[Zawgyi]

Honor View 20 (Honor V20) နဲ႔ Huawei Nova 4 တို႔ဟာ ကုမၸဏီအသီးသီးရဲ႕ ေနာက္ဆုံးထြက္ မ်ိဴးဆက္သစ္ စမတ္ဖုန္းမ်ား ျဖစ္ၾကပါတယ္။ အဆိုပါ ဖုန္း ၂လုံးဟာ 48MP Camera Sensor နဲ႔ In-Display Hole Camera လိုမ်ိဴး ေနာက္ဆုံးေပၚ နည္းပညာ အသစ္အဆန္းေတြပါဝင္တဲ့ စမတ္ဖုန္းမ်ားျဖစ္ၾကၿပီး ေစ်းႏႈန္းအားျဖင့္လည္း သိပ္မကြာတဲ့ အေနအထားမွာ ရွိပါတယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔ MyTech Myanmar ကေန Honor View 20 နဲ႔ Huawei Nova 4 တို႔ရဲ႕ Specification ေတြကို ႏႈိင္းယွဥ္ေဖာ္ျပေပးလိုက္ပါတယ္။

Display

ေမာ္ဒယ္ ၂မ်ိဴးစလုံးမွာ Resolution 1080 x 2310 Pixels ရွိတဲ့ ၆.၄လက္မ အ႐ြယ္အစားရွိ FHD+ LCD Display ကို အသုံးျပဳထားပါတယ္။

Processor

Honor View 20 မွာ ေနာက္ဆုံးထြက္ Kirin 980 SoC (7nm) ကို အသုံးျပဳထားၿပီး Huawei Nova 4 မွာေတာ့ Kirin 970 SoC (10nm) ကို အသုံးျပဳထားပါတယ္။ View 20 ကို RAM 6GB + Storage 128GB, RAM 8GB + Storage 128GB နဲ႔ RAM 8GB + Storage 256GB ဆိုၿပီး ၃မ်ိဴးေ႐ြးခ်ယ္ ဝယ္ယူႏိုင္မွာပါ။ Huawei Nova 4 ကိုေတာ့ RAM 8GB + Storage 128GB တစ္မ်ိဴးတည္းသာ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မယ္လို႔ သိရပါတယ္။

Camera

Honor View 20 ရဲ႕ ကင္မရာပိုင္းအတြက္ 48MP Main Camera နဲ႔ 3D ToF (Time of Flight) Sensor ေတြကို ေနာက္ေက်ာဘက္မွာ အလ်ားလိုက္ တပ္ဆင္ေပးထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္ Display Hole ထဲမွာေတာ့ 25MP Camera ကို ထည့္သြင္းတပ္ဆင္ေပးထားပါတယ္။

Huawei Nova 4 ရဲ႕ ေက်ာဘက္ကင္မရာပိုင္းအတြက္ 48MP+16MP+2MP Triple Camera Setup နဲ႔ 20MP+16MP+2MP Triple Camera Setup ဆိုၿပီး ၂မ်ိဴးခြဲျခားထားပါတယ္။ Display Hole ထဲမွာေတာ့ Honor View 20 မွာ တပ္ဆင္ထားတဲ့ 25MP Camera ကိုပဲ တပ္ဆင္ထားပါတယ္။

Battery

Honor View 20 မွာ 4000mAh ဘက္ထရီ ထည္သြင္းေပးထားၿပီး USB Type-C ကေနတစ္ဆင့္ 22.5W အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ Huawei Nova 4 မွာေတာ့ 3750mAh ဘက္ထရီကို ထည့္သြင္းေပးထားၿပီး USB Type-C ကေနတစ္ဆင့္ 18W အျမန္အားသြင္းစနစ္ကိုသာ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Price

Honor View 20 ရဲ႕ RAM 6GB + Storage 128GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၂,၉၉၉ ယြမ္ (ျမန္မာေငြ ၆၇၀,၀၀၀ ဝန္းက်င္)၊ RAM 8GB + Storage 128GB ေမာ္ဒယ္ကို တ႐ုတ္ေငြ ၃,၄၉၉ ယြမ္ (ျမန္မာေငြ ၇၈၀,၀၀၀ ဝန္းက်င္), RAM 8GB + Storage 256GB (Moschino Edition) ေမာ္ဒယ္ကို တ႐ုတ္ေငြ ၃,၉၉၉ ယြမ္ (ျမန္မာေငြ ၉သိန္း ဝန္းက်င္)နဲ႔ တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်ေနပါတယ္။

Huawei Nova 4 ရဲ႕ RAM 8GB + Storage 128GB (48MP Camera) ေမာ္ဒယ္ကို တ႐ုတ္ေငြ ၃,၃၉၉ ယြမ္ (ျမန္မာေငြ ၇၆၀,၀၀၀ ဝန္းက်င္)၊ RAM 8GB + Storage 128GB (20MP Camera) ေမာ္ဒယ္ကို တ႐ုတ္ေငြ ၃,၀၉၉ ယြမ္ (ျမန္မာေငြ ၇သိန္း ဝန္းက်င္)နဲ႔ တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်ေနပါတယ္။

