[Zawgyi]

မၾကာေသးခင္က ထြက္ရွိခဲ့တဲ့ ေကာလဟလသတင္းေတြအရဆိုရင္ Honor V20 ဟာ RAM 6GB နဲ႔ ပြဲထြက္လာမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Storage အပိုင္းမွာဆိုရင္လည္း 64GB နဲ႔ 128GB ၂မ်ိဴးတည္းသာ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မယ္လို႔ ခန္႔မွန္းေျပာဆိုခဲ့ၾကပါတယ္။ ဒီေန႔မွာေတာ့ Honor V20 မွာ RAM 6GB + Storage 64GB နဲ႔ RAM 6GB + Storage 128GB ေမာ္ဒယ္ေတြအျပင္ ေနာက္ထပ္ အထူးထုတ္ ဗားရွင္းျဖစ္တဲ့ RAM 8GB + Storage 256GB ေမာ္ဒယ္ပါ ပါဝင္လာႏိုင္တယ္ဆိုတဲ့ သတင္းမ်ား ေပၚထြက္လာပါတယ္။

အဆိုပါ သတင္းဟာ AnTuTu ဝက္ဆိုက္ကေန တစ္ဆင့္ ေပၚထြက္လာတာ ျဖစ္ၿပီး Honor V20 ရဲ႕ PCT-AL10 ေမာ္ဒယ္မွာ RAM အေနနဲ႔ 8GB အထိ ပါဝင္ေနတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ Memory Storage 256GB ကိုလည္း RAM နဲ႔အတူ တြဲဖက္ ေဖာ္ျပထားပါေသးတယ္။ Processor အပိုင္းအတြက္ Kirin 980 SoC ကို အသုံးျပဳထားတာ ျဖစ္ၿပီး Display Resolution က 1080 x 2310 Pixels ရွိတာ ေတြ႕ရပါတယ္။

ဒီတစ္ေခါက္ထြက္ေပၚလာတဲ့ Honor V20 ရဲ႕ Benchmark Scores ေတြကေတာ့ စိတ္မေကာင္းစရာပါ။ အရင္တစ္ခါက ထြက္ေပၚခဲ့ဖူးတဲ့ Benchmark Scores ေတြထက္ ေတာ္ေတာ္ေလး ေလ်ာ့နည္းသြားတာကို ေတြ႕ရပါတယ္။ အရင္တစ္ခါက ထြက္ေပၚခဲ့ဖူးတဲ့ V20 ရဲ႕ AnTuTu Scores က 291,244 ျဖစ္ၿပီး ဒီတစ္ေခါက္ထြက္ေပၚလာတဲ့ AnTuTu Socres က 274,343 ျဖစ္ပါတယ္။ Kirin 980 (7nm) SoC ကို အသုံးျပဳထားတဲ့ ဖုန္းတစ္လုံးအေနနဲ႔ AnTuTu ရမွတ္ ၃သိန္းေက်ာ္ ရွိသင့္တယ္လို႔ ျမင္မိေပမယ့္ အခုရလဒ္ေတြက တရားဝင္မဟုတ္ေသးတာေၾကာင့္ ရမွတ္ေတြကို အတည္တက်ေတာ့ မွတ္ယူထားလို႔ မရေသးပါဘူး။

Honor အေနနဲ႔ V20 စမတ္ဖုန္းကို လာမယ့္ ဒီဇင္ဘာလ ၂၆ရက္ေန႔မွာ တရားဝင္မိတ္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။ V20 ရဲ႕ RAM 6GB + Storage 64GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၂၇၉၉ ယြမ္ (ျမန္မာေငြ ၆၃၀,၀၀၀ ဝန္းက်င္)၊ RAM 6GB + Storage 128GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၃၂၉၉ ယြမ္ (ျမန္မာေငြ ၇၅၀,၀၀၀ ဝန္းက်င္)နဲ႔ ေရာင္းခ်သြားႏိုင္ဖြယ္ ရွိပါတယ္။ RAM 6GB + Storage 256GB ေမာ္ဒယ္ကိုေတာ့ တ႐ုတ္ေငြ ၃၇၉၉ ယြမ္ (ျမန္မာေငြ ၈၆၀,၀၀၀ ဝန္းက်င္)နဲ႔ ေရာင္းခ်သြားႏိုင္တယ္လို႔ ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : gizmochina

