[Zawgyi]

တရုတ္ဆုိရွယ္ဝက္ဘ္ဆုိက္ Weibo မွာေတာ့ Honor View 20 အတြက္ ပုိစတာအသစ္ေတြ ထပ္ထြက္လာျပန္ပါၿပီ။ ပထမတစ္ခုမွာ View 20 ဖုန္းသစ္ဟာ Huawei Mate 20 Pro မွာပါဝင္ခဲ့တဲ့ အဆင့္ျမင့္ GPS စနစ္ကို ထည့္သြင္းလာမွာျဖစ္ၿပီး ပုံမွန္နည္းပညာထက္ ပုိတိက်ကာ ဖုန္းလုိင္းေတြကို ပိတ္ဆုိ႔ႏုိင္တဲ့ အထပ္ျမင့္ အေဆာက္အဦေတြၾကားမွာေတာင္ ပုိမုိေကာင္းမြန္တဲ့ GPS စနစ္ကို ေပးစြမ္းႏုိင္မယ္လို႔ ဆုိပါတယ္။

ေနာက္ပုိစတာတစ္ခုမွာေတာ့ View 20 မွာ ဗီဒီယုိေတြကို 960 fps အထိ ရုိက္ကူးႏုိင္တဲ့ ကင္မရာ ပါလာမယ္လို႔ ေၾကညာထားပါတယ္။ ဒီေလာက္ျမင့္မားတဲ့ Frame Rate နဲ႔ မွတ္တမ္းတင္ႏုိင္တာဟာ Huawei ကုမၸဏီမွာ Huawei P20 စီးရီးက ပထမဆုံးပါပဲ။ ဒါ့အျပင္ Honor ရဲ႕ Flagship ေမာ္ဒယ္ေတြမွာပဲ အသုံးျပဳဖို႔ ထုတ္လုပ္ထားတဲ့ Kirin 980 CPU ကိုလည္း View 20 မွာျမင္ေတြ႕ရမွာပါ။

View 20 ကို အနည္းဆုံး 6GB RAM မန္မုိရီနဲ႔ ထြက္လာမယ္လို႔ ေမွ်ာ္လင့္ရၿပီး Storage ကလည္း 64GB သို႔မဟုတ္ 128GB ျဖစ္ႏိုင္ပါတယ္။ 6.39” လက္မအရြယ္ AMOLED မ်က္ႏွာျပင္ထဲမွာ Selfie ကင္မရာအတြက္ အေပါက္ေလးထည့္လာမယ့္ ပထမဆုံး ဟန္းဆက္မ်ဳိးဆက္ထဲက တစ္ခု ျဖစ္ပါတယ္။ Triple ကင္မရာအတြဲနဲ႔ ေရွ႕ဘက္ 25MP ဆယ္လ္ဖီကင္မရာတုိ႔လည္း ပါလာဦးမွာပါ။ ေနာက္ထပ္ ပုိစတာႏွစ္ခုထဲမွာေတာ့ 25MP Selfie ကင္မရာငယ္နဲ႔ 4,000 mAh ဘကၳရီတုိ႔ကိုလည္း ျပသထားပါေသးတယ္။

အထူးဗားရွင္းအျဖစ္ ထြက္လာမယ့္ Maserati Edition အတြက္လည္း သတင္းေတြ ထြက္ေပၚေနဆဲပါပဲ။ View 20 ကိုေတာ့ ဒီဇင္ဘာ ၂၆ မွာ တရုတ္ေစ်းကြက္မွာ မိတ္ဆက္လာဖို႔ ေမွ်ာ္လင့္ရၿပီး Android 9.0 Pie အေျခခံ EMUI 9.0 နဲ႔အသုံးျပဳရမွာပါ။ အေရာင္ကေတာ့ အျပာ၊ အနက္နဲ႔ အနီ သုံးမ်ဳိး ေရြးခ်ယ္ႏုိင္မွာ ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

တရုတ်ဆိုရှယ်ဝက်ဘ်ဆိုက် Weibo မှာတော့ Honor View 20 အတွက် ပိုစတာအသစ်တွေ ထပ်ထွက်လာပြန်ပါပြီ။ ပထမတစ်ခုမှာ View 20 ဖုန်းသစ်ဟာ Huawei Mate 20 Pro မှာပါဝင်ခဲ့တဲ့ အဆင့်မြင့် GPS စနစ်ကို ထည့်သွင်းလာမှာဖြစ်ပြီး ပုံမှန်နည်းပညာထက် ပိုတိကျကာ ဖုန်းလိုင်းတွေကို ပိတ်ဆို့နိုင်တဲ့ အထပ်မြင့် အဆောက်အဦတွေကြားမှာတောင် ပိုမိုကောင်းမွန်တဲ့ GPS စနစ်ကို ပေးစွမ်းနိုင်မယ်လို့ ဆိုပါတယ်။

နောက်ပိုစတာတစ်ခုမှာတော့ View 20 မှာ ဗီဒီယိုတွေကို 960 fps အထိ ရိုက်ကူးနိုင်တဲ့ ကင်မရာ ပါလာမယ်လို့ ကြေညာထားပါတယ်။ ဒီလောက်မြင့်မားတဲ့ Frame Rate နဲ့ မှတ်တမ်းတင်နိုင်တာဟာ Huawei ကုမ္ပဏီမှာ Huawei P20 စီးရီးက ပထမဆုံးပါပဲ။ ဒါ့အပြင် Honor ရဲ့ Flagship မော်ဒယ်တွေမှာပဲ အသုံးပြုဖို့ ထုတ်လုပ်ထားတဲ့ Kirin 980 CPU ကိုလည်း View 20 မှာမြင်တွေ့ရမှာပါ။

View 20 ကို အနည်းဆုံး 6GB RAM မန်မိုရီနဲ့ ထွက်လာမယ်လို့ မျှော်လင့်ရပြီး Storage ကလည်း 64GB သို့မဟုတ် 128GB ဖြစ်နိုင်ပါတယ်။ 6.39” လက်မအရွယ် AMOLED မျက်နှာပြင်ထဲမှာ Selfie ကင်မရာအတွက် အပေါက်လေးထည့်လာမယ့် ပထမဆုံး ဟန်းဆက်မျိုးဆက်ထဲက တစ်ခု ဖြစ်ပါတယ်။ Triple ကင်မရာအတွဲနဲ့ ရှေ့ဘက် 25MP ဆယ်လ်ဖီကင်မရာတို့လည်း ပါလာဦးမှာပါ။ နောက်ထပ် ပိုစတာနှစ်ခုထဲမှာတော့ 25MP Selfie ကင်မရာငယ်နဲ့ 4,000 mAh ဘက္ထရီတို့ကိုလည်း ပြသထားပါသေးတယ်။

အထူးဗားရှင်းအဖြစ် ထွက်လာမယ့် Maserati Edition အတွက်လည်း သတင်းတွေ ထွက်ပေါ်နေဆဲပါပဲ။ View 20 ကိုတော့ ဒီဇင်ဘာ ၂၆ မှာ တရုတ်ဈေးကွက်မှာ မိတ်ဆက်လာဖို့ မျှော်လင့်ရပြီး Android 9.0 Pie အခြေခံ EMUI 9.0 နဲ့အသုံးပြုရမှာပါ။ အရောင်ကတော့ အပြာ၊ အနက်နဲ့ အနီ သုံးမျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Ref – GSM Arena