Zawgyi

၂၀၁၈ က Notch ဖုန္းေတြရဲ႕ေခတ္ျဖစ္ခဲ့ျပီး iPhone X ရဲ႕ ဘားတန္းပံုစံ Notch က စလို႔ OnePlus 6T ရဲ႕ Water Drop ပံုစံ Notch ထိ Notch ေပါင္းစံုေတြ႔ခဲ့ရပါတယ္။ ေနာက္လာမယ့္ ၂၀၁၉ ကေတာ့ Display Hole နဲ႔ ဖုန္းေတြရဲ႕ေခတ္ျဖစ္လာေတာ့မွာပါ။ Notch ဆိုတဲ့အရာကို iPhone X မွာစျပီး သတိထားမိလာေပမယ့္ (iPhone X က ပထမဆံုး Notch ဖုန္းမဟုတ္ပါ) Display Hole ဆိုတာကိုေတာ့ Samsung ကေန Infinity O နာမည္နဲ႔ စတင္ တီထြင္ခဲ့ပါျပီ။ မၾကာေသးခင္ကပဲ Display Hole နဲ႔ Galaxy A8s တရားဝင္ေပၚထြက္လာခဲ့ပါျပီ။ အခုေတာ့ Huawei ရဲ႕အလွည့္ပါ။ Huawei ရဲ႕ Brand အခြဲျဖစ္တဲ့ Honor ကေန Honor View20 ဆိုတဲ့ ဖုန္းအသစ္မွာ Selfie ကင္မရာကို ထည့္သြင္းတည္ေဆာက္ထားတဲ့ Display Hole နဲ႔အတူ 48MP ရွိ ကင္မရာကိုထည့္သြင္းေပးထားပါတယ္။

Honor View20 ရဲ႕ ပိုစတာေတြကို ကုမၸဏီကေန ဆိုရွယ္မီဒီယာေတြေပၚမွာ တရားဝင္ ျဖန္႔ေဝခဲ့တာျဖစ္ပါတယ္။ Honor ရဲ႕ေျပာၾကားခ်က္အရေတာ့ View20 ရဲ႕ Display Hole ဟာ ျပိဳင္ဘက္ ဖုန္းေတြရဲ႕ Display Hole ေတြထက္ ပိုေသးတယ္လို႔သိရပါတယ္။ Honor View20 ရဲ႕ စိတ္ဝင္စားစရာအခ်က္ေတြက Display Hole တင္မဟုတ္ပဲ အေနာက္ဘက္ ကင္မရာ ပါလို႔ Honor ကေျပာၾကားထားပါတယ္။ View20 ရဲ႕ အေနာက္ဘက္ ကင္မရာ Sensor ဟာ Sony ရဲ႕ IMX586 ျဖစ္ျပီး အံ့အားသင့္စရာေကာင္းတဲ့ 48MP ကင္မရာကိုတပ္ဆင္ေပးထားပါတယ္။ IMX586 ကို Low-light Shot ေတြအတြက္ အဓိက ထုတ္လုပ္ထားတာျဖစ္ျပီး 0.8μm ရွိတဲ့ Pixel Size ကိုအသံုးျပဳကာ Pixel ေလးခုကို တစ္ခုတည္းအျဖစ္ျပန္လည္ေပါင္းစည္းျပီး ပိုမိုေကာင္းမြန္တဲ့ Low-light shot ေတြကိုထုတ္ေပးႏုိင္ပါတယ္။

ပရိုဆက္ဆာကေတာ့ Huawei ရဲ႕ေနာက္ဆံုးထုတ္ Kirin 980 ျဖစ္ျပီး Dual-NPU နဲ႔ Dual-ISP လို ေနာက္ဆံုးေပၚ ကင္မရာလုပ္ေဆာင္ခ်က္ေတြေၾကာင့္ IMX586 ရဲ႕ စြမ္းေဆာင္ရည္ကို အျပည့္အဝ အသံုးခ်ႏိုင္မွာပါ။ ေနာက္ထပ္ စိတ္ဝင္စားစရာ အခ်က္ကေတာ့ Link Turbo လို႔ေခၚတဲ့ လုပ္ေဆာင္ခ်က္အသစ္ျဖစ္ျပီး WiFi နဲ႔ 4G Network ႏွစ္ခုစလံုးကို တစ္ျပိဳင္တည္း အသံုးျပဳျပီး အရြယ္အစား အရမ္းၾကီးမားတဲ့ File ေတြကို ျမန္ျမန္ဆန္ဆန္ ေဒါင္းလုတ္ဆြဲႏိုင္မွာပါ။ Honor View20 ကို တရုတ္ျပည္တြင္းေစ်းကြက္အတြက္ ဒီဇင္ဘာ ၂၆ မွာ ေဘဂ်င္းျမိဳ႕မွာ စတင္မိတ္ဆက္မွာျဖစ္ျပီး ႏိုင္ငံတကာေစ်းကြက္အတြက္ေတာ့ ေနာက္ႏွစ္ ဇန္နဝါရီ ၂၂ မွာ မိတ္ဆက္မွာပါ။ Android Pie အေျခခံ EMUI 9.0 နဲ႔အတူ RAM 6GB, Kirin 980 SoC တို႔ေၾကာင့္ စြမ္းေဆာင္ရည္ပိုင္းကေတာ့ ေျပာစရာမလိုေအာင္ ေကာင္းမြန္ေနမွာပါ။

