YouTube က သီချင်းနဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်တွေ အများကြီး တင်ထားတဲ့ ဆိုဒ်ဖြစ်ပါတယ်။ တခါတလေ ကိုယ်ကြိုက်တဲ့ သီချင်းတွေက mp3 ဖိုင်နဲ့မရှိဘဲ YouTube ပေါ်မှာတင်ထားတဲ့ ဗီဒီယိုဖိုင်ဘဲရှိတာမျိုးဖြစ်တတ်ပါတယ်။ စမတ်ဖုန်းထဲမှာ ကိုယ်အားတဲ့အချိန်ထည့်ပြီး နားထောင်ချင်တာမျိုးဆို mp3 ဖိုင်က ပိုအဆင်ပြေတာကြောင့် mp3 ကို ပြောင်းနိုင်တဲ့နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

Software ကိုဒေါင်းလုဒ်ဆွဲပါ

Any Video Converter Free ဆိုတဲ့ Software ကို ကွန်ပျုတာထဲမှာ ဒေါင်းလုပ်ဒ်ဆွဲသိမ်းထားလိုက်ပါ။ အဲ့ဒီ Software က Windows ကွန်ပျုတာတွေမှာ အခမဲ့ ဒေါင်းလုပ်ခ် လုပ်နိုင်ပြီး Youtube, Vimeo နဲ့တခြား ဆိုဒ်တွေမှ ဗီဒီယိုတွေကို ဒေါင်းလုဒ်လုပ်နိုင်ပါတယ်။

ကိုယ် Download ဆွဲချင်တဲ့ ဗီဒီယိုဖိုင်တွေကို ရှာပါ

ကိုယ် Download လုပ်ချင်တဲ့ ဗီဒီယိုဖိုင်တွေကို ရှာပါ။ တွေ့ရင် URL Address ကို Copy ယူပြီး Any Video Converter Free ဆိုတဲ့ Software ကိုဖွင့်ပြီး ခုနက Copy ယူထားတဲ့ URL Address ကို Paste ချလိုက်ပါ။

အပေါင်းခလုတ်လေးကို နှိပ်ပြီး ကိုယ်ဒေါင်းချင်တဲ့ URL Address တွေကို ဖြည့်ပေးသွားလို့ရပါတယ်။

MP3 ပြောင်းမယ်

URL address တွေကိုထည့်ပြီးသွားရင် “Start Download” ဆိုတဲ့ ခလုတ်ကို နှိပ်ပေးပါ။ မိနစ်အနည်းငယ်လောက်စောင့်ပေးပြီးရင် ဗီဒီယိုဘေးနားမှာ အမှန်ခြစ်လေးတွေဖြစ်သွားမှာပါ။ အဲ့ကျမှ “MP3 Audio”ကိုရွေးပါ။ ထိပ်ဆုံးမှာ “Convert Now” ဆိုတဲ့စာကို ခလုတ်နှိပ်လိုက်ရင် MP3 တွေ ပြောင်းပေးမှာဖြစ်ပါတယ်။