စမတ်ဖုန်းတွေမှာ အမြဲတမ်းလိုလို ကိုယ့်ဖုန်း Gallery ထဲက ဓါတ်ပုံတွေကို မှားယွင်းပြီး ဖျက်မိတာတွေကို ကြုံဖူးကြမှာပါ။ ဒါက မတော်တဆ Gallery မှာ ဓါတ်ပုံတွေကို ထိမိပြီး ဖျက်မိတာဖြစ်နိုင်သလို Cleaner တစ်ခုခုသုံးပြီးတော့ မှားပြီး နှိပ်မိတာကြောင့်လည်း ပျက်သွားနိုင်ပါတယ်။

အခုလိုမျိုး ဖြစ်သွားတယ်ဆိုရင်တော့ ကိုယ့်ရဲ့ အမှတ်တရတွေအကုန်လုံးက ချက်ချင်းပျောက်ဆုံးသွားသလိုမျိုး ခံစားရတာကတော့ လူကြိုက်မကြုံချင်တဲ့ အဖြစ်ဆိုးတစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ ကိုယ့် ဓါတ်ပုံတွေပျက်သွားတယ်ဆိုရင် အခုနည်းတွေနဲ့ ပြန်ပြီး ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

Application နဲ့ ပျက်သွားတဲ့ ဓါတ်ပုံတွေကို ပြန်ရှာပါ။

ကိုယ့်ဖုန်းထဲက ဓါတ်ပုံတွေပျက်သွားတယ်ဆိုတိုင်း ဓါတ်ပုံတွေအားလုံးပျက်သွားတာမျိုးမဟုတ်ပါဘူး။ MicroSD Card ပဲဖြစ်ဖြစ် စမတ်ဖုန်းတွေရဲ့ Storage ပဲဖြစ်ဖြစ် Data တွေက ပြန်ပြီး ရယူလို့ရပါသေးတယ်။ အဲ့ဒီအတွက် အသုံးဝင်တဲ့ ဖျက်မိလိုက်တဲ့ ဓါတ်ပုံတွေကို ရှာဖွေနိုင်တဲ့ Application ကို ရယူနိုင်ပါသေးတယ်။ အဆိုပါ Application နာမည်ကတော့ DiskDigger လို့ ခေါ်ဆိုပြီးတော့ Root မလုပ်ထားရင်လည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Root လုပ်မယ်ဆိုရင်တော့ ဟိုးယခင်ထဲက ဓါတ်ပုံတွေအထိကို ပြန်ပြီးရှာဖွေထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခု DiskDigger App က ဓါတ်ပုံတွေ ပျက်သွားပြီးမှ ပြုလုပ်ရမယ့်အရာဖြစ်ပေမယ့် အခုနောက်ထပ်ပြောပြသွားပေးမှာကတော့ ဓါတ်ပုံတွေ မပျက်သွားအောင် ဘယ်လို Backup လုပ်မလဲဆိုတာပဲဖြစ်ပါတယ်။

ဓါတ်ပုံတွေကို Backup လုပ်တဲ့နေရာမှာ Google Photos Application က နာမည်ကြီးပြီးတော့ လက်ရှိအချိန်မှာ အကောင်းဆုံးသော Photos App တစ်ခုလို့တောင်ပြောလို့ရပါတယ်။ Google Photos မှာ တစ်ခုအားသာချက်ကတော့ High Quality ဓါတ်ပုံတွေကို အကန့်အသတ်မရှိ Backup ပြုလုပ်ထားနိုင်တာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် Google Photos ကို အသုံးမပြုရသေးဘူးဆိုရင် အသုံးပြုဖို့ကို ဒီကနေ ညွှန်းဆိုလိုက်ပါတယ်။