အခုအချိန်မှာ စမတ်ဖုန်းတွေရဲ့ ဓါတ်ပုံတွေဟာ တော်တော်လေးကိုကောင်းမွန်လာတယ်လို့ ပြောလို့ရပြီးတော့ ဘယ်သူမဆို ကိုယ်ရိုက်ကူးတဲ့ဓါတ်ပုံကို ကိုယ့်နာမည်ထိုးထားချင်ကြမှာပါ။ အချို့သော စမတ်ဖုန်းတွေက ဘာဖုန်းနဲ့ ရိုက်ထားတဲ့ဆိုတာကိုဖော်ပြပေးတဲ့ Watermark Function တွေပါဝင်လာတယ်ဆိုပေမယ့်မပါဝင်တဲ့ ဖုန်းတွေအတွက် ဘယ်လို Watermark ထည့်လို့ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Add Watermark Free

Add Watermark Free Application ဟာ နာမည်အတိုင်းပဲ အခမဲ့အသုံးပြုနိုင်တဲ့ Application တစ်ခုဖြစ်ပြီး ကိုယ်ကြိုက်တဲ့စာသား၊ အရောင်နဲ့ ပုံစံကို ရွေးချယ်နိုင်တာက အားသာချက်တစ်ခုဖြစ်မှာပါ။

Salt

ဒုတိယ Application ကတော့ Salt ဆိုတဲ့ Application တစ်ခုပဲဖြစ်ပါတယ်။ အခု Application ကိုလည်း အခမဲ့ရယူနိုင်မှာဖြစ်ပြီးတော့ အခုနကပြောပြခဲ့တဲ့ Add Watermark Free လိုမျိုး မရှုပ်ပဲ လွယ်လွယ်ကူကူအသုံးပြုနိုင်တဲ့ Application တစ်ခုပဲဖြစ်ပါတယ်။ အခု Application နဲ့လည်း Watermark ကို ပုံစံမျိုးစုံ၊ Font မျိုးစုံပြောင်းနိုင်ဦးမှာပါ။

အခြားသော Watermark Application တွေလည်း Google Play Store လိုမျိုးနေရာတွေမှာ အများအပြားရှိနေပေမယ့် အခု Application ၂ ခုက တီထွင်ဖန်တီးချင်တဲ့သူတွေအတွက် သင့်တော်တဲ့အတွက်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။