Zawgyi Font Version

နာမည္ေက်ာ္ Facebook ဆိုတဲ့ Social Media ၾကီးအေပၚလူေတြအမ်ိဳးမ်ိဳးထင္ျမင္ေနၾကပါတယ္။ တစ္ခ်ိဳ႕ကေတာ့ လံုးဝအေကာင္းပဲျမင္တယ္။ တစ္ခ်ိဳ႕ကေတာ့ အဆိုးပဲျမင္တယ္။ တစ္ခ်ိဳ႕ကေတာ့ အသံုးျပဳတဲ့သူအေပၚပဲ မူတည္တယ္လို႔ျမင္ၾကတယ္။ တစ္ခ်ိဳ႕ကေတာ့ Facebook ဟာ လံုျခံဳေရးပိုင္းအားနည္းတဲ့အျပင္ အသံုးျပဳသူေတြရဲ႕ အခ်က္အလက္ေတြကို ခိုးယူေရာင္းခ်ေနတယ္လို႔ဆိုၾကျပီး Facebook ကို အျပီးတိုင္စြန္႔ခြာဖို႔စဥ္းစားေနၾကပါတယ္။ ဒါေပမယ့္လည္း သင္ဟာ ဒီအေၾကာင္းအရာေတြကို Facebook ေၾကာင့္ပဲ ဖတ္ေနရတာရွိျပီး မခ်စ္ေပမယ့္ ေအာင့္ကာနမ္းတယ္ဆိုသလိုပဲ မၾကိဳက္ေပမယ့္လည္း ဆက္လက္အသံုးျပဳေနရတဲ့ လူေတြအမ်ားၾကီးပါ။ ဒါေပမယ့္လည္း သင္ဟာ Facebook အျပီးတိုင္စြန္႔ခြာေတာ့မယ္ဆိုရင္ သင့္ Facebook အေကာင့္ကို Deactivate ျပဳလုပ္ရံုနဲ႔ မရေသးပါဘူး။ သင့္အခ်က္အလက္ေတြဟာ Facebook ေပၚမွာရွိေနဆဲျဖစ္ျပီး အေကာင့္ကိုအျပီးတိုင္ဖ်က္ဖို႔အတြက္ လုပ္ေဆာင္ရမယ့္အခ်က္ေတြကိုေဖာ္ျပလိုက္ပါတယ္။

သင့္ Facebook Account ကိုအျပီးတိုင္ဖ်က္ေတာ့မယ္ဆိုရင္ သင္တင္ထားသမွ်ပံုေတြနဲ႔ အခ်က္အလက္ေတြအကုန္သိမ္းထားခ်င္ရင္ေတာ့ ေဒါင္းလုဒ္ဆြဲေပးရပါမယ္။ သင္တင္ထားသမွ်ပံုေတြရယ္ Chat History ေတြနဲ႔ IP Address ေတြအကုန္လံုးကိုစုေပးထားတဲ့ Archives File ကိုေဒါင္းလဒ္လုပ္ေပးရမယ္။ သင့္ အေကာင့္ရဲ႕ Archive ကိုေဒါင္းဖို႔အတြက္ Facebook အေကာင့္ရဲ႕ Settings ထဲကိုသြားပါ။ General Account Settings ထဲမွာ “Download a Copy of Your Facebook Data” ဆိုတာကိုႏွိပ္လိုက္ပါ။ ျပီးရင္ “Start My Archive” ဆိုတာကိုႏွိပ္ျပီး စတင္ေဒါင္းႏိုင္ပါျပီ။ ပံုေတြနဲ႔ တစ္ျခား အခ်က္အလက္ေတြကို အဆံုးရွံုးခံႏိုင္ရင္ေတာ့ အေပၚကအခ်က္ကို ေက်ာ္သြားႏိုင္ပါတယ္။