[Unicode]

RAM 8GB + Storage 256GB နဲ့ ပွဲထွက်လာနိုင်တဲ့ Honor V20

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ ကောလဟလသတင်းတွေအရဆိုရင် Honor V20 ဟာ RAM 6GB နဲ့ ပွဲထွက်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် Storage အပိုင်းမှာဆိုရင်လည်း 64GB နဲ့ 128GB ၂မျိူးတည်းသာ ရွေးချယ်ဝယ်ယူနိုင်မယ်လို့ ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ ဒီနေ့မှာတော့ Honor V20 မှာ RAM 6GB + Storage 64GB နဲ့ RAM 6GB + Storage 128GB မော်ဒယ်တွေအပြင် နောက်ထပ် အထူးထုတ် ဗားရှင်းဖြစ်တဲ့ RAM 8GB + Storage 256GB မော်ဒယ်ပါ ပါဝင်လာနိုင်တယ်ဆိုတဲ့ သတင်းများ ပေါ်ထွက်လာပါတယ်။

အဆိုပါ သတင်းဟာ AnTuTu ဝက်ဆိုက်ကနေ တစ်ဆင့် ပေါ်ထွက်လာတာ ဖြစ်ပြီး Honor V20 ရဲ့ PCT-AL10 မော်ဒယ်မှာ RAM အနေနဲ့ 8GB အထိ ပါဝင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် Memory Storage 256GB ကိုလည်း RAM နဲ့အတူ တွဲဖက် ဖော်ပြထားပါသေးတယ်။ Processor အပိုင်းအတွက် Kirin 980 SoC ကို အသုံးပြုထားတာ ဖြစ်ပြီး Display Resolution က 1080 x 2310 pixels ရှိတာ တွေ့ရပါတယ်။

ဒီတစ်ခေါက်ထွက်ပေါ်လာတဲ့ Honor V20 ရဲ့ Benchmark Scores တွေကတော့ စိတ်မကောင်းစရာပါ။ အရင်တစ်ခါက ထွက်ပေါ်ခဲ့ဖူးတဲ့ Benchmark Scores တွေထက် တော်တော်လေး လျော့နည်းသွားတာကို တွေ့ရပါတယ်။ အရင်တစ်ခါက ထွက်ပေါ်ခဲ့ဖူးတဲ့ V20 ရဲ့ AnTuTu Scores က 291,244 ဖြစ်ပြီး ဒီတစ်ခေါက်ထွက်ပေါ်လာတဲ့ AnTuTu Socres က 274,343 ဖြစ်ပါတယ်။ Kirin 980 (7nm) SoC ကို အသုံးပြုထားတဲ့ ဖုန်းတစ်လုံးအနေနဲ့ AnTuTu ရမှတ် ၃သိန်းကျော် ရှိသင့်တယ်လို့ မြင်မိပေမယ့် အခုရလဒ်တွေက တရားဝင်မဟုတ်သေးတာကြောင့် ရမှတ်တွေကို အတည်တကျတော့ မှတ်ယူထားလို့ မရသေးပါဘူး။

Honor အနေနဲ့ V20 စမတ်ဖုန်းကို လာမယ့် ဒီဇင်ဘာလ ၂၆ရက်နေ့မှာ တရားဝင်မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ V20 ရဲ့ RAM 6GB + Storage 64GB မော်ဒယ်ကို တရုတ်ငွေ ၂၇၉၉ ယွမ် (မြန်မာငွေ ၆၃၀,၀၀၀ ဝန်းကျင်)၊ RAM 6GB + Storage 128GB မော်ဒယ်ကို တရုတ်ငွေ ၃၂၉၉ ယွမ် (မြန်မာငွေ ၇၅၀,၀၀၀ ဝန်းကျင်)နဲ့ ရောင်းချသွားနိုင်ဖွယ် ရှိပါတယ်။ RAM 6GB + Storage 256GB မော်ဒယ်ကိုတော့ တရုတ်ငွေ ၃၇၉၉ ယွမ် (မြန်မာငွေ ၈၆၀,၀၀၀ ဝန်းကျင်)နဲ့ ရောင်းချသွားနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : gizmochina