Zawgyi

ခုေနာက္ပိုင္းထြက္တဲ့ ဖုန္းတိုင္းလိုလိုမွာ Screen Ratio မ်ားမ်ားရဖို႔ အတြက္ Notch လို႔ေခၚတဲ့ ဂ်ိဳလ္ေလးေတြ ေပါက္လာရပါတယ္။ Notch Culture ဘက္မလိုက္တဲ့ Samsung ေတာင္မွပဲ Notch ပါတဲ့ ဖုန္းေတြထုတ္ေတာ့မယ္လို႔ သတင္းထြက္ေနပါျပီ။ Notch ထည့္ေလ့မရွိတဲ့ Meizu ေတာင္မွ Meizu X8 မွာ Notch ထည့္လာရပါျပီ။ ပံုမွန္ေတြ႔ေနက် ဘားတန္းပံုစံ Notch, ေရစက္ပံုစံ Waterdrop Notch, ရုပ္ဆိုးဆိုးနဲ႔ Pixel 3 XL ရဲ႕ Notch အစရွိသျဖင့္ Notch အမ်ိဳးစံုေတြ႔လာရပါတယ္။ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းရသလိုပဲ Notch ဆိုတဲ့ အရာၾကီးကို မၾကိဳက္ၾကေပမယ့္လည္း Screen Ratio မ်ားလာေအာင္ Notification Icon ေတြအတြက္ ေနရာပိုရလာေအာင္ Notch ဆိုတဲ့အရာက ပါလာရပါတယ္။ ဘယ္သူမွေတာ့ Notch ဆိုတဲ့ အရာကို မၾကိဳက္ၾကပါဘူး။ အဲ့တာေၾကာင့္လည္း Notch ကိုေရွာင္ရွားျပီး Screen Ratio မ်ားျပားေစဖို႔ ဖုန္းကုမၸဏီတိုင္းက နည္းလမ္းရွာေနၾကပါတယ္။ Vivo Nex က စျပီး Pop Up Selfie ကင္မရာဆိုတဲ့ ေျဖရွင္းခ်က္နဲ႔ အတူ Notch မပါပဲ Screen Ratio မ်ားတဲ့ ဖုန္းေတြထုတ္လာခဲ့တယ္။ Oppo ကလည္း Find X ဆိုတဲ့ ေမာ္တာ အသံုးျပဳ Slider ပါဝင္တဲ့ Screen အျပည့္နီးပါး ဖုန္းတစ္လံုးကို ထုတ္လိုက္ပါေသးတယ္။ Xiaomi ကလည္း မၾကာေသးခင္ကမွ လက္နဲ႔တြန္းဖြင့္ရတဲ့ Slider ပါဝင္တဲ့ Mi Mix 3 ကိုထုတ္လိုက္ပါျပီ။ အခုဆိုရင္လည္း Honor ရဲ႕ Notch မပါဝင္တဲ့ Screen အျပည့္နီးပါးဖုန္းျဖစ္တဲ့ Honor Magic 2 ဟာဆိုရင္ အဝယ္အရမ္းမ်ားလို႔ တရုတ္ျပည္ရဲ႕ ဖုန္းဆိုင္ေတာ္ေတာ္မ်ားမ်ားမွာ ပစၥည္းျပတ္သြားပ့တယ္တဲ့။

