Apple iPhone ပဲဖြစ်ဖြစ် iDevices တစ်ခုခုကို အသုံးပြုနေတယ်ဆိုရင် Apple ID ဖွင့်ထားဖို့က ကျိန်းသေလိုအပ်မှာဖြစ်ပြီးတော့ Google နဲ့ Facebook လိုမျိုးပဲ Apple ကနေ ကိုယ့်ရဲ့ Privacy နဲ့ ပတ်သတ်တဲ့ Data တွေကို ဘယ်လောက်တောင် သိရှိနေသလဲဆိုတာက မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ အဲ့ဒီအတွက်Apple ကနေ အခုအချိန်မှာ အသုံးပြုသူတွေကို သူတို့ရဲ့ Data တွေကို ကြည့်ရှုပြီး Download ရယူခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ Apple ကတော့ အခုလိုမျိုး Download ပြုလုပ်ခွင့်ပေးလိုက်တာက အသုံးပြုသူတွေအနေနဲ့ Apple က ဘယ်လို Information တွေ ရယူထားသလဲဆိုတာကို သိနိုင်အောင် ဆောင်ရွက်ပေးလိုက်တာဖြစ်ပါတယ်။

အခုလိုမျိုး ကိုယ့်ရဲ့ Data တွေကို Download ရယူထားချင်တယ်ဆိုရင်တော့ “Privacy.Apple.com” ကနေ ကိုယ့်ရဲ့ Apple ID နဲ့ Password နဲ့ ဝင်ရောက်ပြီးတော့ ကိုယ့်ရဲ့ Data တွေကို Download ရယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Apple က ကိုယ့်ရဲ့ Account ကို Deactivate ပြုလုပ်ဖို့ ဒါမှမဟုတ် လုံးဝဖျက်သိမ်းဖို့ကိုပါ ပြုလုပ်ခွင့်ပေးထားပါတယ်။

ဒါတင်မကသေးပဲ အဆိုပါ Website မှာပဲ Deactivate ပြုလုပ်ထားတဲ့ Account တွေကို Activate ပြန်လည်ပြုလုပ်နိုင်မယ့် လမ်းညွှန်ချက်တွေကိုလည်း ထည့်သွင်းထားတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ကိုယ့် Account ကို လုံးဝအပြီးဖျက်လိုက်တယ်ဆိုရင်တော့ ဘယ်လိုမှ ပြန်ရှာလို့ရတော့မှာမဟုတ်ပါဘူး။ အဲ့ဒီအတွက် ဒီအချက်ကိုတော့ သတိထားပြီးတော့ မှတ်သားထားဖို့လိုအပ်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Apple ကနေ ရယူထားတဲ့ App Store ၊ Apple Music ၊ Apple Online Store ၊ Apple Retail Store နဲ့တခြား Apple ID Account Info တွေ၊ iCloud Bookmarks တွေ၊ Contact ၊ Calendar အစရှိတဲ့ Data တွေကို ရယူချင်တယ်ဆိုရင် အပေါ်ကပြောထားတဲ့ Website ကနေပဲ စမ်းပြီး Download ပြုလုပ်ကြည့်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple အနေနဲ့ အခုလိုမျိုး ကိုယ့်ရဲ့ Data ကိုတွေက အသုံးပြုနေသလားဆိုတာကို သိနိုင်တဲ့အပြင် Data တွေကိုပါ Download ပြုလုပ်ပြီး သိမ်းထားနိုင်အောင် ဆောင်ရွကပေးထားတဲ့အတွက် Android လိုမျိုး OS တွေနဲ့ ယှဉ်ရင် လုံခြုံရေးပိုင်းမှာ အသာရနေတုန်းပဲဖြစ်ပါတယ်။