Zawgyi

တရုတ္ျပည္မွာ က်င္းပခဲ့တဲ့ Honor ရဲ႕ ပစၥည္းသစ္ မိတ္ဆက္ပြဲမွာ Honor Magic 2 နဲ႔ Honor Magic Watch အျပင္ တစ္ျခား စိတ္္ဝင္စားစရာ ပစၥည္းတစ္ခုကိုပါ မိတ္ဆက္လိုက္ပါတယ္။ တက္ဘလက္တစ္ခု ျဖစ္ျပီး Honpr Waterplay 8″ လို႔ေခၚပါတယ္။ Honor Magic 2 လိုပဲ အဆိုပါ Honor Waterplay 8″ တက္ဘလက္ဟာ အရင္ တစ္ႏွစ္အၾကာက ထြက္ခဲ့တဲ့ Honor Waterplay တက္ဘလက္ကို အဆင့္ျမွင့္တင္ေပးထားတဲ့ ဗားရွင္းအသစ္ပါပဲ။

တဂို မူလ Honor Waterplay တက္ဘလက္မွာ 10.1-inch အရြယ္ QXGQ Resolution ရွိတဲ့ Display ပါဝင္ျပီး (1920 × 1200 Pixels) ပါဝင္ျပီး အခု ထြက္လာတဲ့ တက္ဘလက္အသစ္မွာေတာ့ 8-inch အရြယ္ရွိ (1200 × 1920 Pixels) WXGA Display ပါဝင္ျပီး 60% NTSC Color Gamut နဲ႔ ေရစိုခံႏိုင္လာပါတယ္။ Huawei ရဲ႕ကိုယ္ပိုင္ Kirin 659 SoC ကိုအသံုးျပဳေပးထားပါတယ္။ Kirin 659 SoC ဟာ Honor ရဲ႕ ပထမဆံုး ေရစိုခံ တက္ဘလက္ Honor 7X မွာ အသံုးျပဳေပးထားတဲ့ SoC လည္းျဖစ္ပါတယ္။ Waterplay 8″ တက္ဘလက္ဟာ Android 8.0 အေျခခံ EMUI 8.0 ကိုအသံုးျပဳေပးထားတယ္။ စတီရီယို စပီကာေတြလည္း ပါဝင္ျပီး Huawei ရဲ႕ကိုယ္ပိုင္ အသံစနစ္ျဖစ္တဲ့ Huawei Histen 5.0 ကိုအသံုးျပဳေပးထားတယ္။ Fingerprint Sensor ကိုေတာ့ Home ခလုတ္ထဲကို ထည့္ျမွဳပ္ေပးထားပါတယ္။

အရင္ မူလ Honor Play တက္ဘလက္နဲ႔မတူတာကေတာ့ အရင္ တက္ဘလက္မာအသံုးျပဳထားတဲ့ အေနာက္ဘက္ ကင္မရာ တစ္လံုးတည္း မဟုတ္ေတာ့ပဲ ကင္မရာ ႏွစ္လံုးတြဲ Dual Camera စနစ္ကိုေျပာင္းလဲ အသံုးျပဳေပးထားတာပါ။ 13MP ရွိအဓိက ကင္မရာကို 2MP ရွိ Portrait ေတြရိုက္ႏိုင္တဲ့ဒုတိယ ကင္မရာနဲ႔ တြဲဖက္ေပးထားပါတယ္။ အေရွ႕ဘက္မွာေတာ့ 8MP ရွိ Faceunlock စနစ္ပါဝင္တဲ့ Selfie Camera ပါဝင္ပါတယ္။ ဘက္ထရီပိုင္းမွာေတာ့ အရင္ တက္ဘလက္မွာလို 6660 mAh မဟုတ္ေတာ့ပဲ ပိုမိုေသးသြားတဲ့ 5100mAh ဘက္ထရီကို အသံုးျပဳထားပါတယ္။ 9V-2A အျမန္အားသြင္းစနစ္လည္း ပါဝင္တယ္လို႔ သိရပါတယ္။

Ref: Gizmo China

Unicode

တရုတ်ပြည်မှာ ကျင်းပခဲ့တဲ့ Honor ရဲ့ ပစ္စည်းသစ် မိတ်ဆက်ပွဲမှာ Honor Magic 2 နဲ့ Honor Magic Watch အပြင် တစ်ခြား စိတ်ဝင်စားစရာ ပစ္စည်းတစ်ခုကိုပါ မိတ်ဆက်လိုက်ပါတယ်။ တက်ဘလက်တစ်ခု ဖြစ်ပြီး Honpr Waterplay 8″ လို့ခေါ်ပါတယ်။ Honor Magic 2 လိုပဲ အဆိုပါ Honor Waterplay 8″ တက်ဘလက်ဟာ အရင် တစ်နှစ်အကြာက ထွက်ခဲ့တဲ့ Honor Waterplay တက်ဘလက်ကို အဆင့်မြှင့်တင်ပေးထားတဲ့ ဗားရှင်းအသစ်ပါပဲ။

တဂို မူလ Honor Waterplay တက်ဘလက်မှာ 10.1-inch အရွယ် QXGQ Resolution ရှိတဲ့ Display ပါဝင်ပြီး (1920 × 1200 Pixels) ပါဝင်ပြီး အခု ထွက်လာတဲ့ တက်ဘလက်အသစ်မှာတော့ 8-inch အရွယ်ရှိ (1200 × 1920 Pixels) WXGA Display ပါဝင်ပြီး 60% NTSC Color Gamut နဲ့ ရေစိုခံနိုင်လာပါတယ်။ Huawei ရဲ့ကိုယ်ပိုင် Kirin 659 SoC ကိုအသုံးပြုပေးထားပါတယ်။ Kirin 659 SoC ဟာ Honor ရဲ့ ပထမဆုံး ရေစိုခံ တက်ဘလက် Honor 7X မှာ အသုံးပြုပေးထားတဲ့ SoC လည်းဖြစ်ပါတယ်။ Waterplay 8″ တက်ဘလက်ဟာ Android 8.0 အခြေခံ EMUI 8.0 ကိုအသုံးပြုပေးထားတယ်။ စတီရီယို စပီကာတွေလည်း ပါဝင်ပြီး Huawei ရဲ့ကိုယ်ပိုင် အသံစနစ်ဖြစ်တဲ့ Huawei Histen 5.0 ကိုအသုံးပြုပေးထားတယ်။ Fingerprint Sensor ကိုတော့ Home ခလုတ်ထဲကို ထည့်မြှုပ်ပေးထားပါတယ်။

အရင် မူလ Honor Play တက်ဘလက်နဲ့မတူတာကတော့ အရင် တက်ဘလက်မာအသုံးပြုထားတဲ့ အနောက်ဘက် ကင်မရာ တစ်လုံးတည်း မဟုတ်တော့ပဲ ကင်မရာ နှစ်လုံးတွဲ Dual Camera စနစ်ကိုပြောင်းလဲ အသုံးပြုပေးထားတာပါ။ 13MP ရှိအဓိက ကင်မရာကို 2MP ရှိ Portrait တွေရိုက်နိုင်တဲ့ဒုတိယ ကင်မရာနဲ့ တွဲဖက်ပေးထားပါတယ်။ အရှေ့ဘက်မှာတော့ 8MP ရှိ Faceunlock စနစ်ပါဝင်တဲ့ Selfie Camera ပါဝင်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ အရင် တက်ဘလက်မှာလို 6660 mAh မဟုတ်တော့ပဲ ပိုမိုသေးသွားတဲ့ 5100mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ 9V-2A အမြန်အားသွင်းစနစ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

Ref: Gizmo China