ရန်ကုန်မြို့၊ စက်တင်ဘာလ ၁၃ ရက်၊ ၂၀၁၈ ခုနှစ် – စမတ်ဖုန်း e-brand အသစ် တစ်ခုဖြစ်တဲ့ Honor ဟာ အထက်မြန်မာနိုင်ငံနဲ့ အောက်မြန်မာနိုင်ငံများရှိ အဓိက မြို့ကြီးများတွင် အတွေ့အကြုံစတိုးဆိုင်အသစ် သုံးဆိုင်ကို ဖွင့်လှစ်ဖို့အတွက် နေ့ရက်နဲ့ အချိန်နာရီတို့ကို ကြေငြာပေးခဲ့ပါတယ်။ ဝယ်ယူအသုံးပြုသူများအနေနဲ့ အဆိုပါ စတိုးဆိုင်များမှ Honor စမတ်ဖုန်းတွေကို စမ်းသပ် အသုံးပြု ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Honor ဟာ မြန်မာနိုင်ငံကို အရေးပါတဲ့ ဈေးကွက်တစ်ခုအဖြစ် သတ်မှတ်ထားပြီး နိုင်ငံအတွင်းတွင် အများသိ အမှတ်တံဆိပ်တစ်ခု ဖြစ်လာစေဖို့အတွက် ကြိုးစားအားထုတ်သွားမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရှိ ဒုတိယနဲ့ စတုတ္ထ အကြီးဆုံးမြို့ကြီးများဖြစ်တယ့် မန္တလေးနဲ့ မော်လမြိုင်မြို့တွေမှာ Honor Showroom များ ထပ်မံတိုးချဲ့ဆောက်လုပ်ပြီး နိုင်ငံတစ်ဝှမ်းရှိ အသုံးပြုသူတွေကို ဖမ်းစားနိုင်ဖို့အတွက် ရည်ရွယ်တဲ့ နောက်ထပ်ခြေလှမ်းသစ် လုပ်ဆောင်ချက်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ စတိုးဆိုင်တွေမှာ ဝယ်ယူအသုံးပြုသူ လူငယ်များအတွက် အေးဆေးသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့ ရည်ရွယ်ထားတဲ့အပြင် နိုင်ငံတွင်း လူငယ်တွေရဲ့ အမြင်မှာလည်း Honor အမှတ်တံဆိပ်ကို အဆင့်ထပ်မံမြှင့်တင်ပေးနိုင်ဖို့အတွက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Huawei ရဲ့ Brand ခွဲတစ်ခုဖြစ်တယ့် Honor ဟာ နောက်ဆုံးပေါ် ရေပန်းစား ထုတ်ကုန်တွေကို ပိုမိုအသုံးပြုနိုင်စေရန် လုပ်ဆောင်ပေးနေပါတယ်။ မြန်မာနိုင်ငံတွင်းရှိ ငယ်ရွယ်ပြီး နည်းပညာလိုက်စားတဲ့ဝယ်ယူအသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရန်ဦးတည်ပြီး ရန်ကုန်မြို့မှာ ပထမဆုံး ဦးဆောင်ပြခန်းတွေကို ဖွင့်လှစ်ခြင်းပြီး မြန်မာနိုင်ငံတွင်းကို ဝင်ရောက်ခဲ့ပါတယ်။ Honor 7A၊ 7C၊ 7S နဲ့ 9 Lite တို့ကို ရန်ကုန်မြို့မှာ မိတ်ဆက်ပေးခဲ့ပြီး မြန်မာ့လူငယ်များအနေနဲ့လည်း Honor အမှတ်တံဆိပ်ကို သဘောကျ လက်ခံကြောင်း တွေ့ရပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဝယ်ယူအသုံးပြုသူများအနေနဲ့ အဆိုပါ မြို့အသီးသီးရှိ စတိုးဆိုင်တွေမှာ Honor ရဲ့ ခေတ်မှီဆန်းသစ်တဲ့ Brand ကို အရင်ကနဲ့မတူအောင် တွေ့ကြုံခံစားနိုင်မှာ ဖြစ်ပြီး နွေးထွေးဖော်ရွေတဲ့ လူမှုဆက်ဆံရေး ပတ်ဝန်းကျင်တစ်ခု အနေနဲ့လည်း ဖန်းတီးပေးထားမှာ ဖြစ်ပါတယ်။
မန္တလေးမှာ ပထမပြခန်းကို ၇၃ လမ်း၊ ငုဝါလမ်းနှင့် သဇင်လမ်းကြားရှိ Mandalar Mall မှာ ကြမ်းပြင်အကျယ် ၁၁၀ မီတာပတ်လည်နဲ့ ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။ အဆိုပါ Showroom မှာ အရောင်းနဲ့ အတွေ့အကြုံဆိုတဲ့ ဧရိယာနှစ်ခု ခွဲခြားထားမှာ ဖြစ်ပြီး နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်းများ၊ နားကြပ်များ၊ စပီကာများနဲ့ အခြားအသုံးအဆောင် ပစ္စည်းအမျိုးမျိုးကို ရောင်းချပြသပေးမှာ ဖြစ်ပါတယ်။

မန္တလေးရှိ ဒုတိယပြခန်းမှာ ၇၈ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းများအကြားရှိ Myintmin Ayarwaddy တိုက်ခန်းမှာ တည်ရှိတာ ဖြစ်ပါတယ်။ Honor က မော်လမြိုင်မှာလည်း အမှတ် ၁၇၆၊ အောက်လမ်းမကြီး၊ ရွှေတောင်ရပ်တွင် ဦးဆောင်ပြခန်းကို ဖွင့်လှစ်ခြင်းပြီး မြန်မာနိုင်ငံရဲ့ တောင်ဖက်ကို ဆက်လက်ချဲ့ထွင်လျက်ရှိပါတယ်။

Honor ဥက္ကဌဖြစ်သူ Mr. Bai Jing ရဲ့ အဆိုအရ ပြီးခဲ့တဲ့ လေးလအတွင်း မြန်မာနိုင်ငံမှာ ရောင်းချမှုနှုန်းနှစ်ဆအထိ တိုးတက်လာတယ်လို့ သိရပါတယ်။ Honor က ယခုနှစ်မကုန်မီ ပြခန်းအသစ်များ ထပ်မံဖွင့်လှစ်နိုင်ခြေရှိကြောင်းလည်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

Honor စမတ်ဖုန်းနဲ့ တွဲဖက်ပစ္စည်းများ ဝယ်ယူသူတွေအတွက် လက်ဆောင်ပေးသွားမှာ ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်မှ စက်တင်ဘာ ၂၃ ရက်နေ့အတွင်း Lucky Draw ကူပွန်များကိုလည်း လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Honor 7X ဒါမှမဟုတ် Honor 6X တို့ကို ဝယ်ယူအသုံးပြုခဲ့တဲ့ Honor ပရိသတ်များနဲ့ အသုံးပြုသူများက ၁၀၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်အထိ ပါဝင်တဲ့ Honor ဈေးလျော့ကူပွန်တွေကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၃ ရက်၊ ညနေ ၆ နာရီတွင် Honor မန္တလေးပြခန်းကို Facebook ကနေတစ်ဆင့် Live လွှင့်ပြီး SMART stainless steel ရခဲသေတ္တာတစ်လုံး မဲဖောက်ပေးမှာဖြစ်ပြီး ကံထူးရှင်တစ်ဦးကိုလည်း Live ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။