ရန်ကုန်၊ မြန်မာ၊ ဒီဇင်ဘာလ ၄ ရက်၊ ၂၀၁၈ – ကမ္ဘာ့စမတ်ဖုန်းလောကကို ဦးဆောင်နေသည့် Honor သည် ဒီဇင်ဘာလတစ်ရက်နေ့တွင် ဟန်သီသည် ကြည့်ရှုသူ ၂.၂ ဘီလီယံနှင့် မဲပေးသူ သန်းနှစ်ဆယ်ရရှိပြီး Miss World ပြိုင်ပွဲ၏ ထိပ်တန်းအလှမယ် ၂၀ စာရင်းဝင်ပြီ ဖြစ်ကြောင်း ဂုဏ်ယူအားတက်စွာ ကြေညာခဲ့သည်။

Miss World 2018 ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ဆန်ညာတွင် ကျင်းပလျက် ရှိပြီး ယင်းကို ကမ္ဘာ့ထိပ်တန်း အလှမယ်ပြပွဲအဖြစ် သတ်မှတ်ထားကြသည်။ ဟန်သီသည် Miss World Myanmar 2018 သရဖူကို ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံနှင့် Honor Myanmar အား ကိုယ်စားပြုပြီး တရုတ်နိုင်ငံတွင် ပြိုင်ပွဲကြီးကို သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

“ဟန်သီဟာ ၆၈ ကြိမ်မြောက် Miss World အလှမယ် ပြိုင်ပွဲကြီးအတွက် မစတင်ခင်ကတည်းက လေ့ကျင့်ပြင်ဆင်ပြီး တိုးတက်လာတာတွေကို တွေ့မြင်ရပြီး ပံ့ပိုးပေးရတဲ့အတွက် ကျွန်တော်တို့ သိပ် ဂုဏ်ယူမိပါတယ်။ Miss Myanmar 2018 ဆုကို ရရှိပြီး အဲဒီကနေ ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၁၂၀ ကြားထဲက ရွေးချယ်ခံရတဲ့ထိပ်တန်း အယောက် ၂၀ ထဲ ပါဝင်ရတာက ဟန်သီ့အတွက် အိပ်မက်တွေ တကယ် ဖြစ်လာခဲ့တာပါ။ စိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရပေမယ့် Honor Myanmar ကရော Honor Fan တွေကပါ ဟန်သီဟာ သူရဲ့ အိပ်မက်တွေကို ဘယ်တော့မှ မစွန့်လွှတ်မယ့်သူ ဆိုတာ ယုံကြည်ကြပါတယ်။ Honor Myanmar နဲ့ တိုင်းပြည်အတွက် ကိုယ်စားပြုပြီး သူ့ရဲ့ ကြိုးစားမှုနဲ့ ဝီရိယကို မျက်မြင်ကိုယ်တွေ့မြင်ရတဲ့အတွက် ကျေနပ်အားရမိပါတယ်” ဟု Honor Myanmar ၏ President ဖြစ်သူ Mr. Bai Jing က ပွဲမှာ ပြောကြားပေးခဲ့ပါတယ်။

ဟန်သီသည် တစ်ဦးချင်း ယှဉ်ပြိုင်ပွဲတွင် အုပ်စု (၁၁) ၏ ချန်ပီယံဖြစ်လာခြင်းက သူမအား နောက်ဆုံးဖိုင်နယ်ယှဉ်ပြိုင်ပွဲသို့ ဝင်ရောက်စေသည့် အခွင့်အရေးများကို မြှင့်တင်ပေးရုံသာမက ကမ္ဘာအနှံ့မှ အလှမယ်ပေါင်း ထောင်ချီကို ကျော်၍ ” Miss World 2018″ ဖြစ်လာနိုင်သည့် လမ်းကြောင်းမှာ သူမ၏ အရည်အချင်းပြည့်ဝမှုကို ပေါ်လွင်စေပါသည်။

“ရဲရင့်သူတို့အတွက်” ဟူသော ဆောင်ပုဒ်နှင့် အညီ အသုံးပြုရာတွင် သာလွန်ကောင်းမွန်သောအတွေ့အကြုံတွေပေးခြင်းနှင့် လူငယ်များကို သူတို့၏အိပ်မက်များရရှိလာအောင် ဖန်တီးနိုင်မှုစွမ်းရည်တွေကို အားပေးခြင်းခြင်းဖြင့် Honor brand ကို မျိုးဆက်သစ်တို့၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင်ဖန်တီးပေးထားပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ထူးခြားမှုတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဟန်သီသည် ကမ္ဘာ့အသိုင်းအ၀ိုင်းအလယ်မှာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူနိုင်လိမ့်မည်ဟု Honor က ယုံကြည်ပါသည်။