သင့္အေကာင့္ ရဲ႕ Archive ကိုေဒါင္းျပီးတာနဲ႔ ဒီ Link ေလးကိုႏွိပ္လိုက္ပါ။

>>>FB Delete Link<<<

Facebook ကိုအျပီးတိုင္ဖ်က္မယ္ဆိုရင္ေတာ့ Delete Facebook Account ကိုႏွိပ္လိုက္ပါ။ Facebook Account ကို အျပီးတိုင္ဖ်က္ဖို႔အတြက္ေတာ့ ရက္ ကိုးဆယ္ ၾကာျမင့္မွာပါ။ Deactivate ျပဳလုပ္တာနဲ႔ မတူတဲ့ အခ်က္ကေတာ့ Deactivate လုပ္ထားတဲ့အခ်ိန္ သင့္အခ်က္အလက္ေတြကို Facebook ကယူၾကည့္လို႔ရျပီး Delete လုပ္ခိုင္းထားတဲ့အခ်ိန္မွာေတာ့ ဘယ္သူ႔မွ ယူၾကည့္လို႔မရပဲ ရက္ကိုးဆယ္ျပည့္တာနဲ႔ အေကာင့္ကို အျပီးတိုင္ ဖ်က္လိုက္မွာပါ။ ရက္ကိုးဆယ္အတြင္း သင္စိတ္ေျပာင္းသြားရင္ေတာ့ အေကာင့္ျပန္ဝင္ျပီး ပ်က္သြားတဲ့ Data ေတြကို သင့္ Archive နဲ႔ Backup ျပန္လုပ္ႏိုင္ပါတယ္။ Facebook အေကာင့္ကိုမဖ်က္ခင္ ေသခ်ာေတာ့ စဥ္းစားျပီးမွ ဖ်က္သင့္ပါတယ္။ ဖ်က္မယ္ဆိုရင္လည္း Facebook အေကာင့္ရဲဲ႕ Data ေတြကို အေပၚမွာ ေျပာထားသလိုေဒါင္းထားသင့္ပါတယ္။ Facebook အေကာင့္ကိုအျပီးတုိင္ဖ်က္လိုက္တာနဲ႔ သင့္ရဲ႕ Facebook ေပၚက အခ်က္အလက္ေတြကိုဘယ္လိုမွ ျပန္လည္ရယူဖို႔မျဖစ္ႏိုင္ေတာ့လို႔ပါ။

Ref: The Verge

Unicode Version

နာမည်ကျော် Facebook ဆိုတဲ့ Social Media ကြီးအပေါ်လူတွေအမျိုးမျိုးထင်မြင်နေကြပါတယ်။ တစ်ချို့ကတော့ လုံးဝအကောင်းပဲမြင်တယ်။ တစ်ချို့ကတော့ အဆိုးပဲမြင်တယ်။ တစ်ချို့ကတော့ အသုံးပြုတဲ့သူအပေါ်ပဲ မူတည်တယ်လို့မြင်ကြတယ်။ တစ်ချို့ကတော့ Facebook ဟာ လုံခြုံရေးပိုင်းအားနည်းတဲ့အပြင် အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ခိုးယူရောင်းချနေတယ်လို့ဆိုကြပြီး Facebook ကို အပြီးတိုင်စွန့်ခွာဖို့စဉ်းစားနေကြပါတယ်။ ဒါပေမယ့်လည်း သင်ဟာ ဒီအကြောင်းအရာတွေကို Facebook ကြောင့်ပဲ ဖတ်နေရတာရှိပြီး မချစ်ပေမယ့် အောင့်ကာနမ်းတယ်ဆိုသလိုပဲ မကြိုက်ပေမယ့်လည်း ဆက်လက်အသုံးပြုနေရတဲ့ လူတွေအများကြီးပါ။ ဒါပေမယ့်လည်း သင်ဟာ Facebook အပြီးတိုင်စွန့်ခွာတော့မယ်ဆိုရင် သင့် Facebook အကောင့်ကို Deactivate ပြုလုပ်ရုံနဲ့ မရသေးပါဘူး။ သင့်အချက်အလက်တွေဟာ Facebook ပေါ်မှာရှိနေဆဲဖြစ်ပြီး အကောင့်ကိုအပြီးတိုင်ဖျက်ဖို့အတွက် လုပ်ဆောင်ရမယ့်အချက်တွေကိုဖော်ပြလိုက်ပါတယ်။

