Honor ကနေ ပြီးခဲ့တဲ့နှစ်တုန်းကထွက်ရှိခဲ့တဲ့ Honor 7X စမတ်ဖုန်းက လက်ရှိအချိန်အထိ Mid Range နဲ့ Budget စမတ်ဖုန်းတွေထဲမှာ ရွေးချယ်စရာဖုန်းတစ်ခုဖြစ်နေတုန်းပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ထွက်ရှိတာတစ်နှစ်ကျော်ကြာသွားပြီဖြစ်တဲ့ Honor 7X စမတ်ဖုန်းဟာ အနည်းငယ် ဒိတ်အောက်နေပြီလို့ ပြောလို့ရနေပြီဖြစ်ပြီး Honor ကလည်း Honor 7X ရဲ့ မျိုးဆက်အသစ်ဖြစ်လာမယ့် Honor 9X ဖုန်းကို မိတ်ဆက်သွားတော့မယ်လို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။

အခုကြေညာချက်က Honor ကနေ Media တွေကို တရားဝင် Invite ထုတ်ပေးလိုက်တာဖြစ်ပြီးတော့ အဆိုပါ Invite မှာလည်း ” #NOORDINARYBEAUTY” ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ အခုထွက်ရှိလာမယ့် စမတ်ဖုန်းကို Honor ကနေ နာမည်အတိအကျဖော်ပြခဲ့ခြင်းမရှိပေမယ့် Honor 9i ကို အနည်းငယ်ပြောင်းလဲထားတဲ့ Honor 9X ဖြစ်လာဖို့ များနေပါတယ်။

အခု Honor 9X စမတ်ဖုန်းဟာ လက်ရှိသိရတဲ့သတင်းတွေအရ 5.84″ Full HD+ Resolution ရှိတဲ့ LCD Display ပါဝင်မှာဖြစ်ပြီးတော့ Processor ပိုင်းအနေနဲ့ကတော့ Kirin 659 Octa Core Processor ကိုပဲ တပ်ဆင်ထားမယ်လို့ ယူဆရပါတယ်။ RAM အနေနဲ့တော့ 4GB ပါဝင်ပြီးတော့ Storage အနေနဲ့ 128GB အထိ ပါဝင်လာမှာဖြစ်ပါတယ်။

Honor 9X စမတ်ဖုန်းဟာ ကင်မရာပိုင်းအနေနဲ့တော့ ပုံမှန်အဆင့်ပဲရှိမှာဖြစ်ပြီးတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာ 13MP နဲ့ 2MP Camera တွေတပ်ဆင်ထားပြီးတော့ Front Selfie Camera အနေနဲ့တော့ Pixel Size 2.0µm ရှိတဲ့ 16MP Camera ကို တပ်ဆင်ထားတာဖြစ်တဲ့အတွက် Selfie အနေနဲ့ကတော့ သိသိသာသာကောင်းလာမယ်လို့ ယူဆရပါတယ်။

အခု Honor 9X ဖုန်းကို Battery အနေနဲ့တော့ 3000mAh Battery ပါဝင်မှာဖြစ်ပြီး Android 8.0 Oreo နဲ့ မောင်းနှင်လာမှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့တော့ အတိအကျ မသိရသေးပေမယ့် Honor 9i စမတ်ဖုန်းဟာ ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ ရောင်းချနေတဲ့အတွက်ကြောင့် အခု Honor 9X ဖုန်းလည်း အဆိုပါ ဈေးဝန်းကျင်ပဲ ရှိမယ်လို့ ယူဆရပါတယ်။