[Zawgyi]

Honor ကေတာ့ ၿပီးခဲ့တဲ့ လအနည္းငယ္တုန္းက အေတာ္ေလးကို အလုပ္ႀကိဳးစားခဲ့တယ္လို႔ ေျပာႏိုင္ပါတယ္။ သူတို႔ရဲ႕ Honor 8C နဲ႔ Honor 8X တို႔က အိႏၵိယမွာ ေျခလွမ္းသြက္ခဲ့ၾကပါတယ္။ ေဈးဝယ္ဖို႔ ေကာင္းတဲ့ အခ်ိန္ေတြမွာ ကုမၸဏီရဲ႕ အဓိကဖုန္းေတြကို လက္မလည္ေအာင္ကို ေရာင္းခဲ့ၾကရတာပါ။

Honor Magic 2 နဲ႔ အ ေမွ်ာ္ႀကီးေမွ်ာ္ေနရတဲ့ Honor View 20 တို႔ကလည္း Honor ရဲ႕ အဆင့္အတန္းနဲ႔ တီထြင္ဆန္းသစ္မႈေတြကို အေကာင္းဆုံးခ်ျပသြားႏိုင္မယ့္ ဖုန္းေတြပဲ ျဖစ္ပါတယ္။ Honor ရဲ႕ တစ္ဆင့္ျမင့္လာတဲ့ ေျခလွမ္းေတြက မိခင္ကုမၸဏီျဖစ္တဲ့ Huawei ေနာက္ကို အရွိန္ျမႇင့္လိုက္ေနတယ္လို႔ ဆိုရမလိုပါပဲ။

Honor က သိပ္မၾကာခင္တုန္းကပဲ Watch Magic ကို ပြဲထုတ္သြားခဲ့ပါေသးတယ္။ ဒါကလည္း Huawei Watch GT ကို အဆင့္နည္းနည္းႏွိမ့္ၿပီး ေဈးပိုခ်ိဳတဲ့ အ ေနအထားမ်ိဳး ျဖစ္ေအာင္ ျပဳလုပ္ထားတာပါ။ အခုေတာ့ Honor Watch အသစ္ကို ေတြ႕ရပါဦးမယ္။ Bluetooth SIG Certification ကေတာ့ Honor Watch အသစ္အတြက္ သက္ေသပဲ ျဖစ္ပါတယ္။

အခုအခ်ိန္ထိ ေတြ႕ေနရတဲ့ စာ႐ြက္စာတမ္းေတြမွာေတာ့ ေမာ္ဒယ္နံပါတ္ “ELF-G10” အေနနဲ႔ သြားထားေပမယ့္ Hardware ပိုင္းဆိုင္ရာကို အေသးစိတ္ မေဖာ္ျပထားျခင္း မရွိပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ဒါေတြကပဲ Smart Watch တစ္ခုျဖစ္ေၾကာင္း အခိုင္အမာ ရည္ၫႊန္းေနတာပါ။ Honor Band 4 လိုမ်ိဳးပဲ ဝတ္ဆင္တဲ့ေနရာမွာ မတူညီတဲ့ စတိုင္ျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

သိသေလာက္ ေျပာရမယ္ဆိုရင္ေတာ့ စြမ္းအင္သုံးစြဲမႈပိုင္းဆိုင္ရာမွာ နည္းပါးေၾကာင္း အေထာက္အထား စာ႐ြက္စာတမ္းေတြ ရွိေနပါတယ္။ ပိုၿပီးစိတ္ဝင္စားစရာေကာင္းတာက MediaTek Platform ေပၚအေျခခံထားတယ္ဆိုတဲ့ အခ်က္ပါပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ Honor ကလည္း ေရွ႕က Watch ေတြမွာကတည္းက Huawei ေျခလွမ္းအတိုင္း သက္သာတဲ့ေဈးႏႈန္းနဲ႔ လိုက္လွမ္းေနတာေၾကာင့္ MediaTek Platform နဲ႔ထြက္လာမယ္ဆိုတာက ျဖစ္ႏိုင္ေျခအမ်ားႀကီးရွိေနပါတယ္။ ဒါေၾကာင့္ ေနာက္ထပ္ ျပည့္စုံခိုင္မာတဲ့ အခ်က္အလက္ေတြ ရရွိလာရင္ ဆက္လက္ေဖာ္ျပေပးပါဦးမယ္။

