီဝက် ဆော့ကြည့်တဲ့ အခါမှာ ဘက်ထရီအားက 8% ပဲ လျော့တာ တွေ့ရတယ်။ ဒီတော့ Facebook သုံးလိုက်၊ Video ကြည့်လိုက်၊ Game ဆော့လိုက် လုပ်မယ်ဆိုရင် တနေ့တာကတော့ ကောင်းကောင်း သုံးလို့ရမှာပါ။

Security

Security အပိုင်းအတွက် Fingerprint နဲ့ Face Unlock ၂မျိူးစလုံး သုံးနိုင်မယ်။ Fingerprint Sensor ကမြန်တယ်။ Face Unlock က Infrared Sensor မပါတဲ့အတွက် ညဘက်လိုမျိူး အလင်းရောင်နည်းတဲ့ အချိန်တွေမှာ သုံးလို့ အဆင်မပြေဘူး။ ဒါပေမယ့်လည်း Brightness ကို အဆုံးထိ တင်ထားမယ်ဆိုရင် အလင်းရောင် မရှိတာတောင် Screen lighting နဲ့ Recognize လုပ်နိုင်တာကို တွေ့ရပါတယ်။

Speaker

Speaker က ကျယ်တယ်။ Volume ကို အဆုံးထိတင်ပြီး နားထောင်မယ်ဆိုရင် တခါတလေမှာ အသံ နည်းနည်းလေး အယ့်သွားတာမျိူးလေးတွေ ရှိတယ်။ Bass သံတွေကို လုံလုံလောက်လောက် ထောက်ပံ့မပေးနိုင်ဘူး။

အထက်ပါ အကြောင်းအရာတွေကတော့ Honor 9 Lite နဲ့ ပတ်သတ်ပြီး MyTech Myanmar ရဲ့ အမြင်လေးတွေကို Sharing လုပ်ပေးတာ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ Honor 9 Lite က ကိုယ့်အတွက် အသင့်တော်ဆုံး စမတ်ဖုန်း တစ်လုံး ဖြစ်လာနိုင်သလားဆိုတာ ဝေဖန်သုံးသပ်နိုင်လောက်ပြီ ထင်ပါတယ်။