ဖုန်ထူနေတဲ့ Laptop တွေ သုံးရတာ ကျန်းမာရေးနဲ့ မညီညွတ်သလို၊ Laptop ရဲ့ အသုံးခံနိုင်တဲ့ သက်တမ်းကိုလည်း လျော့ကျစေပါတယ်။ Laptop ကို သန့်ရှင်းရေး လုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို မျှဝေချင်ပါတယ်။

Laptop ရဲ့ စခရင်ကို သန့်ရှင်းရေးလုပ်ဖို့ Laptop စခရင် အတွက် သပ်သပ်ထုတ်ထားတဲ့ သန့်ရှင်းရေး ဆေးရည်လိုအပ်ပါတယ်။ စခရင်မှ လွဲပြီး တခြား Laptop အစိတ်အပိုင်းတွေအတွက်တော့ ရေဇလုံတစ်ခွက်၊ ဆပ်ပြာ အနည်းငယ်၊ လေမှုတ်တဲ့ ကိရိယာလေး၊ Isopropyl Alcohol တို့လိုအပ်ပါတယ်။ Isopropyl Alcohol ကို ဆေးဆိုင်တွေ မှာဝယ်ယူလို့ရပါတယ်။

  • Laptop ကို ပိတ်လိုက်ပါ။ ဘက်ထရီဖြုတ်လို့ရတဲ့ Laptop တွေ ဆိုဖြုတ်လိုက်ပါ။

  • Laptop နဲ့ ချိတ်ထားတဲ့ USB တွေ၊ ကြိုးတွေ စတာတွေအားလုံးကို ဖြုတ်လိုက်ပါ။

  • လေမှုတ်တဲ့ ကိရိယာလေးနဲ့ Keyboard တွေကြားရှိနေတဲ့ ဖုန်တွေကို မှုတ်ထုတ် ရှင်းလင်းပါ။

  • အကယ်၍ Keyboard ခလုတ်တွေက အရမ်းညစ်ပတ်ပေရေ နေတယ်ဆိုရင်တော့ Keyboard ခလုတ်တွေကို ဖြုတ်ပြီး ဆေးလို့ရပါတယ်။

အရမ်း သတိထားပြီးဖြုတ်ပါ။ ဖြုတ်နေစဉ်မှာ ဘာမှမကျိုးမပဲ့သွားအောင် ဂရုစိုက်ပါ။ တတ်နိုင်သမျှတော့ ဖြုတ်ပြီး မဆေးပါနဲ့။

ဖြုတ်တဲ့အချိန်မှာ ဓားပြားလေးသုံးပြီး ဖြည်းဖြည်းနဲ့ စိတ်ရှည်ရှည်ဖြုတ်ပါ။ ဖြုတ်နေစဉ်မှာလည်း ပြန်တပ်တပ်အောင် လေ့လာထားပါ။

  • ဖြုတ်ထားတဲ့ ခလုတ်တွေကို ဆပ်ြပာ တစ်စက် ၊ နှစ်စက်လောက်ထည့်ထားတဲ့ ရေဇလုံထဲမှာ ဆေးပေးပါ။ အ၀တ်ခြောက်နဲ့ ခြောက်သွားတဲ့အထိ ပြန်သုတ်ပေးပါ။

  • Laptop ရဲ့ USB port တွေကို လေမှုတ်ကိရိယာလေးနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။

  • ရေနွေးနွေးလေး တစ်ဝက် Isopropyl Alcohol တစ်ဝက်ရောထားတဲ့ ရေထဲကို အ၀တ်စ နုနုလေး စွတ်လိုက်ပါ။ အဲ့အ၀တ်စကို Laptop စခရင်မဟုတ်ဘဲ တခြား မျက်နှာပြင်တွေ သန့်ရှင်းပေးပါ။

  • Keyboard က ခလုတ်တွေကို သေချာပြန်တပ်ဆင်ပေးပါ။

  • Laptop စခရင်ကို စခရင်ဆေးတဲ့ အရည်နဲ့ သုတ်ပြီး ဆေးပေးပါ။ အကယ်၍ မရှိပါက ဒီအတိုင်း အ၀တ်နဲ့ဘဲ သုတ်ပေးပါ။ လိုအပ်ပါက အ၀တ်နူးနူးညံ့ညံ့လေးကို ရေငွေ့ငွေ့လေး စွတ်ပြီး ပွတ်ပေးပါ။ အားနဲ့ ဖိမပွတ်ပါနဲ့။ ကိုယ့် Laptop စခရင်က Touch Screen ဖြစ်နေရင် ပိုပြီး သတိထားပေးပါ။

ဆပ်ပြာတို့ မှန်ဆေးရည်တို့နဲ့ စခရင်ကို မဆေးပါနဲ့။ ဒါတွေက စခရင်ရဲ့ စွမ်းဆောင်နိုင်ရည်ကို ကျဆင်းသွားတတ်ပြီး တခါတလေ စခရင်ပါ မည်းသွားတတ်ပါတယ်။