Specs Ref : gsmarena, gadgets.ndtv

[Unicode]

Honor View 20 နဲ့ Huawei Nova 4 တို့ရဲ့ Specification များအား နှိုင်းယှဥ်ကြည့်ခြင်း

Honor View 20 (Honor V20) နဲ့ Huawei Nova 4 တို့ဟာ ကုမ္ပဏီအသီးသီးရဲ့ နောက်ဆုံးထွက် မျိူးဆက်သစ် စမတ်ဖုန်းများ ဖြစ်ကြပါတယ်။ အဆိုပါ ဖုန်း ၂လုံးဟာ 48MP Camera Sensor နဲ့ In-display Hole Camera လိုမျိူး နောက်ဆုံးပေါ် နည်းပညာ အသစ်အဆန်းတွေပါဝင်တဲ့ စမတ်ဖုန်းများဖြစ်ကြပြီး စျေးနှုန်းအားဖြင့်လည်း သိပ်မကွာတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ MyTech Myanmar ကနေ Honor View 20 နဲ့ Huawei Nova 4 တို့ရဲ့ Specification တွေကို နှိုင်းယှဥ်ဖော်ပြပေးလိုက်ပါတယ်။

Display

မော်ဒယ် ၂မျိူးစလုံးမှာ Resolution 1080 x 2310 pixels ရှိတဲ့ ၆.၄လက်မ အရွယ်အစားရှိ FHD+ LCD Display ကို အသုံးပြုထားပါတယ်။

Processor

Honor View 20 မှာ နောက်ဆုံးထွက် Kirin 980 SoC (7nm) ကို အသုံးပြုထားပြီး Huawei Nova 4 မှာတော့ Kirin 970 SoC (10nm) ကို အသုံးပြုထားပါတယ်။ View 20 ကို RAM 6GB + Storage 128GB, RAM 8GB + Storage 128GB နဲ့ RAM 8GB + Storage 256GB ဆိုပြီး ၃မျိူးရွေးချယ် ဝယ်ယူနိုင်မှာပါ။ Huawei Nova 4 ကိုတော့ RAM 8GB + Storage 128GB တစ်မျိူးတည်းသာ ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Camera

Honor View 20 ရဲ့ ကင်မရာပိုင်းအတွက် 48MP Main Camera နဲ့ 3D ToF (Time of Flight) Sensor တွေကို နောက်ကျောဘက်မှာ အလျားလိုက် တပ်ဆင်ပေးထားပြီး ရှေ့ဘက်မျက်နှာပြင် Display Hole ထဲမှာတော့ 25MP Camera ကို ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။

Huawei Nova 4 ရဲ့ ကျောဘက်ကင်မရာပိုင်းအတွက် 48MP+16MP+2MP Triple Camera Setup နဲ့ 20MP+16MP+2MP Triple Camera Setup ဆိုပြီး ၂မျိူးခွဲခြားထားပါတယ်။ Display Hole ထဲမှာတော့ Honor View 20 မှာ တပ်ဆင်ထားတဲ့ 25MP Camera ကိုပဲ တပ်ဆင်ထားပါတယ်။

Battery

Honor View 20 မှာ 4000mAh ဘက်ထရီ ထည်သွင်းပေးထားပြီး USB Type-C ကနေတစ်ဆင့် 22.5W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Huawei Nova 4 မှာတော့ 3750mAh ဘက်ထရီကို ထည့်သွင်းပေးထားပြီး USB Type-C ကနေတစ်ဆင့် 18W အမြန်အားသွင်းစနစ်ကိုသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Price

Honor View 20 ရဲ့ RAM 6GB + Storage 128GB မော်ဒယ်ကို တရုတ်ငွေ ၂,၉၉၉ ယွမ် (မြန်မာငွေ ၆၇၀,၀၀၀ ဝန်းကျင်)၊ RAM 8GB + Storage 128GB မော်ဒယ်ကို တရုတ်ငွေ ၃,၄၉၉ ယွမ် (မြန်မာငွေ ၇၈၀,၀၀၀ ဝန်းကျင်), RAM 8GB + Storage 256GB (Moschino Edition) မော်ဒယ်ကို တရုတ်ငွေ ၃,၉၉၉ ယွမ် (မြန်မာငွေ ၉သိန်း ဝန်းကျင်)နဲ့ တရုတ်နိုင်ငံမှာ ရောင်းချနေပါတယ်။

Huawei Nova 4 ရဲ့ RAM 8GB + Storage 128GB (48MP Camera) မော်ဒယ်ကို တရုတ်ငွေ ၃,၃၉၉ ယွမ် (မြန်မာငွေ ၇၆၀,၀၀၀ ဝန်းကျင်)၊ RAM 8GB + Storage 128GB (20MP Camera) မော်ဒယ်ကို တရုတ်ငွေ ၃,၀၉၉ ယွမ် (မြန်မာငွေ ၇သိန်း ဝန်းကျင်)နဲ့ တရုတ်နိုင်ငံမှာ ရောင်းချနေပါတယ်။

Specs Ref : gsmarena, gadgets.ndtv