ယေန႔မွာ Honor 8X နဲ႔ 8X Max တုိ႔ကို ထုတ္ေဖာ္ျပခဲ့ျပီးတဲ့ေနာက္ Huawei ရဲ႕ Sub-brand ျဖစ္တဲ့ Honor ဟာ Fitness Band မ်ဳိးဆက္သစ္ Honor Band 4 ကိုပါ မိတ္ဆက္ခဲ့ပါတယ္။ ဒီစမတ္လက္ပတ္ေလးမွာ Home Button တစ္ခုနဲ႔ အေရာင္စုံ AMOLED Panel တို႔ပါပါတယ္။ ေဒၚလာသုံးဆယ္လို႔ သတ္မွတ္ထားျပီး လက္ရွိ ေစ်းခ်ဳိ Fitness Band ေစ်းကြက္ကို ဦးေဆာင္ေနတဲ့ Mi Band 3 ကို ယွဥ္ျပိဳင္သြားမယ္လုိ႔ ယူဆရပါတယ္။

Honor Band 4 မွာ 0.95 လက္မအရြယ္ AMOLED Screen ပါဝင္ျပီး အေပၚက 2.5D Curved ဖန္သား အုပ္ထားပါတယ္။ သုံးစြဲသူရဲ႕ ေျခလွမ္းကို တိုင္းတာေပးတဲ့ ဆင္ဆာစနစ္၊ အိပ္စက္မႈေျခရာခံစနစ္၊ ႏွလုံးခုန္ႏႈန္းျပ ဆင္ဆာစနစ္တုိ႔ ပါဝင္ျပီး ေရဒဏ္ ဖုန္ဒဏ္ခံႏုိင္ပါတယ္။ ပိုလန္းတာက Huawei TruSleep 2.0 လုိ႔ေခၚတဲ့ Feature ပါဝင္ျပီး သုံးစြဲသူရဲ႕ အိပ္ေမာက်ခ်ိန္မ်ား အပါအဝင္ အိပ္စက္မႈကာလကို မွတ္သားထားေပးႏုိင္တယ္။

ေနာက္ထပ္ Feature အလန္းစားကေတာ့ TruSeen 2.0 ပဲျဖစ္ျပီး ေျပးတာ၊ လမ္းေလွ်ာက္တာ၊ စက္ဘီး စီးတာ စတဲ့ လႈပ္ရွားမႈေတြ လုပ္ေနတဲ့အခ်ိန္မွာ မတူညီတဲ့ႏွလုံးခုန္ႏႈန္းကို အခ်ိန္ျပည့္ လိုက္လံတုိင္းတာေပးႏုိင္မွာ ျဖစ္ပါတယ္။ ဘတၳရီက 100mAh ျဖစ္ျပီး အသုံးျပဳခ်ိန္ ၁၄ ရက္ထိ ခံႏုိင္တယ္လို႔ Honor မွ ကတိေပးထားတယ္။

ကုမၸဏီက Honor Band 4 ရဲ႕ Running Edition ကိုလည္း မိတ္ဆက္ခဲ့ျပီး POLED Display ပါဝင္ေပမယ့္ သူကေတာ့ တစ္ေရာင္ထဲသာ ျပသေပးႏုိင္ပါတယ္။ ကာလာစုံမဟုတ္တဲ့အတြက္ ဘတၳရီလည္း အနည္းငယ္ ပိုေသးျပီး 77 mAh ပဲရွိေပမယ့္ အေျပးသမားေတြအတြက္ ပိုျပီး စုံလင္တဲ့ ေဒတာအခ်က္အလက္ေတြ စုေဆာင္းေပးႏုိင္တယ္။

အေရာင္ကေတာ့ အနက္၊ အျပာနဲ႔ ပန္းေရာင္ သုံးမ်ဳိးထြက္လာမွာျဖစ္တဲ့ Honor Band 4 ရဲ႕တန္ဖိုးက ေဒၚလာ ၃၀ နီးပါးသာ ရွိပါတယ္။ Running Edition က ေစ်းပိုသက္သာမွာျဖစ္ျပီး အေရာင္ေရြးခ်ယ္မႈလည္း ပိုမ်ားတယ္။ တရုတ္ျပည္တြင္းမွာေတာ့ လာမယ့္ စက္တင္ဘာ ၂၀ မွာ စတင္ေရာင္းခ်သြားမွာ ျဖစ္တဲ့အတြက္ ႏုိင္ငံတကာေစ်းကြက္မွာလည္း ျမင္ရဖို႔ မၾကာေတာ့ဘူးလို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – https://www.gsmarena.com/honor_band_4_exposed_by_the_companys_president-news-33111.php