Honor ဟာ Huawei ရဲ႕ Brand အခြဲတစ္ခုျဖစ္တယ္ဆိုတာ လူအမ်ားသိၾကျပီးသားျဖစ္ပါတယ္။ မတူညီတဲ့ ဒီဇိုင္းပံုစံနဲ႔အတူ Huawei ဖုန္းေတြရဲ႕ အသြင္ကြဲ ဖုန္းေတြျဖစ္ၾကပါတယ္။ Honor Magic 2 မွာ Notch မပါဝင္ပဲ Screen Ratio မ်ားေစဖို႔ ဟိုးအရင္က ထြက္ရွိခဲ့တဲ့ နည္းပညာေဟာင္းတစ္ခုကိုပဲ အသံုးျပဳထားရပါတယ္။ အဲ့တာကေတာ့ Manual Slider ပါ။ ဘယ္လိုပဲျဖစ္ျဖစ္ Notch မပါပဲ Full Screen ရရွိတဲ့အတြက္ အခုလို ပစၥည္းျပတ္သြားတဲ့ အထိ ေရာင္းအားေကာင္းခဲ့တာပါ။ Honor Magic 2 ကို ေအာက္တိုဘာ ၃၁ မွာ စတင္ မိတ္ဆက္ခဲ့ျပီး ႏိုဝင္ဘာ ၆ ရက္ေန႔မွာ စတင္ေရာင္းခဲ့တာပါ။ Honor Magic 2 မွာ Huawei ရဲ႕ လက္ရွိ စြမ္းေဆာင္ရည္ အျမင့္ဆံုး ပရိုဆက္ဆာျဖစ္တဲ့ Kirin 980 ကိုအသံုးျပဳထားပါတယ္။ အဆိုပါ Kirin 980 ပရိုဆက္ဆာဟာ 7nm process ကိုအသံုးျပဳထားျပီး AI အေထာက္အပ့ံ အစိတ္အပိုင္းေတြပါဝင္တဲ့အတြက္ လက္ရွိမွာ စြမ္းေဆာင္ရည္ အျမင့္ဆံုး Android ဖုန္း ပရိုဆက္ဆာေတြထဲက တစ္ခုျဖစ္ေနပါတယ္။ (Apple ရဲ႕ A12X ကိုေတာ့ မမွီေသးပါဘူး) 6.39-inch Full HD+ AMOLED Display နဲ႔အတူ ၾကည္လင္ေကာင္းမြန္တဲ့ ပံုရိပ္ေတြကို ဖမ္းယူေပးႏိုင္ဖို႔ 24MP + 16MP + 16MP ပမာဏရွိတဲ့ ကင္မရာသံုးလံုးကိုတပ္ဆင္ေပးထားပါတယ္။ အေရွ႕ဘက္ Selfie Camera ကေတာ့ 16MP ရွိျပီး 3D Face Unlock စနစ္ကိုအေထာက္အပံ့ေပးဖို႔အတြက္ 2MP ရွိတဲ့ Infrared Lens ေတြပါဝင္ပါေသးတယ္။ ဘက္ထရီပမာဏ 3,500mAh ပါဝင္ျပီး အားအျမန္သြင္းစနစ္လည္းပါဝင္ပါေသးတယ္။ ေစ်းႏွုန္းကေတာ့ $544 ျဖစ္ျပီး ျမန္မာေငြ ရွစ္သိန္းခြဲ ဝန္းက်င္ရွိပါတယ္။

Ref: Giz China

Unicode

ခုနောက်ပိုင်းထွက်တဲ့ ဖုန်းတိုင်းလိုလိုမှာ Screen Ratio များများရဖို့ အတွက် Notch လို့ခေါ်တဲ့ ဂျိုလ်လေးတွေ ပေါက်လာရပါတယ်။ Notch Culture ဘက်မလိုက်တဲ့ Samsung တောင်မှပဲ Notch ပါတဲ့ ဖုန်းတွေထုတ်တော့မယ်လို့ သတင်းထွက်နေပါပြီ။ Notch ထည့်လေ့မရှိတဲ့ Meizu တောင်မှ Meizu X8 မှာ Notch ထည့်လာရပါပြီ။ ပုံမှန်တွေ့နေကျ ဘားတန်းပုံစံ Notch, ရေစက်ပုံစံ Waterdrop Notch, ရုပ်ဆိုးဆိုးနဲ့ Pixel 3 XL ရဲ့ Notch အစရှိသဖြင့် Notch အမျိုးစုံတွေ့လာရပါတယ်။ မချစ်သော်လည်း အောင့်ကာနမ်းရသလိုပဲ Notch ဆိုတဲ့ အရာကြီးကို မကြိုက်ကြပေမယ့်လည်း Screen Ratio များလာအောင် Notification Icon တွေအတွက် နေရာပိုရလာအောင် Notch ဆိုတဲ့အရာက ပါလာရပါတယ်။ ဘယ်သူမှတော့ Notch ဆိုတဲ့ အရာကို မကြိုက်ကြပါဘူး။ အဲ့တာကြောင့်လည်း Notch ကိုရှောင်ရှားပြီး Screen Ratio များပြားစေဖို့ ဖုန်းကုမ္ပဏီတိုင်းက နည်းလမ်းရှာနေကြပါတယ်။ Vivo Nex က စပြီး Pop Up Selfie ကင်မရာဆိုတဲ့ ဖြေရှင်းချက်နဲ့ အတူ Notch မပါပဲ Screen Ratio များတဲ့ ဖုန်းတွေထုတ်လာခဲ့တယ်။ Oppo ကလည်း Find X ဆိုတဲ့ မော်တာ အသုံးပြု Slider ပါဝင်တဲ့ Screen အပြည့်နီးပါး ဖုန်းတစ်လုံးကို ထုတ်လိုက်ပါသေးတယ်။ Xiaomi ကလည်း မကြာသေးခင်ကမှ လက်နဲ့တွန်းဖွင့်ရတဲ့ Slider ပါဝင်တဲ့ Mi Mix 3 ကိုထုတ်လိုက်ပါပြီ။ အခုဆိုရင်လည်း Honor ရဲ့ Notch မပါဝင်တဲ့ Screen အပြည့်နီးပါးဖုန်းဖြစ်တဲ့ Honor Magic 2 ဟာဆိုရင် အဝယ်အရမ်းများလို့ တရုတ်ပြည်ရဲ့ ဖုန်းဆိုင်တော်တော်များများမှာ ပစ္စည်းပြတ်သွားပ့တယ်တဲ့။

