­­သင့် ဖုန်း ပျောက်ဆုံးနေရင် ဒါမှမဟုတ် သင့်ကလေး ကျောင်းကနေ အိမ်ကို တန်းမပြန်ဘဲ ဘယ်တွေသွားနေလဲဆိုတာသိနိုင်ဖို့ သူတို့ ဟန်းဖုန်းကို ခြေလျာခံထားလို့ရပါတယ်။

GPS နည်းပညာကို အသုံးပြုပြီး ဟန်းဖုန်းကို ဘယ်နားမှာရှိနေလဲဆိုတာ တိတိကျကျ သိနိုင်ပါတယ်။

Android ဖုန်း ကို ခြေလျာခံခြင်း

  • Android Device Manager ကိုဖွင့်ပါ။

Android Device Manager ဆိုတာ ကိုယ်ပျောက်ဆုံးနေတဲ့၊ အခိုးခံရတဲ့ Android ဖုန်းကို ခြေလျာခံဖို့ တီထွင်ထားတာပါ။

Android Device Manager App မရှိရင် ဒေါင်းလုပ်ခ်ချလိုက်ပါ။ ဒါမှမဟုတ် Web Browser ကနေလည်း ၀င်လို့ရပါတယ်။

  • Log in ၀င်ပါ။

Android Device Manager ကို ဖွင့်လိုက်ရင် ကိုယ့် Google Account ကိုဝင်ဖို့ ပြောပါလိမ့်မယ်။ အဲ့ဒီ Google Account က ကိုယ်အခိုးခံရတဲ့ အကောင့်နဲ့ တူဖို့ အရေးကြီးပါတယ်။

  • ကိုယ့် ဖုန်းကို ရှာပါ။

Android Device Manger ကို Log in ၀င်ပြီးသွားရင် App က ကိုယ့်ဖုန်းရဲ့ နေရာကို ရှာပါလိမ့်မယ်။ ကိုယ့်ဖုန်းရဲ့ နောက်ဆုံး ရှိခဲ့တဲ့ တည်နေရာကို မြေပုံမှ ပြသပါလိမ့်မယ်။ ဖုန်းရဲ့တည်နေရာ အသေစိတ်အချက်အလက်ကိုတော့ မြေပုံရဲ့ ဘယ်ဘက်အပေါ်နားမှာ ပြသပါလိမ့်မယ်။

  • လုပ်ဆောင်မှုကို ရွေးချယ်လို့ရပါတယ်။

ကိုယ့်ဖုန်းက အင်တာနက်မိတဲ့နေရာမှာ ရှိနေရင် အောက်ဖော်ပြပါ လုပ်ဆောင်ချက်တွေကို ရွေးချယ်လို့ရပါတယ်။

ဖုန်းမြည်ခိုင်းခြင်း။ ကိုယ့်အနီးအနားမှာဘဲ ပျောက်နေတယ်ဆိုရင် ဖုန်းကို မြည်ခိုင်းပြီးပြန်ရှာလို့ရပါတယ်။

ဖုန်းကို lock ချခြင်း။ ကိုယ့်ဖုန်းထဲမှာရှိတဲ့အချက်အလက်တွေကို ၀င်ရောက်ကြည့်လို့မရအောင် ကိုယ့်ဖုန်းကို Lock လှမ်းချတာဖြစ်ပါတယ်။

အချက်အလက်တွေ ဖျက်ခြင်း။ ဒီ Option ကတော့ ကိုယ့်ဖုန်းထဲမှာရှိတဲ့ အချက်အလက်တွေကို လုံးဝ ဖျက်ပစ်တာဘဲဖြစ်ပါတယ်။ ဒီ Option မသုံးခင်တော့ သတိထား စဉ်းစားသင့်ပါတယ်။

  • တစ်ယောက်ယောက်ရဲ့ ဖုန်းကို ခြေလျာခံမယ်

အထူးသဖြင့် ကိုယ့်ကလေးတွေရဲ့ ဖုန်းကို ခြေလျာခံပြီး ဘယ်သွားနေလဲဆိုတာ သိနိုင်ပါတယ်။

အဲ့လို ခြေလျာခံနိုင်ဖို့ ထုတ်ထားတဲ့ Apps တွေလည်းအများကြီးရှိပါတယ်။

ကိုယ်ခြေလျာခံချင်တဲ့ စမတ်ဖုန်းမှာ ခြေလျာခံနိုင်တဲ့ App ကို Install လုပ်ထားဖို့တော့လိုပါတယ်။ ဒါကြောင့် ငယ်ရွယ်တဲ့ သားသမီးတွေကို စမတ်ဖုန်းပေးကိုင်တဲ့ မိဘတွေအတွက်ဘဲ အဆင်ပြေမှာပါ။

နာမည်ကြီး Apps တွေကတော့ GPS Tracking Pro (Android) နဲ့ GPS TRACKER (iOS) တို့ ဖြစ်ပါတယ်။

ကိုယ်ခြေလျာခံချင်တဲ့ ဖုန်းထဲကို ခြေလျာခံနိုင်တဲ့ App မထည့်ဘဲနဲ့ တော့ ခြေလျာခံလို့မရပါဘူး။ ခြေလျာခံတယ်ဆိုတာလည်း နိုင်ငံတော်တော်များများမှာ တရားမ၀င်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။