HowTo | Mobile Phones | Mobile Phones

သင့်ရဲ့ဓာတ်ပုံတွေကို Facebook ပေါ်မှာ သူငယ်ချင်းတွေ ဆေးမထိုးအောင်  ဒီလိုလုပ်ပေးပါ။ 

August 25, 2017

သင့်ရဲ့ဓာတ်ပုံတွေကို Facebook ပေါ်မှာ သူငယ်ချင်းတွေ ဆေးမထိုးအောင်  ဒီလိုလုပ်ပေးပါ။ 

Share this on:

သင့်ရဲ့ဓာတ်ပုံတွေကို facebook ပေါ်မှာ သူငယ်ချင်းတွေ ဆေးမထိုးအောင်  ဒီလိုလုပ်ပေးပါ။ 

သင့်မွေးနေ့ပဲ ဖြစ်ဖြစ် သင့်ကို စချင်နောက်ချင်လို့ ဖြစ်ဖြစ် တခြားသူတွေက အယောက်လေးငါးဆယ်ဝိုင်းပြီး လာ Tag တာ မလိုချင်လို့ဘဲ ဖြစ်ဖြစ် ဓာတ်ပုံတွေကို သင့် Wall မှာ မရှိစေချင်ဘူး။ တခြား Friends တွေကိုလည်း မမြင်စေချင်ဘူးဆိုရင် ကာကွယ်လို့ရပါတယ်။

အဓိကက သင့်ရဲ့ Facebook Account ကို သင်ပြန်စစ်ဆေးရပါမယ်။ သင့် Account ရဲ့ Privacy လုံခြုံမှုပိုင်းဆိုင်ရာမှာ သင်ဘယ်လောက် မေ့လျော့နေလဲဆိုတာ ပြန်ကြည့်ပါ။ Setting ထဲဝင်ရပါမယ်။

Review Posts before you’re tagged in လုပ်ပါ။ သင့်ပုံတွေကို လာ မ Tag ခင် သင့်ကို ကြိုအသိပေးမှာ ဖြစ်ပါတယ်။ ဘယ်သူကတော့ သင့်ပုံကို လာ Tag တွဲနေပါပြီ ဆိုပြီး အကြောင်းကြားပါလိမ့်မယ်။ သင်လိုချင်တဲ့အခါ Add to Timeline လုပ်နိုင်သလို သင်မနှစ်သက်တဲ့ ပုံဆိုရင်လည်း Hide လုပ်နိုင်ပါတယ်။

Tag ထားတာကို Remove လုပ်နိုင်ပါတယ်။

သင့်ရဲ့အဆိုးဝါးဆုံးပုံကိုမှ လာ Tag ထားတယ်ဆိုရင်တော့ သင်မကျေနပ်ရင် Remove လုပ်နိုင်ပါတယ်။ နောက်တစ်ခါ ထပ်တင်ရင်တော့ Block ထားလိုက်ပါ။

Who can post on your Timeline မှာ Only me လုပ်ပါ။ ပေါက်ကရ Post တွေကို သင့် Wall မှာ လာတင်သွားတာမဖြစ်ရအောင် သင်ကိုယ်တိုင်ပဲ Poster ဖြစ်အောင် Privacy ပြောင်းထားပေးပါ။

ဒါဆိုရင်တော့ သင့် Timeline ကို ဘယ်သူမှ ဝင်ရေးလို့မရသလို ဘယ်သူကမှလည်း ဓာတ်ပုံတွေ တင်လို့မရတော့ပါဘူး။

Review

User Rating

3 (10 Votes)
error: Alert: Copyright © 2018. MyTech Myanmar