Facebook သုံးတဲ့အခါမှာ ကိုယ့် Newsfeed မှာဆိုရင် ဗီဒီယိုဖိုင်တွေ အလိုအလျောက်ပွင့်နေတတ်ပါတယ်။ ဒါဟာ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေသလို ဖုန်းဘေလ်တွေလည်း အများကြီး ကုန်ကျတတ်ပါတယ်။

Android နဲ့ iPhone အသုံးပြုသူတွေရဲ့ ဖုန်းတွေ၊ ကွန်ပျုတာ နဲ့ FB သုံးတဲ့သူတွေ အဲ့လို ဗီဒီယိုဖိုင်တွေကို ပိတ်လို့ရတဲ့ နည်းလမ်းတွေကို ဝေမျှ ပေးချင်ပါတယ်။

Android ဖုန်း အသုံးပြုသူများအတွက်

  • Facebook Account ထဲကို Login ၀င်လိုက်ပါ။
  • ကိုယ့် Newsfeed ရဲ့ ညာဘက်အစွန်ဆုံးမှာ လိုင်းလေး၃လိုင်းပါတဲ့ ခလုတ်ကို ရှာပြီး နှိပ်လိုက်ပါ။

  • ကိုယ့် Profile သွားတဲ့ ခလုတ်တွေ၊ Page တွေ Groups တွေ   ကို ကျော်ပြီး အောက်ကို ဆင်းပါ။ အောက်ဘက်နားမှာ “App Settings”ဆိုတာ တွေ့ရင် နှိပ်လိုက်ပါ။
  • “Auto Play” ကို ၀င်လိုက်ပါ။
  • “Never Autoplay Videos” ကို အမှန်ခြစ်လိုက်ပါ။

တခါတလေ “App Settings” ကိုဝင်ပြီးရင် “Video Auto Play” ကို ရှာလိုက်ပါ။ “Video Auto Play” ကို ၀င်လိုက်ရင်၊ “On”၊ “Wi-fi only” နဲ့ “Off” ဆိုတဲ့ ခလုတ်ကို တွေ့ပါလိမ့်မယ်။ “Off” ကို ရွေးလိုက်ပါ။

(တခါတလေ Facebook Version အပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲမှုရှိပါတယ်။ ဒါပေမယ့် Video ပိတ်တာတွေကတော့ Setting ထဲက Video နဲ့ သက်ဆိုင်တဲ့ ခလုတ်တွေထဲမှာဘဲ ရှိပါတယ်။)

i Phone ဆိုရင်

  • Facebook ထဲက Setting ကိုဝင်ပါ။
  • Auto-Play ကိုဝင်ပါ။
  • On, Wifi-only နဲ့ Off ထဲက “Off” ကို အမှန်ခြစ်ပါ။

(တခါတလေ Facebook Version အပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲမှုရှိပါတယ်။ ဒါပေမယ့် Video ပိတ်တာတွေကတော့ Setting ထဲက Video နဲ့ သက်ဆိုင်တဲ့ ခလုတ်တွေထဲမှာဘဲ ရှိပါတယ်။)

 

Desktop နဲ့ သုံးရင်

  • ကိုယ့် Newsfeed ရဲ့ ညာဘက်ဒေါင့်အစွန်းမှာ အောက်ဆိုဒ်ထားတဲ့ မျှားလေးတွေ့ပါလိမ့်မယ်။ အဲ့မျှားကို ဆွဲချပြီး “Setting” ထဲကို ၀င်ပါ။

  • ဘယ်ဘက်ဒေါင့် အစွန်ဆုံးမှာ “Video” ဆိုတာကို နှိပ်လိုက်ပါ။

  • Video Setting ထဲမှာ Auto Play Video ကို “Off” လုပ်ထားပါ။

(တခါတလေ Facebook Version အပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲမှုရှိပါတယ်။ ဒါပေမယ့် Video ပိတ်တာတွေကတော့ Setting ထဲက Video နဲ့ သက်ဆိုင်တဲ့ ခလုတ်တွေထဲမှာဘဲ ရှိပါတယ်။)