Unicode

ယနေ့မှာ Honor 8X နဲ့ 8X Max တို့ကို ထုတ်ဖော်ပြခဲ့ပြီးတဲ့နောက် Huawei ရဲ့ Sub-brand ဖြစ်တဲ့ Honor ဟာ Fitness Band မျိုးဆက်သစ် Honor Band 4 ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ ဒီစမတ်လက်ပတ်လေးမှာ Home Button တစ်ခုနဲ့ အရောင်စုံ AMOLED Panel တို့ပါပါတယ်။ ဒေါ်လာသုံးဆယ်လို့ သတ်မှတ်ထားပြီး လက်ရှိ ဈေးချို Fitness Band ဈေးကွက်ကို ဦးဆောင်နေတဲ့ Mi Band 3 ကို ယှဉ်ပြိုင်သွားမယ်လို့ ယူဆရပါတယ်။

Honor Band 4 မှာ 0.95 လက်မအရွယ် AMOLED Screen ပါဝင်ပြီး အပေါ်က 2.5D Curved ဖန်သား အုပ်ထားပါတယ်။ သုံးစွဲသူရဲ့ ခြေလှမ်းကို တိုင်းတာပေးတဲ့ ဆင်ဆာစနစ်၊ အိပ်စက်မှုခြေရာခံစနစ်၊ နှလုံးခုန်နှုန်းပြ ဆင်ဆာစနစ်တို့ ပါဝင်ပြီး ရေဒဏ် ဖုန်ဒဏ်ခံနိုင်ပါတယ်။ ပိုလန်းတာက Huawei TruSleep 2.0 လို့ခေါ်တဲ့ Feature ပါဝင်ပြီး သုံးစွဲသူရဲ့ အိပ်မောကျချိန်များ အပါအဝင် အိပ်စက်မှုကာလကို မှတ်သားထားပေးနိုင်တယ်။

နောက်ထပ် Feature အလန်းစားကတော့ TruSeen 2.0 ပဲဖြစ်ပြီး ပြေးတာ၊ လမ်းလျှောက်တာ၊ စက်ဘီး စီးတာ စတဲ့ လှုပ်ရှားမှုတွေ လုပ်နေတဲ့အချိန်မှာ မတူညီတဲ့နှလုံးခုန်နှုန်းကို အချိန်ပြည့် လိုက်လံတိုင်းတာပေးနိုင်မှာ ဖြစ်ပါတယ်။ ဘတ္ထရီက 100mAh ဖြစ်ပြီး အသုံးပြုချိန် ၁၄ ရက်ထိ ခံနိုင်တယ်လို့ Honor မှ ကတိပေးထားတယ်။

ကုမ္ပဏီက Honor Band 4 ရဲ့ Running Edition ကိုလည်း မိတ်ဆက်ခဲ့ပြီး POLED Display ပါဝင်ပေမယ့် သူကတော့ တစ်ရောင်ထဲသာ ပြသပေးနိုင်ပါတယ်။ ကာလာစုံမဟုတ်တဲ့အတွက် ဘတ္ထရီလည်း အနည်းငယ် ပိုသေးပြီး 77 mAh ပဲရှိပေမယ့် အပြေးသမားတွေအတွက် ပိုပြီး စုံလင်တဲ့ ဒေတာအချက်အလက်တွေ စုဆောင်းပေးနိုင်တယ်။

အရောင်ကတော့ အနက်၊ အပြာနဲ့ ပန်းရောင် သုံးမျိုးထွက်လာမှာဖြစ်တဲ့ Honor Band 4 ရဲ့တန်ဖိုးက ဒေါ်လာ ၃၀ နီးပါးသာ ရှိပါတယ်။ Running Edition က ဈေးပိုသက်သာမှာဖြစ်ပြီး အရောင်ရွေးချယ်မှုလည်း ပိုများတယ်။ တရုတ်ပြည်တွင်းမှာတော့ လာမယ့် စက်တင်ဘာ ၂၀ မှာ စတင်ရောင်းချသွားမှာ ဖြစ်တဲ့အတွက် နိုင်ငံတကာဈေးကွက်မှာလည်း မြင်ရဖို့ မကြာတော့ဘူးလို့ မျှော်လင့်ရပါတယ်။