Ref: XDA

Unicode

၂၀၁၈ က Notch ဖုန်းတွေရဲ့ခေတ်ဖြစ်ခဲ့ပြီး iPhone X ရဲ့ ဘားတန်းပုံစံ Notch က စလို့ OnePlus 6T ရဲ့ Water Drop ပုံစံ Notch ထိ Notch ပေါင်းစုံတွေ့ခဲ့ရပါတယ်။ နောက်လာမယ့် ၂၀၁၉ ကတော့ Display Hole နဲ့ ဖုန်းတွေရဲ့ခေတ်ဖြစ်လာတော့မှာပါ။ Notch ဆိုတဲ့အရာကို iPhone X မှာစပြီး သတိထားမိလာပေမယ့် (iPhone X က ပထမဆုံး Notch ဖုန်းမဟုတ်ပါ) Display Hole ဆိုတာကိုတော့ Samsung ကနေ Infinity O နာမည်နဲ့ စတင် တီထွင်ခဲ့ပါပြီ။ မကြာသေးခင်ကပဲ Display Hole နဲ့ Galaxy A8s တရားဝင်ပေါ်ထွက်လာခဲ့ပါပြီ။ အခုတော့ Huawei ရဲ့အလှည့်ပါ။ Huawei ရဲ့ Brand အခွဲဖြစ်တဲ့ Honor ကနေ Honor View20 ဆိုတဲ့ ဖုန်းအသစ်မှာ Selfie ကင်မရာကို ထည့်သွင်းတည်ဆောက်ထားတဲ့ Display Hole နဲ့အတူ 48MP ရှိ ကင်မရာကိုထည့်သွင်းပေးထားပါတယ်။

Honor View20 ရဲ့ ပိုစတာတွေကို ကုမ္ပဏီကနေ ဆိုရှယ်မီဒီယာတွေပေါ်မှာ တရားဝင် ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ Honor ရဲ့ပြောကြားချက်အရတော့ View20 ရဲ့ Display Hole ဟာ ပြိုင်ဘက် ဖုန်းတွေရဲ့ Display Hole တွေထက် ပိုသေးတယ်လို့သိရပါတယ်။ Honor View20 ရဲ့ စိတ်ဝင်စားစရာအချက်တွေက Display Hole တင်မဟုတ်ပဲ အနောက်ဘက် ကင်မရာ ပါလို့ Honor ကပြောကြားထားပါတယ်။ View20 ရဲ့ အနောက်ဘက် ကင်မရာ Sensor ဟာ Sony ရဲ့ IMX586 ဖြစ်ပြီး အံ့အားသင့်စရာကောင်းတဲ့ 48MP ကင်မရာကိုတပ်ဆင်ပေးထားပါတယ်။ IMX586 ကို Low-light Shot တွေအတွက် အဓိက ထုတ်လုပ်ထားတာဖြစ်ပြီး 0.8μm ရှိတဲ့ Pixel Size ကိုအသုံးပြုကာ Pixel လေးခုကို တစ်ခုတည်းအဖြစ်ပြန်လည်ပေါင်းစည်းပြီး ပိုမိုကောင်းမွန်တဲ့ Low-light shot တွေကိုထုတ်ပေးနိုင်ပါတယ်။

ပရိုဆက်ဆာကတော့ Huawei ရဲ့နောက်ဆုံးထုတ် Kirin 980 ဖြစ်ပြီး Dual-NPU နဲ့ Dual-ISP လို နောက်ဆုံးပေါ် ကင်မရာလုပ်ဆောင်ချက်တွေကြောင့် IMX586 ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချနိုင်မှာပါ။ နောက်ထပ် စိတ်ဝင်စားစရာ အချက်ကတော့ Link Turbo လို့ခေါ်တဲ့ လုပ်ဆောင်ချက်အသစ်ဖြစ်ပြီး WiFi နဲ့ 4G Network နှစ်ခုစလုံးကို တစ်ပြိုင်တည်း အသုံးပြုပြီး အရွယ်အစား အရမ်းကြီးမားတဲ့ File တွေကို မြန်မြန်ဆန်ဆန် ဒေါင်းလုတ်ဆွဲနိုင်မှာပါ။ Honor View20 ကို တရုတ်ပြည်တွင်းဈေးကွက်အတွက် ဒီဇင်ဘာ ၂၆ မှာ ဘေဂျင်းမြို့မှာ စတင်မိတ်ဆက်မှာဖြစ်ပြီး နိုင်ငံတကာဈေးကွက်အတွက်တော့ နောက်နှစ် ဇန်နဝါရီ ၂၂ မှာ မိတ်ဆက်မှာပါ။ Android Pie အခြေခံ EMUI 9.0 နဲ့အတူ RAM 6GB, Kirin 980 SoC တို့ကြောင့် စွမ်းဆောင်ရည်ပိုင်းကတော့ ပြောစရာမလိုအောင် ကောင်းမွန်နေမှာပါ။

Ref: XDA