Ref: GSMarena

 

[Unicode]

Honor ကတော့ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက အတော်လေးကို အလုပ်ကြိုးစားခဲ့တယ်လို့ ပြောနိုင်ပါတယ်။ သူတို့ရဲ့ Honor 8C နဲ့ Honor 8X တို့က အိန္ဒိယမှာ ခြေလှမ်းသွက်ခဲ့ကြပါတယ်။ ဈေးဝယ်ဖို့ ကောင်းတဲ့ အချိန်တွေမှာ ကုမ္ပဏီရဲ့ အဓိကဖုန်းတွေကို လက်မလည်အောင်ကို ရောင်းခဲ့ကြရတာပါ။

Honor Magic 2 နဲ့ အမျှော်ကြီးမျှော်နေရတဲ့ Honor View 20 တို့ကလည်း Honor ရဲ့ အဆင့်အတန်းနဲ့ တီထွင်ဆန်းသစ်မှုတွေကို အကောင်းဆုံးချပြသွားနိုင်မယ့် ဖုန်းတွေပဲ ဖြစ်ပါတယ်။ Honor ရဲ့ တစ်ဆင့်မြင့်လာတဲ့ ခြေလှမ်းတွေက မိခင်ကုမ္ပဏီဖြစ်တဲ့ Huawei နောက်ကို အရှိန်မြှင့်လိုက်နေတယ်လို့ ဆိုရမလိုပါပဲ။

Honor က သိပ်မကြာခင်တုန်းကပဲ Watch Magic ကို ပွဲထုတ်သွားခဲ့ပါသေးတယ်။ ဒါကလည်း Huawei Watch GT ကို အဆင့်နည်းနည်းနှိမ့်ပြီး ဈေးပိုချိုတဲ့ အ နေအထားမျိုး ဖြစ်အောင် ပြုလုပ်ထားတာပါ။ အခုတော့ Honor Watch အသစ်ကို တွေ့ရပါဦးမယ်။ Bluetooth SIG Certification ကတော့ Honor Watch အသစ်အတွက် သက်သေပဲ ဖြစ်ပါတယ်။

အခုအချိန်ထိ တွေ့နေရတဲ့ စာရွက်စာတမ်းတွေမှာတော့ မော်ဒယ်နံပါတ် “ELF-G10” အနေနဲ့ သွားထားပေမယ့် Hardware ပိုင်းဆိုင်ရာကို အသေးစိတ် မဖော်ပြထားခြင်း မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေကပဲ Smart Watch တစ်ခုဖြစ်ကြောင်း အခိုင်အမာ ရည်ညွှန်းနေတာပါ။ Honor Band 4 လိုမျိုးပဲ ဝတ်ဆင်တဲ့နေရာမှာ မတူညီတဲ့ စတိုင်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

သိသလောက် ပြောရမယ်ဆိုရင်တော့ စွမ်းအင်သုံးစွဲမှုပိုင်းဆိုင်ရာမှာ နည်းပါးကြောင်း အထောက်အထား စာရွက်စာတမ်းတွေ ရှိနေပါတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက MediaTek Platform ပေါ်အခြေခံထားတယ်ဆိုတဲ့ အချက်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် Honor ကလည်း ရှေ့က Watch တွေမှာကတည်းက Huawei ခြေလှမ်းအတိုင်း သက်သာတဲ့ဈေးနှုန်းနဲ့ လိုက်လှမ်းနေတာကြောင့် MediaTek Platform နဲ့ထွက်လာမယ်ဆိုတာက ဖြစ်နိုင်ခြေအများကြီးရှိနေပါတယ်။ ဒါကြောင့် နောက်ထပ် ပြည့်စုံခိုင်မာတဲ့ အချက်အလက်တွေ ရရှိလာရင် ဆက်လက်ဖော်ပြပေးပါဦးမယ်။

Ref: GSMarena