Honor ဟာ Huawei ရဲ့ Brand အခွဲတစ်ခုဖြစ်တယ်ဆိုတာ လူအများသိကြပြီးသားဖြစ်ပါတယ်။ မတူညီတဲ့ ဒီဇိုင်းပုံစံနဲ့အတူ Huawei ဖုန်းတွေရဲ့ အသွင်ကွဲ ဖုန်းတွေဖြစ်ကြပါတယ်။ Honor Magic 2 မှာ Notch မပါဝင်ပဲ Screen Ratio များစေဖို့ ဟိုးအရင်က ထွက်ရှိခဲ့တဲ့ နည်းပညာဟောင်းတစ်ခုကိုပဲ အသုံးပြုထားရပါတယ်။ အဲ့တာကတော့ Manual Slider ပါ။ ဘယ်လိုပဲဖြစ်ဖြစ် Notch မပါပဲ Full Screen ရရှိတဲ့အတွက် အခုလို ပစ္စည်းပြတ်သွားတဲ့ အထိ ရောင်းအားကောင်းခဲ့တာပါ။ Honor Magic 2 ကို အောက်တိုဘာ ၃၁ မှာ စတင် မိတ်ဆက်ခဲ့ပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ စတင်ရောင်းခဲ့တာပါ။ Honor Magic 2 မှာ Huawei ရဲ့ လက်ရှိ စွမ်းဆောင်ရည် အမြင့်ဆုံး ပရိုဆက်ဆာဖြစ်တဲ့ Kirin 980 ကိုအသုံးပြုထားပါတယ်။ အဆိုပါ Kirin 980 ပရိုဆက်ဆာဟာ 7nm process ကိုအသုံးပြုထားပြီး AI အထောက်အပံ့ အစိတ်အပိုင်းတွေပါဝင်တဲ့အတွက် လက်ရှိမှာ စွမ်းဆောင်ရည် အမြင့်ဆုံး Android ဖုန်း ပရိုဆက်ဆာတွေထဲက တစ်ခုဖြစ်နေပါတယ်။ (Apple ရဲ့ A12X ကိုတော့ မမှီသေးပါဘူး) 6.39-inch Full HD+ AMOLED Display နဲ့အတူ ကြည်လင်ကောင်းမွန်တဲ့ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်ဖို့ 24MP + 16MP + 16MP ပမာဏရှိတဲ့ ကင်မရာသုံးလုံးကိုတပ်ဆင်ပေးထားပါတယ်။ အရှေ့ဘက် Selfie Camera ကတော့ 16MP ရှိပြီး 3D Face Unlock စနစ်ကိုအထောက်အပံ့ပေးဖို့အတွက် 2MP ရှိတဲ့ Infrared Lens တွေပါဝင်ပါသေးတယ်။ ဘက်ထရီပမာဏ 3,500mAh ပါဝင်ပြီး အားအမြန်သွင်းစနစ်လည်းပါဝင်ပါသေးတယ်။ ဈေးနှုန်းကတော့ $544 ဖြစ်ပြီး မြန်မာငွေ ရှစ်သိန်းခွဲ ဝန်းကျင်ရှိပါတယ်။

Ref: Giz China