Android ဖုန်းတွေဟာ လုံခြုံမှုမရှိပါဘူး။ Google ကိုယ်တိုင်က Android OS ကို Open Source ပြုလုပ်ထားတဲ့အတွက် Android ဖုန်းတွေဟာ အချိန်မရွေး Website တွေ၊ Application တွေကနေ Virus ဝင်ရောက်နိုင်ပါတယ်။ တကယ်လို့ ကိုယ့်ဖုန်းက Virus တွေဝင်နေပြီးတော့ အသုံးပြုရတာအရမ်းဟန်းနေတယ်ဆိုရင် အခုနည်းနဲ့ အလွယ်တကူဖယ်ရှားနိုင်ပါတယ်။

အလွယ်ဆုံးနည်းလမ်းကတော့ Safe Mode ကို ဝင်ရောက်ပြီး Virus ရှိနေတဲ့ Application ကို ဖယ်ရှားတာပဲဖြစ်ပါတယ်။

Safe Mode ထဲကို ဘယ်လိုဝင်ရမလဲဆိုရင် Power Button ကို ဖိထားပြီး Shutdown Icon ကို အကြာကြီးဖိထားပြီး Reboot to safe Mode ဆိုတဲ့စာတန်းပေါ်လာရင် OK နှိပ်လိုက်တာနဲ့ ဖုန်းက Restart ကျသွားပြီး ဖုန်းက Safe Mode အနေနဲ့ တက်လာမှာဖြစ်ပါတယ်။

အဆိုပါ Safe Mode မှာဆိုရင် Application အများစုကို သုံးစွဲလို့ရမှာမဟုတ်ပါဘူး။ အဲ့ဒီအတွက် Virus ကလည်း အလုပ်လုပ်မှာမဟုတ်တဲ့အတွက် အဲ့ဒီအချိန်မှာ နောက်ဆုံးဖုန်းက Virus မဝင်ခင်သွင်းခဲ့တဲ့ Application တွေကို Setting – Application Manager ကနေ Uninstall သွားလုပ်ရမှာပါ။ များသောအားဖြင့် Virus ပါလာတတ်တဲ့ Application တွေက Play Store ကနေ Download လုပ်ထားတာမဟုတ်ပဲ Zapya ကနေ ကူးထားတဲ့ App တွေ၊ Cleaner App တွေနဲ့ Converter App တွေမှာ အဖြစ်များတာပဲဖြစ်ပါတယ်။

သံသဃရှိနေတဲ့ Application တွေကို Uninstall လုပ်ပြီးပြီဆိုရင် Restart ပြန်လုပ်လိုက်တာနဲ့ ပုံမှန်အတိုင်း ပြန်ပြီး သုံးလို့ရသွားမှာဖြစ်ပါတယ်။ အခုလိုမျိုး Safe Mode ကို ဝင်ရောက်တာက ဖုန်းအများစုအတွက် အဆင်ပြေပေမယ့် အချို့ဖုန်းတွေက Safe Mode ကို ဝင်လို့မရအောင် ပိတ်ထားတာ၊ ဝင်ရတဲ့နည်းစနစ်မတူညီတဲ့အတွက် တကယ်လို့ အခုနည်းနဲ့ Safe Mode ဝင်လို့မရခဲ့ရင် Google မှာ How to enter safe mode ဆိုပြီး ကိုယ့်ဖုန်းနာမည်ရိုက်ထည့်ပြီး ရှာကြည့်ရမှာပါ။

နောက်ထပ် Virus တွေ မဝင်ရောက်အောင် တားဆီးဖို့ဆိုရင် ဖုန်းရဲ့ Setting – Security ထဲမှာရှိတဲ့ Install from unknown Sources ကို အမှန်ခြစ်ဖြုတ်ထားပြီး Google Play Store ကနေပဲ Application တွေကို Download လုပ်တာက စိတ်အချရဆုံးဖြစ်မှာပါ။