Mobile Phones

ဖုန်းမှာ ကြော်ငြာ Pop-up တွေ တက်လာရင် ဒီနည်းတွေနဲ့ ဖြေရှင်းကြမယ်

May 13, 2018

ဖုန်းမှာ ကြော်ငြာ Pop-up တွေ တက်လာရင် ဒီနည်းတွေနဲ့ ဖြေရှင်းကြမယ်

Share this on:

Android ဖုန်းတွေမှာ ဖြစ်လေ့ရှိတဲ့ Error တစ်ခုကတော့ အင်တာနက်သုံးနေတုန်းပဲဖြစ်ဖြစ်၊ ဖုန်းသုံးနေတုန်းပဲဖြစ်ဖြစ် ကြော်ငြာ Pop-up Windows တွေပေါ်လာပြီး ဖုန်းကဘာမှလုပ်လို့မရတော့တာပါ။ အဲ့ဒီလိုဖြစ်ရတာဟာ Virus ကြောင့်လို့ ပြောလို့ရပေမယ့် ဆိုင်သွားပြစရာမလိုပဲ ကိုယ်တိုင်ဖယ်ရှားနိုင်တဲ့နည်းလမ်းအချို့ရှိနေပါတယ်။

ကိုယ့်ဖုန်းရဲ့ DNS – Domain Name Server ကိုပြောင်းပါ

ဒီလိုမျိုး Pop-ups တွေတက်လာတာက Web Browser ကနေ တက်တာများတဲ့အတွက် အခြားသော DNS – Domain Name Server ကိုပြောင်းလိုက်ရင် အဆင်ပြေမှာပါ။ Google Play Store ကနေ DNS Changer app ကို Download ရယူပြီး “Custom DNS” ကနေ DNS 1: 176.103.130.130
| DNS 2: 176.103.130.131 ဆိုပြီးဖြည့်လိုက်ရင် အဆင်ပြေမှာပါ။

Google Chrome Browser မှာ Pop-up ကို ပိတ်ထားပါ။

ကိုယ့်ဖုန်းက Google Chrome Browser ကို အသုံးပြုနေတာဆိုရင် Setting – Site Settings – Pop-ups မှာ Blocked ကိုပြောင်းထားလိုက်ရင် Chrome သုံးနေတုန်း Pop-up တွေတက်လာမှာမဟုတ်တော့ပါဘူး။

နောက်ထပ် Chrome ရဲ့ Data Saver ကို On ထားတာကလည်း Pop-up တွေတက်လာတာကနေ တားဆီးပေးမှာပဲဖြစ်ပါတယ်။

ဒါမှမဟုတ် Opera Mini လိုမျိုး Pop-up & Ads Blocker ပါပြီးသား Browser ကို ပြောင်းပြီး အသုံးပြုတာက အကောင်းဆုံးဖြစ်မှာပါ။

အခုလိုမျိုး Pop-up တွေမတက်လာအောင် ပိတ်ပြီးပြီဆိုရင် ကိုယ့်ဖုန်းထဲမှာ Virus ကျန်ခဲ့မလားဆိုတာကို စစ်ဆေးဖို့ပဲ ရှိတော့မှာဖြစ်ပါတယ်။

Google Play Store ကနေ Malware Cleaner App တစ်ခုခုကို Download ရယူပြီး စစ်ဆေးလိုက်ရင် ရပါပြီ။

အဲ့ဒီအချိန်ကြရင် ဖုန်းကို Reboot ချပြီး ပြန်စမ်းကြည့်လိုက်ပါ။

Review

User Rating

0 (0 Votes)
error: Alert: Copyright © 2018. MyTech Myanmar