[Zawgyi]

Huawei ရဲ႕ အမွတ္တံဆိပ္ခြဲ Honor ဟာ သူတုိ႔ရဲ႕ In-Display Selfie ကင္မရာ ပါဝင္တဲ့ ပထမဆုံးဖုန္းကို လာမယ့္ ဇႏၷဝါရီလ ၂၂ ရက္ေန႔ ပဲရစ္ျမိဳ႕မွာ မိတ္ဆက္သြားဖို႔ အတည္ျပဳလုိက္ပါျပီ။ သူတုိ႔ထုတ္ျပန္လုိက္တဲ့ ဖိတ္စာပုံမွာ ဖုန္းရဲ႕ ကိုယ္ထည္ပုံစံ ပါဝင္ခဲ့ျပီး Screen Hole နဲ႔အတူ “See the Unseen” ဆုိတဲ့ ေဆာင္ပုဒ္ေလးပါ ပါဝင္ပါတယ္။

အဆုိပါပုံထဲမွာ ပါတဲ့ စမတ္ဖုန္းဟာ Honor ရဲ႕ Flagship ထုတ္ကုန္ Honor View 10 ရဲ႕ဆက္ခံသူ Honor View 20 ျဖစ္မယ္လို႔ ခန္႔မွန္းရျပီး Honor View 10 ကုိလည္း ဒီႏွစ္ ဇႏၷဝါရီလမွာပဲ မိတ္ဆက္ခဲ့တာ ျဖစ္တဲ့အတြက္ပါ။ ဒီဖုန္းဟာ Honor အတြက္ ပထမဆုံး Screen ေပၚမွာ ဆယ္လ္ဖီကင္မရာအတြက္ အေပါက္ေဖာက္ထားတဲ့ Flagship ျဖစ္လာမွာျဖစ္ျပီး Huawei ရဲ႕ Mate 20 နဲ႔ Mate 20 Pro တုိ႔မွာပါတဲ့ Kirin 980 Chipset ကိုသုံးလာမယ္လို႔ ယူဆရပါတယ္။

Infinity Display လို႔အမည္ေပးထားတဲ့ Notch အစား Screen ေပၚမွာ ကင္မရာအတြက္ Pinhole ေဖာက္ျပီး ထည့္တဲ့ နည္းပညာကို ဆမ္ေဆာင္းက လာမယ့္ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ မိတ္ဆက္သြားမယ့္ သူတုိ႔ရဲ႕ Galaxy A8s ဖုန္းမွာ ပထမဆုံး မိတ္ဆက္လာေတာ့မွာပါ။

Infinity-O Display လို႔အမည္ေပးထားတဲ့ အဆုိပါ နည္းပညာကို Huawei ကလည္း အသုံးျပဳေတာ့မွာ ျဖစ္ျပီး လာမယ့္ ဒီဇင္ဘာ ၁၇ ရက္ေန႔မွာ မိတ္ဆက္မယ့္ Huawei Nova 4 စမတ္ဖုန္းသစ္မွာ ပါဝင္လာမွာပါ။ ဒါ့ေၾကာင့္ “See the Unseen” ဆုိတဲ့ ေဆာင္ပုဒ္နဲ႔ေတာ့ နည္းနည္းလြဲေခ်ာ္ႏုိင္ျပီး Honor ဖုန္းအသစ္ ထြက္လာခ်ိန္မွာ စာဖတ္သူတုိ႔ဟာ Infinity Display ေတြကို ႏွစ္ခါေတာင္ ျမင္ျပီးေနေလာက္ပါျပီ။

Ref – GSM Arena

[Unicode]

Huawei ရဲ့ အမှတ်တံဆိပ်ခွဲ Honor ဟာ သူတို့ရဲ့ In-Display Selfie ကင်မရာ ပါဝင်တဲ့ ပထမဆုံးဖုန်းကို လာမယ့် ဇန္နဝါရီလ ၂၂ ရက်နေ့ ပဲရစ်မြို့မှာ မိတ်ဆက်သွားဖို့ အတည်ပြုလိုက်ပါပြီ။ သူတို့ထုတ်ပြန်လိုက်တဲ့ ဖိတ်စာပုံမှာ ဖုန်းရဲ့ ကိုယ်ထည်ပုံစံ ပါဝင်ခဲ့ပြီး Screen Hole နဲ့အတူ “See the Unseen” ဆိုတဲ့ ဆောင်ပုဒ်လေးပါ ပါဝင်ပါတယ်။

အဆိုပါပုံထဲမှာ ပါတဲ့ စမတ်ဖုန်းဟာ Honor ရဲ့ Flagship ထုတ်ကုန် Honor View 10 ရဲ့ဆက်ခံသူ Honor View 20 ဖြစ်မယ်လို့ ခန့်မှန်းရပြီး Honor View 10 ကိုလည်း ဒီနှစ် ဇန္နဝါရီလမှာပဲ မိတ်ဆက်ခဲ့တာ ဖြစ်တဲ့အတွက်ပါ။ ဒီဖုန်းဟာ Honor အတွက် ပထမဆုံး Screen ပေါ်မှာ ဆယ်လ်ဖီကင်မရာအတွက် အပေါက်ဖောက်ထားတဲ့ Flagship ဖြစ်လာမှာဖြစ်ပြီး Huawei ရဲ့ Mate 20 နဲ့ Mate 20 Pro တို့မှာပါတဲ့ Kirin 980 Chipset ကိုသုံးလာမယ်လို့ ယူဆရပါတယ်။

Infinity Display လို့အမည်ပေးထားတဲ့ Notch အစား Screen ပေါ်မှာ ကင်မရာအတွက် Pinhole ဖောက်ပြီး ထည့်တဲ့ နည်းပညာကို ဆမ်ဆောင်းက လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မိတ်ဆက်သွားမယ့် သူတို့ရဲ့ Galaxy A8s ဖုန်းမှာ ပထမဆုံး မိတ်ဆက်လာတော့မှာပါ။

Infinity-O Display လို့အမည်ပေးထားတဲ့ အဆိုပါ နည်းပညာကို Huawei ကလည်း အသုံးပြုတော့မှာ ဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မိတ်ဆက်မယ့် Huawei Nova 4 စမတ်ဖုန်းသစ်မှာ ပါဝင်လာမှာပါ။ ဒါ့ကြောင့် “See the Unseen” ဆိုတဲ့ ဆောင်ပုဒ်နဲ့တော့ နည်းနည်းလွဲချော်နိုင်ပြီး Honor ဖုန်းအသစ် ထွက်လာချိန်မှာ စာဖတ်သူတို့ဟာ Infinity Display တွေကို နှစ်ခါတောင် မြင်ပြီးနေလောက်ပါပြီ။

Ref – GSM Arena