သင့် Facebook Account ကိုအပြီးတိုင်ဖျက်တော့မယ်ဆိုရင် သင်တင်ထားသမျှပုံတွေနဲ့ အချက်အလက်တွေအကုန်သိမ်းထားချင်ရင်တော့ ဒေါင်းလုဒ်ဆွဲပေးရပါမယ်။ သင်တင်ထားသမျှပုံတွေရယ် Chat History တွေနဲ့ IP Address တွေအကုန်လုံးကိုစုပေးထားတဲ့ Archives File ကိုဒေါင်းလဒ်လုပ်ပေးရမယ်။ သင့် အကောင့်ရဲ့ Archive ကိုဒေါင်းဖို့အတွက် Facebook အကောင့်ရဲ့ Settings ထဲကိုသွားပါ။ General Account Settings ထဲမှာ “Download a Copy of Your Facebook Data” ဆိုတာကိုနှိပ်လိုက်ပါ။ ပြီးရင် “Start My Archive” ဆိုတာကိုနှိပ်ပြီး စတင်ဒေါင်းနိုင်ပါပြီ။ ပုံတွေနဲ့ တစ်ခြား အချက်အလက်တွေကို အဆုံးရှုံးခံနိုင်ရင်တော့ အပေါ်ကအချက်ကို ကျော်သွားနိုင်ပါတယ်။

သင့်အကောင့် ရဲ့ Archive ကိုဒေါင်းပြီးတာနဲ့ ဒီ Link လေးကိုနှိပ်လိုက်ပါ။

>>>FB Delete Link<<<

Facebook ကိုအပြီးတိုင်ဖျက်မယ်ဆိုရင်တော့ Delete Facebook Account ကိုနှိပ်လိုက်ပါ။ Facebook Account ကို အပြီးတိုင်ဖျက်ဖို့အတွက်တော့ ရက် ကိုးဆယ် ကြာမြင့်မှာပါ။ Deactivate ပြုလုပ်တာနဲ့ မတူတဲ့ အချက်ကတော့ Deactivate လုပ်ထားတဲ့အချိန် သင့်အချက်အလက်တွေကို Facebook ကယူကြည့်လို့ရပြီး Delete လုပ်ခိုင်းထားတဲ့အချိန်မှာတော့ ဘယ်သူ့မှ ယူကြည့်လို့မရပဲ ရက်ကိုးဆယ်ပြည့်တာနဲ့ အကောင့်ကို အပြီးတိုင် ဖျက်လိုက်မှာပါ။ ရက်ကိုးဆယ်အတွင်း သင်စိတ်ပြောင်းသွားရင်တော့ အကောင့်ပြန်ဝင်ပြီး ပျက်သွားတဲ့ Data တွေကို သင့် Archive နဲ့ Backup ပြန်လုပ်နိုင်ပါတယ်။ Facebook အကောင့်ကိုမဖျက်ခင် သေချာတော့ စဉ်းစားပြီးမှ ဖျက်သင့်ပါတယ်။ ဖျက်မယ်ဆိုရင်လည်း Facebook အကောင့်ရဲ့ Data တွေကို အပေါ်မှာ ပြောထားသလိုဒေါင်းထားသင့်ပါတယ်။ Facebook အကောင့်ကိုအပြီးတိုင်ဖျက်လိုက်တာနဲ့ သင့်ရဲ့ Facebook ပေါ်က အချက်အလက်တွေကိုဘယ်လိုမှ ပြန်လည်ရယူဖို့မဖြစ်နိုင်တော့လို့ပါ။

Ref: The Verge